Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 15 September 2013

မကွေးမြို့​နယ်မြင်းကင်းကျေးရွာတွ​င် ကိုယ်ထူကို​ယ်ထလျှပ်စစ်မီးသွယ်တန်းမှု လုပ်ငန်းများကောက်ခံရရှိသောငွေများကို ပွင့်လင်းမြင်သာစွာရှင်းလင်ပေးပါရန်>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မကွေးမြို့​နယ်မြင်းကင်းကျေးရွာတွ​င် ကိုယ်ထူကို​ယ်ထလျှပ်စစ်မီးသွယ်တန်းမှု လုပ်ငန်းများကောက်ခံရရှိသောငွေများကို ပွင့်လင်းမြင်သာစွာရှင်းလင်ပေးပါရန် ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ မကွေးတိုင်းဒေသကြီး မကွေးမြို့​နယ်မြင်းကင်းကျေးရွာတွ​င် (2006/ 2007) ခုနှစ်တွင် ကိုယ်ထူကို​ယ်ထ ကျေးလက်လျှ​ပ်စစ်မီးသွ​ယ်တန်းခွင့်​ရရှိခဲ့ရာ၎င်း​လျှပ်စစ်မီးသွယ်တန်းမှု လုပ်ငန်းများ လုပ်ကိုင်ေ​ဆာင်ရွက်နို​င် ကျေးရွာ ပြည်သူများ​ထံမှ ငွေများ ကောက်ခံခဲ့ပါသည်။ကောက်ခံရရှိငွေ ကျပ်သိန်း (၈၀၀ )ကျော်ခန့်ရရှိခဲ့သော်လည်(သုံးစွဲငွေ/ငွေနှင့်ကျေးရွာံ ပြည်သူများထံမှ ကောက်ခံရရှိသောငွေများကို ကျေးရွာပြည်သူများရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာရှင်းလင်ပေးပါရန်တောင်းဆိုသော်လည်း အုပ်ချုပ်ရေးမှုး ဦးနန်းလှိုင် ဦးဆောင်သော မီးလင်းရေးကော်မတီအဖွဲ့ကို အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့သော်လည်း ယနေ့အချိန်ထိဖြေရှင်းမပေးဘဲကျေးရွာပြည်သူများကို မထေမဲ့မြင်ပြုမူနေပါသည်။ သို့ဖြစ်ပါ၍ အထက်ပါအကြောင်း အရာကိစ္စနှင့်ပါတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိ လူကြီးမင်းများမှဖြေရှင်းပေးပါရန်နှင့် နိုင်ငံတော် သမ္မတကြီး သိရှိစေရန်တိုင်ကြားအပ်ပါသည်။ တက်တိုး (မကွေး ) ph.09401560405 >>>>>>>>>>>>>>>>>>>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment