Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 26 September 2013

ဟိုပုံးမြို့နယ် (ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) မှ PNA (အသွင်ပြောင်းပြည်သူ့စစ်) ကျော်စိုးခိုင် ငွေထပ်တောင်းပြန် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

၁၈.၉.၂၀၁၃ ညနေ (၅)နာရီ အချိန်တွင် PNA (အသွင်ပြောင်းပြည်သူ့စစ်)မှ ကျော်စိုးခိုင်သည် ဟိုပုံးမြို့နယ် (ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) ၊  စငေါကျေးရွာအုပ်စု၊ ဒုံကောင်ရွာနေ ဦးခွန်အောင်သန်း + ဒေါ်မွိုးဒွန်း ထံ မှ ငွေကျပ် နှစ်သိန်းခွဲကို ဒုံကောင်ကျေးရွာ၊ အ.မ.က ကျောင်းအုပ်ဆရာမ ဒေါ်စန္ဒာထွေး နေအိမ်တွင် လာရောက်တောင်းယူသွားကြောင်း၊ ကျော်စိုးခိုင် မှာ အရက်သေစာများ သောက်စားထားပြီး အမူးလွန်နေကြောင်း၊ ဦးခွန်အောင်သန်းမှ ငွေကြေးမတက်နိုင်၍ တစ်သိန်းခွဲသာပေးလိုက်ရကြောင်း၊ ၎င်း ကိုယ်တိုင် မပေးရဲ၍ သမီးကြီးဖြစ်သူ နန်းတီးကူး မှ တဆင့် ပေးလိုက်ရကြောင်း သိရှိရပါသည်။
PNA (အသွင်ပြောင်းပြည်သူ့စစ်) မှ ကျော်စိုးခိုင် ကို ဦးခွန်အောင်သန်း + ဒေါ်မွိုးဒွန်း ၏ သား ခွန်ဝင်းလှိုင် အား ခြိမ်းခြောက်ရိုက်နက် ငွေတောင်းသဖြင့် ၁၆.၉.၂၀၁၃ ရက်နေ့၌ ဟိုပုံးမြို့နယ် ရဲစခန်း၌ (ပ)၉၃/၂၀၁၃  ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၅/၅၀၆ ဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း၊ ၎င်း အမှုကိစ္စကို ဟိုပုံးမြို့နယ် ရဲစခန်း ဒုရဲအုပ် ပေါစံ မှ ကိုင်တွယ်လျက်ရှိပြီး PNA (အသွင်ပြောင်းပြည်သူ့စစ်) ကျော်စိုးခိုင် အား တစ်စုံတစ်ရာ အရေးယူမှု မရှိသေးကြောင်း၊ ခွန်ဝင်းလှိုင် မှာ ဟိုပုံးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရပြီး နံရိုးအနည်းငယ် အက်သွားကြောင်း ဒေသခံ သတင်းများအရ စုံစမ်းသိရှိရသည်။ဟိုပုံးမြို့၊ စငေါကျေးရွာအုပ်စု၊ စငေါ အခြေခံပညာအထက်တန်း  ကျောင်းခွဲသည် ကျောင်းဆက်မတက်လိုလျှင်ဒဏ်ငွေခြောက်သိန်း  ပေးဆောင်ရကြောင်း၊ ဦးခွန်အောင်သန်း + ဒေါ်မွိုးဒွန်း ၏ သမီး နန်းခင်ကြည် ကျောင်းဆက်မတက်နိုင်၍ ဒဏ်ငွေမပေးဆောင်နိုင်ရာမှ  အစ်ကို ဖြစ်သူ ခွန်ဝင်းလှိုင် အား PNA (အသွင်ပြောင်းပြည်သူ့စစ်)မှ ကျော်စိုးခိုင် က ရိုက်နက်ငွေတောင်းခဲ့ခြင်းဖြစ်ကြောင်း၊ သုံးသိန်းခွဲသာ ပေးနိုင်၍ ကျန်ငွေ နှစ်သိန်းခွဲကို (၁၈.၉.၂၀၁၃) တွင်ပေးဆောင်ရန် ခြိမ်းခြောက်ထားခြင်း ဖြစ်ကြောင်း၊ ယခု လာရောက် တောင်းယူ၍ တစ်သိန်းခွဲ သာပေးလိုက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။“ကျွန်တော်တို့လည်း ဒီကိစ္စ အရမ်းစိတ်ဝင်စားနေမိတယ်။ သက်ဆိုင်ရာက ဘယ်လိုကိုင်တွယ်ကြမလဲ တော့မသိဘူး။ ဒီကိစ္စ ရဲ့ နောက်ကွယ်မှာ မမြင်ရတဲ့ လျှို့ဝှက်ချက်တွေ အများကြီးပဲဗျ။ ပြောရရင်တော့ သိပ်မကောင်းဘူး။ အပျက်အပျက်နဲ့  နှာခေါင်းသွေးထွက်တော့မှာပဲ။ ကျောင်းကော်မတီက စေတနာနဲ့ လုပ်တာမှန်ပေမယ့်လည်း ခေတ်ပြောင်းသွားပြီလေဗျာ။ပြီးတော့ ငွေခြောက်သိန်းဆိုတာ ရွှေတစ်ကျပ်သားပဲဗျ။ ငွေကြေးမတက်နိုင်လို့ ကျောင်းမထားနိုင်ဘူးဆိုခါမှ ခြောက်သိန်းကြီး ထပ်ပေးရမယ်ဆိုရင် ဘယ် အဆင်ပြေမလဲဗျာ။ ပြင်သင့်နေပါပြီ။” ဟု ဒေသခံ တစ်ဦးမှ ပြောကြားခဲ့သည်။
ဒီမိုကရေစီ အကူးအပြောင်း ကာလတွင် ယခုကဲ့သို့သော အစိုးရအာဏာသက်ရောက်မှု မရှိသေးသော ဒေသအများအပြား ကျန်ရှိနေသေးကြောင်း၊ ယခု အခြေအနေမျိုးသာ ရှေ့ဆက်သွားနေမည်ဆိုပါက ပြည်သူများအနေဖြင့် အစိုးရအပေါ် အယုံအကြည်ကင်းမဲ့လာမည်ဖြစ်ကြောင်း၊ လက်ရှိအစိုးရနှင့်  ဒေသတွင်း နိုင်ငံရေးပါတီများမှလည်း အထူးပင်တာဝန်ရှိပါကြောင်း နိုင်ငံရေး လှုပ်ရှားတက်ကြွ လူငယ်တစ်ဦးမှ စာရေးသူအား ပြောကြားခဲ့သည်။
လက်ရှိ ဟိုပုံးမြို့(ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ)တွင် နိုင်ငံရေးပါတီ ငါးခုရှိပြီး ၎င်း ပါတီများမှာ
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊
တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ (တ.စ.ည) နှင့်
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ)  တို့ဖြစ်ကြောင်း သိရှိရသည်။
 
saisanwinbo@gmail.com
 
>>>>>>>>>>>>>>>>>>>
 
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)   
 

No comments:

Post a Comment