Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Monday 16 September 2013
တိုင်းသာသနာရေးဒု/ဦးစီးမှူး အပြန်ခရီး ရဲလုံခြုံရေးဖြင့် လိုက်ပါပို့ဆောင်ရ>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ တရားရုံးသို့ ရုံးချိန်းလာရောက်သော တရားလို တိုင်းသာသနာရေးမှူးရုံးခွဲ ဒု-ဦးစီးမှူး ဦးဝင်းဗိုလ်အား တရားခံ ဦးစန္ဒာသီရိနှင့် အပေါင်းအပါ များမှ တရားရုံးတွင်းသို့ အလုံးအရင်းဝင်ရောက်ကာ သာသနာရေးဦးစီးအား ထုတ်ပေးရန် အော်ဟစ် တောင်းဆိုမှုတစ်ခု (13-9-2013)နေ့တွင် ဖြစ်ပွားခဲ့ပါသည်။
                   တရားစွဲဆိုရခြင်းမှာ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းကျေးရွာ၊ မှော်အင်းကျောင်းဆရာတော် ဦးဝိမလ လူထွက်သွားသောအခါ ကညင်တန်းကျောင်းဘုန်းကြီး ဦးသုစိတ္တမှ နွားထိုးကြီးမြို့၊ ပရဟိတယွန်းကျောင်းဆရာတော် ဦးစန္ဒာသီရိအား ကျောင်းထိုင်ဘုန်းကြီးတင်မြှောက် သည်ကို မှော်အင်းရွာ ဒါယကာ/မများမှ သဘောမတူ၍ ၂၀၁၁-ခုနှစ်၊ သြဂုတ်လဆန်းပိုင်းမှစတင်၍ တိုင်ကြားခဲ့ရာ ( မြို့နယ်/ တိုင်းဒေသကြီး/ နိုင်ငံတော် )သံဃအဖွဲ့အစည်း အဆင့်ဆင့်က ဆုံးဖြတ်ချက် ညွှန်ကြားချက်ဖြစ်သော -
        ( ကက )     ဦးစန္ဒာသီရိနှင့် အပေါင်းအပါများအား မှော်အင်းကျောင်းမှ ဖယ်ရှားရန်၊
           ( ခခ )     တိုင်းသံဃနာယကအဖွဲ့က ရပ်ရွာဒါယကာ၊ ဒါယိကာမများနှင့် ညှိုနှိုင်း၍ အင်္ဂယုတ္တနှင့် ပြည့်စုံသော ကျောင်းထိုင်ဆရာတော်( ၁ )ပါး တင်မြှောက်ပေးရန်
ဟူသော ညွှန်ကြားချက် မလိုက်နာသဖြင့် (န၀တ)၏ သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေအမှတ်(၂၀/၉၀) ပုဒ်မ(၁၄)တို့အရ တိုင်းသာသနာရေးမှူး(ကိုယ်စား) တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။
                   နေ့လယ်တရားခွင်ကြားနာပြီးနောက်ပိုင်း ဦးစန္ဒာသီရိမှ ဒု-ဦးစီး ဦးဝင်းဗိုလ်အား အလွတ် သဘောဆွေးနွေးရန်ဟုဆိုကာ အပြင်ခေါ်ရာတွင် “မှန်တာလုပ်ရင် လိုက်ရဲရမယ် ဆိုပြီးပြောတယ်၊ ကျွန်တော်ကအပေါက်ဝထွက်ပြီး မေးချင်တာမေးလို့ရတယ်ဆိုတော့ တိုက်ပုံအင်္ကျီကို ဦးစန္ဒာသီရိက ဆွဲထားတယ်၊ ပြီးတော့ သူ့နောက်က လူတွေဝိုင်းလာလို့ တရားသူကြီးတို့၊ ရဲတပ်ဖွဲ့တို့က လုံခြုံရေးအရ အတွင်းပြန်ခေါ်လာတယ်”ဟု ဒု-ဦးစီး ဦးဝင်းဗိုလ်ကပြောသည်။
                   မှော်အင်းကျေးရွာမှ ဦးစန္ဒာသီရိဘက်မှ ဘုန်းကြီး( ၁၀ )ပါးခန့် ( Light Truck )( 1 )စီး၊ အမျိုးသား/သမီး( ၅၀ )ခန့် ကွန်ဒေါင်း( ၄ )စီးဖြင့် အလုံးအရင်း မင်းလှရုံးထဲဝင်ရောက်ကာ ဘယ်ဟာ အပြစ်လဲဟု မေးမြန်းမှုများရှိခဲ့သလို၊ လူအင်အားပြ၀င်ရောက်ခြင်းကြောင့် တိုင်းသာသနာရေး ဒု-ဦးစီး အပြန်ခရီးတွင် ကားပေါ်ရောက်သည်အထိ အထူးသတင်းတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ စစ်ဘက်လုံခြုံရေး၊ ပြည်ခိုင်ဖြိုးပါတီအပါအ၀င် ထွေအုပ်ဝန်ထမ်းများ၊ အေးချမ်းအောင်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် လာမည့် ရုံးချိန်းကို စက်တင်ဘာ (၂၅ )ရက်နေ့ ရွှေ့ဆိုင်းလိုက်ကြောင်း သိရပါသည်။
Ph;09-423662078
>>>>>>>>>>>>>>>>>>>>>>>>
 “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)
No comments:
Post a Comment