Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Monday 16 September 2013

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့၊ မြို့နယ်စည်ပင်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၏ တာဝန်မဲ့သော လုပ်ရပ် အပြုအမူ>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ စည်ပင်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ ဦးဆောင်ကာ
မြို့နယ်လျှပ်စစ်နှင့် ပူးပေါင်း၍  လမ်းဘေးမီးတိုင်များ မီးလင်းစေရန်
တပ်ဆင်ရာ မီးလင်းသောမီးတိုင်းများရှိသလို
မီးမလင်းသောလမ်းမီးတိုင်များလည်
းရှိကြပါသည်။ စတင်တပ်ဆင်ကတည်းက
မီးမလင်းသော မီးတိုင်များမှ မီးမလင်း၍ ပြန်လည်တပ်ဆင်ပေးရန်
လျှပ်စစ်ဝန်ထမ်းဖြစ်သူ မောင်ခိုင်ဇော်လတ်အား ပြောရာ
မြို့နယ်စည်ပင်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်စိုးမှ
မလင်းတာလင်းတာသူ့အပိုင်း မဟုတ်ဘူး တပ်ဆင်ရမှာသူ့အပိုင်း မီးလင်းချင်ရင်
ငွေ ၁၀၀၀ိ/- ပေးရင်ပြန်တပ်ပေးမည်ဟု ဦးမြင့်စိုးမှ ပြောပါသည်။
သို့အတွက်ကြောင့် တချို့ငွေ ၁၀၀၀ိ/- ပေးပြီး တပ်ဆင်ကြသလို
တချို့လည်းတပ်ဆင်ခြင်းမရှိပါ။ ရပ်ကွက်သူ/သားများ ပြောနေကြသည်ကတော့
လမ်းမီးတပ်ဆင် ရန် မီးသီးများ၊ ၀ါယာကြိုးများဝယ်ယူရာ
စည်ပင်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်စိုး၏ “သီဟစတိုး”
ဆိုင်မှဝယ်ယူရပြီး ဦးမြင့်စိုးမှ
မီးသီးအကျွန်းများကိုထည့်သွင်းရောင်းချခြင်းကြောင့် ယခုကဲ့သို့
မီးမလင်းခြင်းဖြစ်သည်ဟု ကြားသိရပါသည်။
သို့ဖြစ်ပါ၍ မြို့စည်ပင်သာယာလှပစေရန် တာဝန်ပေးအပ်ထားသော မြို့ခံဖြစ်သူ
မြို့နယ်စည်ပင်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်စိုးမှ ယခုကဲ့သို့
တာဝန်မဲ့သော လုပ်ရပ် အပြုအမူ အပြောအဆို များအား ပြုမူပြောဆိုနေခြင်းကို
အများသိသာရန်တင်ပြအပ်ပါသည်။
(လိုအပ်သလိုပြင်ဆင်နိုင်ပါသည်။)
ရည်ရွယ်ချက်။    တာဝန်ရှိသူမှ တာဝန်မဲ့စကားပြောခြင်းအား ဆင်ခြင်နိုင်စေရန်၊
ဖွံ့ဖြိုးတိုး တက်မှုနည်းသော ကျွန်တော်တို့မြို့လေး
ဖွံ့ဖြိုးတိုးတက်စည်ပင်လာစေရန်၊ တခြားသော ဋ္ဌာနဆိုင်ရာအကြီးအကဲများ
ဤသတင်းအားကြားသိ၍ အပြော အဆို အနေအထိုင် ဆင်ခြင်နိုင်စေရန် ရည်ရွယ်ပါသည်။
မေတ္တာရပ်ခံချက်။ ဤသတင်းအား မဖြစ်မနေတင်ပေးပါရန် လေးစားစွာအနူးညွှန့်
အကူအညီ တောင်းခံအပ်ပါသည်။

ရိုသေအားကိုးလေးစားစွာဖြင့် -
ဦးအောင်ငြိမ်းဌေး
မြို့မရပ်၊ ဒီပဲယင်းမြို့
09400514185

(တာဝန်သိပြည်သူတစ်ဦး)
 
>>>>>>>>>>>>>>>>>>>>>>>>>
 
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) 

No comments:

Post a Comment