ရန်ကုန် - ပြည် - မန္တလေးလမ်း ( ရေနံချောင်း
မြို့ရှောင်လမ်း ) ကျောက်ကတ္တရာ ခင်းခြင်းလုပ်ငန်းအတွက်
လမ်းခင်းကျောက်မျိုးစုံနဲ့ မြေနီကျောက်စရစ်သွင်းခြင်း Open တင်ဒါ ပွဲပျက် ရက်ရွှေ့သွားရခြင်း အကြောင်း
ကျွန်တော်တို့ရဲ့ ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတော်ကို သမ္မတကြီးဦးဆောင်ပြီး အလျင်အမြန်
တိုးတက်အောင် ပွင့်လင်းမြင်သာအောင် အင်တိုက်အားတိုက်
ဆောင်ရွက်နေကြတဲ့ အချိန်မှာ အဖြစ်က ဒီလိုပါ. . .
ရေနံချောင်း မြို့ရှောင်လမ်း
လမ်းခင်းကျောက်သွင်းခြင်း Open တင်ဒါကို နိုင်ငံပိုင် သတင်းစာမှ
တရားဝင် ခေါ်ယူပြီး 24.9.2013 ရက်နေ့စွဲဖြင့် ရေနံချောင်း မြို့နယ်
အင်ဂျင်နီယာရုံးမှာ တင်ဒါဖွင့်ပွဲကျင်းပရန်
စီစဉ်ထားခြင်းဖြစ်ပါတယ်
တင်ဒါစိတ်ဝင်စားသူများမှာ တင်ဒါလျှောက်လွှာများ ဝယ်ယူ၍ ချောက်မြို့မြန်မာ့စီးပွားေ ရးဘဏ်
မှာ တင်ဒါ အာမခံကြေး ကျပ်သိန်း ၅၀၀ စီ ပေးသွင်းကြ၍ တင်ဒါပြိုင်ပွဲ
စည်းမျဉ်းစည်းကမ်းများကို အပြည့်အဝ လိုက်နာခဲ့ကြပါတယ်။
သတ်မှတ်ရက်ဖြစ်တဲ့ 24.9.2013 မှာ ရေနံချောင်းမြို့နယ် အင်ဂျင်နီယာရုံးသို့ မြန်မာပြည်အနှံ့မှ တင်ဒါစိတ်ပါဝင်စားသူ လုပ်ငန်းရှင် ၁၈ ဦး တက်ရောက်ခဲ့ကြပြီး မျှော်လင့်ချက်ကိုယ်စီဖြင့်  ဝင်ရောက်ယှဉ်ပြိုင်ရန်
တက်ကြွနေကြချိန်၊ သက်ဆိုင်ရာ အင်ဂျင်နီယာကြီးများလည်း စုံလင်စွာ
ရောက်ရှိနေကြပြီးသောအချိန် ၊ တင်ဒါဖွင့်ပွဲ
စတင်ကျင်းပမည့်အချိန် မနက် ၉ နာရီတွင်မှ မကွေးခရိုင်
အထွေထွေအုပ်ချုပ်ရေးရုံးမှ ဒု ထွေအုပ် ရောက်ရှိလာပြီး
တင်ဒါစိစစ်ရေးကော်မတီဥက္ကဌြ ဖစ်သူ မကွေးခရိုင်ထွေအုပ်မှူးကြီး မှာ မအားလပ်ပါသဖြင့်ဆို၍ တင်ဒါဖွင့်ရက်ကို 1.10.2013 သို့ ပြီးစလွယ် ရက်ရွှေ့လိုက်ပါတယ်။
တင်ဒါစိတ်ဝင်စားသူများမှာ တင်ဒါလျှောက်လွှာများ ဝယ်ယူ၍ ချောက်မြို့မြန်မာ့စီးပွားေ
သတ်မှတ်ရက်ဖြစ်တဲ့ 24.9.2013 မှာ ရေနံချောင်းမြို့နယ် အင်ဂျင်နီယာရုံးသို့ မြန်မာပြည်အနှံ့မှ တင်ဒါစိတ်ပါဝင်စားသူ လုပ်ငန်းရှင် ၁၈ ဦး တက်ရောက်ခဲ့ကြပြီး မျှော်လင့်ချက်ကိုယ်စီဖြင်
အဲဒီတော့ ဘာတွေဖြစ်ကုန်ကြသလဲ???
ဘာဖြစ်ကုန်ကြသလဲဆိုတော့ လုပ်ငန်းရှင်များအချို့ရဲ့ ဝေဖန်သံတွေ၊ စိတ်ပျက်ညည်းတွားသံတွေပေါ့ ဗျာ။ ။
ဘာဖြစ်ကုန်ကြသလဲဆိုတော့ လုပ်ငန်းရှင်များအချို့ရဲ့ ဝေဖန်သံတွေ၊ စိတ်ပျက်ညည်းတွားသံတွေပေါ
"နိုင်ငံပိုင်သတင်းစာမှာ တရားဝင် Open တင်ဒါ ခေါ်ယူပြီး
တက်ရောက်လာတဲ့ အင်ဂျင်နီယာကြီးများနဲ့ လုပ်ငန်းရှင် ၁၈
ဦးတို့အပေါ် တင်ဒါစိစစ်ရေး အဖွဲ့ဝင်တွေက တမင်တကာ
အရူးလုပ်လိုက်တာလား" တဲ
့
လုပ်ငန်းရှင်တစ်ဦးကလည်း " တင်ဒါပြိုင်တဲ့သူ တစ်ယောက် သိန်း ၅၀၀၊ ၁၈ ယောက်ဆိုတော့ သိန်း ၉၀၀၀ နဲ့ တင်ဒါအာမခံကြေးသွင်းပြီး ပြိုင်ရတာကို ကလေးကစားစရာ အလုပ်ကျနေတာပဲ အချိန်ကုန် ခရီးစရိတ်ကုန် လူပန်းရုံမက လူတောင် ငပေါဖြစ်သွားတယ်" လို့ ဆိုပါတယ်။
့
လုပ်ငန်းရှင်တစ်ဦးကလည်း " တင်ဒါပြိုင်တဲ့သူ တစ်ယောက် သိန်း ၅၀၀၊ ၁၈ ယောက်ဆိုတော့ သိန်း ၉၀၀၀ နဲ့ တင်ဒါအာမခံကြေးသွင်းပြီး ပြိုင်ရတာကို ကလေးကစားစရာ အလုပ်ကျနေတာပဲ အချိန်ကုန် ခရီးစရိတ်ကုန် လူပန်းရုံမက လူတောင် ငပေါဖြစ်သွားတယ်" လို့ ဆိုပါတယ်။
ပြည်သူ့ဘဏ္ဏာငွေ နိုင်ငံ့ဘဏ္ဏာငွေကို အသုံးပြုမယ့် Open
တင်ဒါရဲ့ နိုင်ငံတော်ကိုယ်စား လုပ်ငန်းအပ်နှံမယ့်သူ ဒု
အင်ဂျင်နီယာမှူးကြီးနဲ့ အင်ဂျင်နီယာများမှ လုပ်ငန်းရှင်များနဲ့အတူ
တလေးတစားတက်ရောက်ပါလျက် တင်ဒါဥက္ကဌကြီး (ခရိုင်အုပ်ချုပ်ရေးမှူး)က
မရိုးမသား လုပ်ချင်တာလား?
စိတ်ပျက်တယ်ကွာ ပထမအစီအစဉ် ချောက်မြို့နယ်
အင်ဂျင်နီယာရုံး၊ ဒုတိယအစီအစဉ် ရေနံချောင်းမြို့နယ်
အင်ဂျင်နီယာရုံး၊ 1.10.2013 ကျ မကွေးခရိုင်အုပ်ချုပ်ရေးရုံးဆိုတော့ တဖြည်းဖြည်းနဲ့ သူ့အိမ်ခေါ်သွားတာပါကွာ
လုပ်ငန်းရှင်တစ်ဦးမှလည်း " ဒီတင်ဒါ ရိုးသားခြင်း ရှိ၊ မရှိကို သူပြန်ချိန်းတဲ့ 1.10.2013 မှ စောင့်ကြည့်ရတော့မှာပဲ"ဆို ပြီး ပြန်သွားလေရဲ့။
ဒီလိုမျိုးတွေဖြစ်တော့ ဒီတင်ဒါကို မယုံကြည်
စိတ်ပျက်တဲ့ လုပ်ငန်းရှင်နှစ်ဦးကလည်း သူတို့ တင်ဒါအာမခံကြေး
သိန်းငါးရာစီ ပြန်ထုတ်ယူပြီး ပြိုင်ပွဲမှ နှုတ်ထွက်သွားပါတယ်။
ပွင့်လင်းမြင်သာတဲ့ ခေတ်စနစ်ဆီကို ဦးတည်သွားနေတဲ့ အချိန်မှာ ဒီလိုမျိုး ခေတ်နောက်ပြန်ဆွဲလိုတဲ့သူ တွေ ရှိနေတာဟာ ဖွံ့ဖြိုးတိုးတက်ခေတ်မီတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက် ရေး
လုပ်ငန်းစဉ်မှာ အနှောင့်အယှက်ဖြစ်ရသလို တစ်ဖက်ကကြည့်ရင်လည်း
အမှန်တကယ် ရိုးသားမှုမရှိဘူး ဆိုခဲ့ရင် နိုင်ငံပိုင် ဘဏ္ဏာငွေအတွက်
အင်မတန်နစ်နာပါတယ်။ ပြည်သူလူထုအတွက်လည်း နစ်နာပါတယ်။
တင်ဒါစနစ်ရဲ့ သဘောတရား အရ မှန်မှန်ကန်ကန် အနိုင်ရမယ့်သူတစ်ဦးကို
ဘယ်သူမဆို ကြိုဆိုကြမှာပါ။
( ဥုံ မှ Adnin ခများ ကျွန်တော့်ရဲ့စာကို ယုံကြည်စွာဖြင့် ထည့်သွင်းပေးပါရန် တောင်းဆိုပါတယ်)
ကိုသက်နိုင်ဦး
၀၉ ၄၀၁၅၁၀၃၁၄
၀၉ ၄၀၁၅၁၀၃၁၄
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက
>>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို
ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊
ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန်
ရည်ရွယ်သည်)
No comments:
Post a Comment