Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 24 September 2013

ဝမ်းတွင်းမြို့နယ်၊သဲတောမြို့ မှ မိုးရာသီရေဆိုးထုတ်မြောင်းများတူးဖေါ်ခြင်းကို တတ်ကျွမ်းနားလည်သောပညာရှင်များနှင့်သာဆက်လက်လုပ်ကိုင်ပေးစေလို >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ကျွန်တော်ကတော့ဝမ်းတွင်းမြို့နယ်၊သဲတောမြို့ကဖြစ်ပါတယ်။အခုကျွန်တော်တို့မြို့မှာ မိုးရာသီရေဆိုး ထုတ်မြောင်းများ တူးဖေါ်နေသည့်အတွက်အထူးဝမ်းမြောက်ရပါသည်။သိုရာတွင်လက်ရှိလုပ်ကိုင်နေသော
စည်ပင်အကြံပေးလူကြီးနှင့်အမှတ်(၃)အုပ်ချူပ်ရေးမှုးအပါအ၀င်အခြားဘာတာဝန်မှမရှိသော လူများမှပြည်သူများအားအာဏာပြလာပ်စားပြီးလုပ်ကိုင်နေသောကြောင့်အများပြည်သူ ထိခိုက် နစ်နာမှုများဖြစ်နေရပါသည်။တတ်ကျွမ်းနားလည်သောပညာရှင်မပါသောကြောင့်မြောင်းများကိုဖြစ်သလို တူးဖေါ်နေသဖြင့်မြောင်းများအတွင်းရေများဝပ်ခြင်း၊ကျန်းမာရေးထိခိုက်မှုများဖြစ်နေရခြင်း၊ယခင်ကနှစ်လမ်းသွားလမ်းများမှာယခုကားတစ်စီးတောင်မနည်းမောင်းနေရခြင်း ၊မိမိအိမ်ရှေ့တွင်ရွှံများဗွက်ပေါက်နေသဖြင့်ဖယ်ရှားနေရသောကြောင့်အလုပ်အကိုင်များပျက်ရခြင်း ၊ယခင်ကသွားလာနေသော လမ်းတံတားများကိုဖျက်စီးထားသဖြင့်သွားလာရေးပြသာနာဖြစ်နေရခြင်း ၊စသည်တို့ကြောင့် တတ်ကျွမ်းနားလည်သောပညာရှင်များနှင့်သာဆက်လက်လုပ်ကိုင်ပေးစေလိုပါကြောင်းသက်ဆိုင်ရာဌာန အသီးသီးသို့တိုင်ကြားအပ်ပါသည်။ထို့အပြင်ဘာတာဝန်မှမရှိသော လူ၏ငိုက်ငန်းပြောဆိုသော အပြုအမူများနှင့်အကျင့်ပျက်လုပ်ကိုင်နေသောထိုသူများအားဆိုင်အသီးသီးမှအရေးယူဆောင်ရွက်မှုများလုပ်ဆောင်ပေးရန်နှင့်လက်ရှိတိုးလို့တန်းလန်းလုပ်ကိုင်နေသော အလုပ်များကိုထိုသူများမှတာဝန်ယူပြင်ဆင်ပေးရန်ဥုံမှတဆင့်အကြောင်းကြားအပ်ပါသည်။
မောင်ယဉ်ထွေး
ဖုန်း/09402719816
နိုင်ငံသားအမှတ်-၉/၀တန(နိုင်) 093774

>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) 

No comments:

Post a Comment