Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Monday, 30 September 2013

မန္တလေးမြို့မှာမျက်ရည်မိုးတွေနဲ့ပြည့်လျံသွားအောင် လိမ်လည်သွားသူတစ်ယောက်အကြောင်း>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မန္တလေးမြို့ရဲ့ကားလောကကြီးကိုဖျက်စီးသွားတဲ့ကျော်ခိုင်စိုး(ခ)နားကွင်းကျော်ကြီးရဲ့ ရက်ရက်စက်စက်ပါနီးစပ်ရာအားလုံးကိုတစ်ယောက်မကျန်လိမ်လည်ပြုမူသွားခဲ့ပါတယ်။ကားလောကနဲ့ မဆိုင်သူတွေကိုလည်းရွာမှစပါးရောင်းလယ်ရောင်းအိမ်ပေါင်ခိုင်းပြီးထိုငွေတွေကိုပါသိမ်းကျုံး လိမ်လည်သွားပါတယ်။ စုစုပေါင်းသိန်းပေါင်းလေးသောင်းကျော်လိမ်လည်ခဲ့ပါတယ်။မန္တလေး
ကကားဟောင်းရောင်းတဲ့သူတွေရောကားအသစ်ဝယ်သူတွေပါသူ့ကြောင့်ဒုက္ခရောက်နေကြရပါတယ်။
ကားအသစ်ဝယ်တဲ့သူများကိုငွေပေးချေစေပြီးကားစာအုပ်ဖိုး၁၀သိန်းသိန်း၂၀ချန်ကာ
အေ ရာင်းအဝယ်ပြုလုပ်ထားပြီးယခုအခါကားအသစ်များကိုရန်ကုန်ကုမ္ပဏီကြီး
များကငွေမပေးရသေးသောကားများရှိနေသေးကြောင်းသိရသဖြင့်ကားအသစ်ဝယ်ထားသူများမှာလဲ
နောက်ထပ်ကားတစ်စီးဖိုးလောက်ပေးရမလိုဖြစ်နေပါတယ်။ကားဖိုငွေများကိုလဲသူကလုံးဝပေးချေမှုမရှိသ
လောက်ဖြစ်နေပါတယ်။ကားဟောင်းဝယ်ပေးတဲ့သူများမှာလဲရင်းနှီးငွေကုန်လို့နောက်ထပ်ရင်းနှီးငွေမရှိသူများထမင်းအိုးကွဲသလိုဖြစ်နေပြီးအခံရခက်နေကြပါတယ်။ထွက်ပြေးပုန်းရှောင်နေ တဲ့ကျော်ခိုင်စိုး(ခ)နားကွင်းကျော်ကြီးမိသားစုကတော့သူဌေးကြီးတွေအဖြစ်နေကြ
ပါတယ်။သူ့ဇနီးမစုစုချော(ခ)မချောသမီးပီတိခင်နဲ့သားထူးမြတ်မောင်တို့ကရန်ကုန်မှာနေပြီးILBCမှာ
ကျောင်းတတ်ရင်းပညာသင်ကြားနေကြပါတယ်။သူတို့မိသားစုဝင်တွေကတော့အေးအေးဆေးဆေးနေနိုင် ချိန်မှာမန္တလေးမရှိတဲ့အလိမ်ခံရသူများရဲ့မိသားစုဝင်တွေကတော့မျက်ရည်မိုးတွေနဲ့ ပူဆွေးသော ကရောက်နေကြရပါတယ်။ ကိုကျော်ခိုင်စိုး(ခ)နားကွင်းကျော်ကြီးမှတ်ပုံတင်အမှတ်၉/ပမန(နိုင်)၀၀၀၁၀၃အဘဦးထွန်းမြင့်ကိုတွေ့လျှင်အကြောင်းကြားကြပါရန်နှင့်အများပြည်သူများအလားတူ လိမ်လည်မှုများသတိထားရှောင်ကျဉ်နိုင်ကြပါရန်ဖော်ပြလိုက်ရပါတယ်အသေးစိပ်သိရှိ
လို၍ဖြစ်စေအကြောင်းကြားလို၍ဖြစ်စေ
ဒေါ်သန်းသန်းဝင်း
 ၂၅လမ်း၈၄လမ်းနှင့်၈၆လမ်းကြားဒါးတန်းရပ်
ဖုန်း၀၉၂၀၆၃၆၅၅သို့ဆက်သွယ်အကြောင်းကြားမေးမြန်းနိုင်ပါသည်။

>>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment