Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 21 September 2013

မိုးကုတ်မြို့ မိုးကုတ်ပညာရေး ဌာန၏ မပြင်သေးသော ခေါက် ရိုး...။ အမဲသားသတ်လိုင်စင်ဆွဲယူသူများကို ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို မြို့နယ်အုပ်ချုပ်ရေးမှုးဦးမြင့်စိန်မှ ခေါ်ယူတွေ့ဆုံ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မိုးကုတ်မြို့ မိုးကုတ်ပညာရေး ဌာန၏ မပြင်သေးသော ခေါက် ရိုး

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မိုးကုတ်မြို့ ပညာရေးဌာနမှ ဒုပညာရေးမှူး ဦးသိန်းလှိုင် နှင့်  ပညာရေးမှူး ဒေါ်တင်စိန်  တို့သည်  မန္တလေးတိုင်း ပညာရေးမှူး တို့နှင့်ပူးပေါင်း ၍ မိုးကုတ်မြို့တွင် အသက်အာမခံကြေးများ ဇွတ်သွင်းခိုင်းနေပါသည်။ ပုဂ္ဂလိက အခွင့်အရေး ဖြစ်သော်လည်း ဗီတိုအာဏာသုံး၍ ပေးသွင်းခိုင်းနေပါသည်။ ဤအမိန့်အား ပြင်ဆင်ပေးခြင်း မရှိပါက မိုးကုတ်မြို့ ၏လွှတ်တော် ကိုယ်စားလှယ် ဦး ဘဌေး နှင့် ပူးပေါင်း ဆောင်ရွက်သွားပါမည်။ အဆင်ပြေမှုမရှိပါက လူမှုရေး အဖွဲ့အစည်းများ VOA. BBC.အဖွဲ့အစည်းများ သတင်းဌာနများ  ဒီမိုကရေစီ  အဖွဲ့အစည်းများ  သတင်းဌာနများဖြင့် ပူးပေါင်းဆောင်ရွက်သွားပါမည်။  ပညာရေးဖြင့် ခေတ်မီဖွံ့ ဖြိုးတက်သော နိုင်ငံတော် ကြီး တည်ဆောက်အံ့။ သို့ရာတွင့်အသက်အာမခံကြေး လေးတော့ မဖြစ်မနေ ပေးသွင်းရပါလိမ့်မည်။ မြန်မာနိုင်ငံ၏ပညာရေး လမ်းကြောင်းတွင် ပိတ်ဆို့နေသော မိမိစီးပွားရေးတိုးတက်ရန် ငယ်သားများအား မည်သို့ငွေညှစ်ရမလဲဟု အမြဲတွေးနေတတ်သော ဘေးလွယ်အိတ် အဟောင်းကြီးများအား ရှင်းလင်းဖယ်ရှားပေးရန်  သမ္မတကြီး ဦးသိန်းစိန် အားဤသတင်းဖြင့် ပန်ကြားအပ်ပါသည်။

minmyat555@gmail.com

>>>>>>>>>>>>>>>>>>>>>>>

  အမဲသားသတ်လိုင်စင်ဆွဲယူသူများကို ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို မြို့နယ်အုပ်ချုပ်ရေးမှုးဦးမြင့်စိန်မှ
ခေါ်ယူတွေ့ဆုံ

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒေသခံများနှင့်ပြသနာဖြစ်ပွားနေသည့် အမဲသားသတ်လိုင်စင်ဆွဲယူသူများကို ယနေ့  ၂၀.၉.၂၀၁၃ ရက်နေ့လယ်၁း၀၀ နာရီတွင် ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အစည်းအဝေးခန်းမ၌မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမြင့်စိန်မှ လိုင်စင်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိင်ရန်ခေါ်ယူတွေ့ဆုံခဲ့ကြောင်းသိရသည်။
ဘုန်းဆက်လင်း
မြို့လယ်လမ်း

ကန်ကြီးထောင့်မြို့
၄၉၇၄၀၅၇၆
 
>>>>>>>>>>>>>>>>>>>>>>
 
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)  

No comments:

Post a Comment