Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday, 5 September 2013

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီကျေးရွာဖောင်တော်သီကျေးရွာတွင် စိုက်ပျိုးစရိတ် ချေးငွေနှင့်ပတ်သတ်၍ ငွေပိုများ ကောက်ခံလျက်ရှိကြောင်းနှင့် ဖုန်းကဒ်အပြည့်အဝ မဲမဖောက်ပေးသည့်ကိစ္စ တင်ပြခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ  ၃၀ ရက်အကြောင်းအရာ။ ဖောင်တော်သီကျေးရွာတွင် စိုက်ပျိုးစရိတ် ချေးငွေနှင့်ပတ်သတ်၍ ငွေပိုများ ကောက်ခံလျက်ရှိကြောင်းနှင့် ဖုန်းကဒ်အပြည့်အဝ မဲမဖောက်ပေးသည့်ကိစ္စ တင်ပြခြင်း။
၁။       အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီ ကျေးရွာတွင် ကျေးရွာဘဏ်တာဝန်ခံသည် ဘဏ်စာရင်းသွင်းရာတွင် ၂၀၀၀/- ကျပ်နှုန်းနှင့် ဘဏ် စာအုပ်ပြုလုပ်ရာတွင် ၅၀၀၀/- ကျပ်နှုန်း ကောက်ခံလျက်ရှိပါသည်။ ၂၈.၈.၂၀၁၃ ရက်နေ့တွင် ဒိုက်ဦးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဘဏ်ချေးငွေ ထုတ်ချေးရာတွင် ကျေးရွာဘဏ်  တာဝန်ခံနှင့် ကျေးရွာအုပ်ချုပ်ရေးအ‌ထောက်အကူအဖွဲ့တို့သည် လယ်သမားများထံမှ ၁၀ ဧက အထက် တစ်ဦး လျှင် ၁၅၀၀၀/- ကျပ်နှုန်း ၁၀ ဧက အောက် လယ်သမားများထံမှ ၁၀၀၀၀/- ကျပ်နှုန်း ထပ်မံ ကောက်ခံလျက်ရှိပါသည်။ မည်သည့်အတွက်ကြောင့် ကောက်ခံရသည်ကိုလည်း ရှင်းပြပြောဆို ခြင်းမရှိပါ။
၂။       ထိုနေ့ ၂၈.၈.၂၀၁၃ ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဖုန်းမဲနှိုက်ရပါသည်။ မြို့နယ်မှ ဖုန်းကဒ် (၂၀) ပေးသော်လည်း ၁၈ ကဒ်သာမဲဖောက်ပါသည်။ ကျန် ၂ ကဒ်ကို အုပ်ချုပ်ရေးအပိုင်းမှ ယူသည်ဟုသိရပါသည်။ ယခင်အခေါက်ကလည်း အုပ်ချုပ်ရေးဝေစုအဖြစ် ယူသည်ဟုသိရပါသည်။
၃။       သို့ပါသောကြောင့် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီကျေးရွာရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တာဝန်ခံနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံတင်တို့၏ အဂတိလိုက်စားမှုအား တားဆီ:ဖော်ထုတ်ပေးပါရန် အစီရင်ခံတင်ပြအပ်ပါသည်။
ဖောင်တော်သီကျေးရွာသူ/ သားများ

 >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment