Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 12 September 2013

ဝမ်းတွင်းမြို့ က အကြွေးရောင်းဓါတ်မြေသြဇာကြောင့် တရားလို တဖြစ်လဲ တရားခံဖြစ်တဲ့ထွေ/အုပ်စာရေးကြီး...။ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မန္တလေးတိုင်းဒေသကြီး ။မိတ္ထီလာခရိုင် ။ဝမ်းတွင်းမြို့ မှာ၂၀၀၉ခုနှစ် နွေ၊ မိုးစပါးသီနှံအတွက် မြေသြဇာများကိုအကြွေးစနစ်နဲ့တောင်သူတွေကို အေးချမ်ဲးဖြိုးကောင်စီ(ထွေ/အုပ်)စာ ရေးကြီးမှဆက်သွယ်ဆောင်ရွက်ရောင်းချပေးခဲ့ပါတယ်။ဖေဖေါ်ဝါရီလ၂၀၁၀မှစတင်ခါအကြွေးကောက်ခံပါ တယ်။ ၀မ်းတွင်းမြို့နယ်ရွာသချာင်္ကျေးရွာအုပ်စုချိုင်းရွာကျေးရွာနေဦး မြင့်နိင်။ဦးမောင်မြင့်တို့ထံမှအကြွေးတောင်းစာရင်းရှင်းလင်းမှုကို၂၀၁၀မေလတွင်ပြုလုပ်ကြရာအကြွေးယူခဲ့ သူနဲ့ထွေအုပ်စာရေးကြီးဦးတင်မွှေးတို့စာရင်းမညီညွှတ်လွဲမှားခဲ့ပါတယ်။သို့ပါသော်လည်း ထွေအုပ်စာရေး ကြီးမှတရားလိုလုပ်ပြီးဝမ်းတွင်းမြို့မရဲစခန်းမှာဦမောင်မြင့်-ဘ-ဦးထွန်းတင်အမှုအမှတ်(ပ)၂၃၀/၂၀၁၀ဖြင့် ပေးသွင်းရန်ကျန်ဖြင့်လည်းကောင်း။ဦးမြင့်နိုင်-ဘ-ဦးချစ်ဦး-အမှုအမှတ်(ပ)၂၂၉/၂၀၁၀ဖြင့်လည်းကောင်း အမှုတည်ဆောက်ဖွင့်လှစ်ကာပြစ်မှုပုဒ်မ(၄၀၉)နှင့်တရားစွဲဆိုခဲ့ပါတယ်။ဦးမောင်မြင့်စာရင်းများအရထုတ် ယူစဉ်စာေ၇းကြီး၏မှတ်သားစာရင်းမြေသြဇာ(၈၇၃)အိတ်ဖြစ်ပြီး။ပေးသွင်းပြီးအိတ်(၃၅၇)ရှိနေခဲ့ပေမဲ့တရားစွဲသော အခါကျန်ရှိနေသောအိတ်(၆၄၅)ဟုတရားစွဲဆိုလာပါသဖြင့်စာရင်းဇယားမကိုက်ညီသဖြင့်ပြစ်မှုဆိုင်ရာဥပဒေနှင့်တရား မစွဲသင့်ကြောင်းဦးမောင်မြင့်နှင့်ဦးမြင့်နိုင်တို့၏အကိုဦးမောင်ကိုမှအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့တင်ပြ တိုင်ကြားခဲ့ပါတယ်။ကြွေးကျန်မြေသြဇာဖိုးငွေမပေးသွင်းခြင်းအားပြစ်မှုကြောင်းနှင့်တရားစွဲလာပါသဖြင့်ဦးမြင့်နိင်။ ဦးမိုးစွေ။ဦးမြင့်စိန်တို့ဖမ်းဆီးချဲပ်နှောင်ခံခဲ့ရပါတယ်။ဦးမြင့်နိုင်အချုပ်ထဲမှာခြောက်လခန့်နေခဲ့ရပါတယ်။ ဦးမောင်ကို(၉/၀တနနိင်-၀၀၀၃၆၀)၏တိုင်တန်းမှုအားအထူးစုံစမ်းစစ်ဆေးရေး(စစစ)မှစစ် ဆေးခဲ့ရာပုဒ်မ၄၇၆/၁ထွေအုပ်စာရေးကြီးဦးတင်မွှေးကိုတရားစွဲဆိုသင့်ကြောင်းပေါ်ပေါက်ခဲ့ပါတယ်။ဝမ်းတွင်းမြို့နယ် တရားရုံးမှာတရားစွဲသင့်/မသင့်ပဏာမစစ်ဆေးမှုခံယူစေခဲ့ရာကြီးမှုအမှတ်(၁၆၅)ပြစ်မှုဥပဒေပုဒ်မ၁၉၃ဖြင့် သြဂုတ်လတွံင်ဦးမောင်ကိုအားစတင်စစ်ဆေးရန်ဆင့်ဆိုလာခဲ့ပါတယ်တရားစွဲဆိုခံခဲ့ရသောမြေသြဇာကြွေးတချို့တ၀က် ပေးသွင်းရန်ကျန်နေသူများကတရားလိုမှတရားခံပြန်လည်ဖြစ်သွားတယ်လို့ပြောနေကြတာကိုသတင်းရရှိပါတယ် >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment