နေပြည်တော် လေယာဉ်ကွင်း Pioneer အောက်ချေဝန်ထမ်းများ နှိပ်ကွတ်ခံနေရ...
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျွန်တော်ရင်ဖွင့်စာလေးတစ် စောင်တင်ခွင့်ပြုပေးပါခင်ဗျ
နေပြည်တော် လေယာဉ်ကွင်း
Pioneer အောက်ချေဝန်ထမ်းတွေဟာ အခွင့်ရေးတွေကိုတိုးပြီး တောင်းလာမှာကိုကြောက်ပြီးတော့ ငယ်သားတွေကို အရမ်းနှိတ်ကွတ်နေပါသည်။ အလုပ်ဆင်းတဲ့အချိန်နာရီကိုလဲ လိမ်ပြောခိုင်းပါသည်။ အထက်လူကြီးတွေလာမေးတဲ့အခါ လိမ်ပြောရမယ်မပြောရင် အလုပ်ဖြုတ်မယ်လို့ပြောပါသည်။ လက်ရှိအခြေနေကတော့ ကျွတော်တို့နဲ့ လစာထထက်ဝက်ကွာ လုပ်ငန်းတူရာထူးတူလုပ်သားများလဲ ရှိနေပါသည်။ဒီဖြစ်စဉ်ကို လူကြီးမင်းများတန်းတူညီမျှရေး ကူညီပေးစေလိုပါသည်။
''''''''''''''်ကျော်သူ '''''''''' '်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာကို နည်းနည်းလေးတော့ လှည့်ကြည့်ပါဦးလား ခင်ဗျာ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သို့/-
သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများခင်ဗျား
ကျွန်တော်တို့ကတော့ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာမှ ရွာသားများဖြစ်ပါတယ်
ကျွန်တော်တို့တင်ပြချင်တာကတော့ ဝမ်းဘဲအင်းကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးမရှိသည်မှာ တစ်လကျော်လို့ နှစ်လထဲ ရောက်နေပါပြီ။
အုပ်ချုပ်ရေးမှူးက သေဆုံးသွားတာပါ။
ယခု အုပ်ချုပ်နေတာက ထွေ/အုပ်က စာရေးမ ကျေးရွာရပ်မိရပ်ဖနှင့် (ဆယ်အိမ်စုမှူး ၈၀%လောက်မသိဘဲ ဖွဲ့စည်းထားတဲ့) ရပ်ကျေးအထောက်အကူပြုအဖွဲ့ တွေပါ။
*[1] july လကsimcard ရောင်းပေးတုန်းက ကဒ် ၅၀ ကိုသာ ရွာသားတွေကို မဲနှိုက်ပေးပါတယ်။ ၁၀ကဒ်ခန့်က ကြံ့/ဖွံ့က ကိုကိုက လက်ဆောင်ရတယ် ဆိုပြီး ရပ်မိရပ်ဖတောင်မသိပဲ ရပ်ကျေးအထောက်ကူပြုအဖွဲ့က ဝေယူလိုက်ပါသည်။
*[2] august လကsimcard ရောင်းပေးတော့လည်း ကဒ် ၄၀ ကိုသာ မဲ နှိုက်ပေးပါတယ်။ ၁၀ ကဒ်ကိုတော့ ရပ်မိရပ်ဖတချို့ ( နှုတ်ပိတ်ခ)- ယခင်ရာအိမ်မှူးအဟောင်းတချို့- နှင့်၎င်းတို့၏ အပေါင်းအပါ (အရက်ဝယ် ကြက်ဖမ်း )များ ဝေယူလိုက်ပါသည်။
ကျွန်တော်တို့ရွာ၏ သမိုင်းဝင်ဒေးစွန်ပါဘုရား သာသနမြေ၌ သီတင်းသုံးနေသော ဘုန်းတော်ကြီးကျောင်းများ မဲနှိုက်စာရင်းတွင်မပါပါ။ အကြောင်းလည်း မကြားပါ။
"အင်တာနက်ပေါ်တင်လည်းဂရုမစိုက်ဘူး
မင်းတို့မှာ ဘာသတ်သေအထောက်အထားရှိလို့လဲ"ဆို ပြီး ရပ်မိရပ်ဖ အငယ်ကောင် ကပြောပါသည်။
နောက်လ simcard ကျရင်လည်း သူတို့တွေ ယူဦးမှာပါ။
{အကြံပြုချက်}
** အဲဒီတော့ သူတို့အဖွဲ့ဝင်တွေ အားလုံးကို အရင် ဦးစွာ ပထမ ပေးလိုက်ပါ။ သူတို့ အားလုံး ရပြီးမှသာ ရွာသားတွေကို ပေးလိုက်ပါ။ ဒါမှ နောက်လတွေ simcard ကျလာရင် ဝင်မရှုပ်မှာ။ မကောင်းဘူးလား။ ဆက်သွယ်ရေးဝန်ကြီးကလည်း ပြောထားတယ်လေ" ပြည်သူတွေ မလိုချင်တော့တဲ့ အချိန်ထိ ပေးမှာ"လေ။
simcard မဲပေါက်သူတွေဆီက လမ်းစရိတ် ၁၀၀၀ိ/ ၁၅၀၀ိ/ တောင်းတာကတော့ ရှင်းပါတယ်
"မင်းတို့တွေ ကိုယ့်ဘာသာကိုယ် ဆက်သွယ်ရေးရုးံမှာ SIMCARD သွားထုတ်ရင်ထုတ် မထုတ်ရင် ငါတို့သွာံးထုတ်ပေးမယ် လမ်းစရိတ်ပေး" တဲ့။
(ဆက်သွယ်ရေးရုံးက အစ်ကို အစ်မတွေ ကရော ရွာက simcard မဲပေါက်တဲ့လူတွေကို တစ်ယောက်ချင်းစီ ထုတ်ပေးမယ်လို့ ပြောမိလို့လားဗျာ)
ဒီ့ထက်မကတဲ့ အရှုပ်များရှိနေတဲ့ ကျွန်တော်တို့ "ဝမ်းဘဲအင်း" ဆိုတဲ့ရွာလေးကို သက်ဆိုင်ရာ လူကြီးမင်းများက •L-ဆိုင်းဇီ • ဆိုသလို
"လှည့်ကြည့်ပါဦးလား" ဗျာ။
www.bagothar99@gmail.com
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

"အင်တာနက်ပေါ်တင်လည်းဂရုမစိုက်ဘူ
မင်းတို့မှာ ဘာသတ်သေအထောက်အထားရှိလို့လဲ"ဆို

No comments:
Post a Comment