Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 21 September 2013

"မ ကွေးမြသလွန် ဘုရားလူကြီးများ ဆိုင်ကယ်စတန်းနှင့် ပေါင်းလုပ်စားနေ">>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  မကွေး  မြသလွန်ဘုရား ဆိုင် ကယ်အပ်နှံရေးသည် ဂေါပကရုံးနှင့် ကပ် လျက်တွင် တည် ရှိပါသည်။ဂေါပကရုံးနံရံတွင် ဆိုင် ကယ် အပ်နှံခ တစ်စီး (၁၀၀) ကျပ် ဟု မြင် သာအောင်ရေးထားပါသည်။ ဆိုင် ကယ်စတန်း အတွင်းတွင် လည်း ဆိုင် ကယ်တစီး အပ်နှံခ (၁၀၀) ဟု ရေးထားပါသေးသည်။ ဆိုင် ကယ်စတန်း လေလံချထားရာ စာချုပ်စာတမ်းပါ စည်းကမ်းချက်တွင် လည်း  တစ်စီး   လျင် (၁၀၀) ကျပ်ထက်ပို မ ကောက်ခံရ။လေလံဖျက်သိမ်းခံရမည်ဟုလည်း ပါရှိသည်ဟု သိရှိရပါသည်။
                          သို့ပါသော်လည်း ဂေါပက အဆက်ဆက် လေလံဆွဲသူများအဆက်ဆက် တွင် ဥပုသ်။လပြည့်။လကွယ် နှင့် နေ့ကြီးရက်ကြီးများတွင်  ၂၀၀ ကျပ်  ကောက်ခံပါသည်။ ဂေါပက လူကြီးများသို့သွားတိုင်ကြားပါသော်လည်း အ ရေးယူ ဆောင် ရွက်ပေးခြင်း လုံးဝ (လုံးဝ) မရှိခဲ့ပါ။ နံရံတဘက်တွင် ဘုရားဖူးများအား  မျက်နှာနေ မျက်နှထား နှင့် ဓမြတိုက်နေခြင်းကို သိသိကြီးနှင့် မသိချင်ယောင်ဆောင်နေ သော မြသလွန်ဘုရား ဂေါပက အဖွဲ့သည် ဘုရားလူကြီး "လုပ်စား" နေခြင်းသာဖြစ်ပါသည်။
                         ဂေါပက အဖွဲ့ ထိပ်ပိုင်းမှ အစိုးရအဖွဲ့ဝင် များ မှလဲ အောက်ခြေမှ ပြဿနာ သေးသေးလေး  များကြောင့်       အဖွဲ့အစည်းဂုဏ်သိက္ခာ မကျဆင်းစေရန်နှင့် မြသလွန်ဘုရားခြေရင်းမှာနေ သော မ ကွေးမြို့သားများပင် စိတ်ချမ်းမြေ့စွာ လာရောက် ဖူးမျော်ခွင့် မရ သောပြဿနာကို       အ လေးအနက်ထားဖြေရှင်းပေးစေလိုပါသည်။
                                        မခံရပ်နိုင်တေါ့သည့် မကွေးသားများ။

>>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)  

No comments:

Post a Comment