Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 7 September 2013

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအကြိုအဖြစ်အားကစား ပြိုင်ပွဲများကျင်းပနိုင်ရေးညှိနိုင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

နေပြည်တော်    စက်တင်ဘာ      ၅
       နေပြည်တော်ရုံးအမှတ်(၃၁)အား
ကစားဝန်ကြီးဌာနအစည်းအဝေးခန်းမ
၌စက်တင်ဘာ(၅)ရက်နေ့နံနက်(၁၀)
နာရီတွင်(၂၇)ကြိမ်မြောက်အရှေ့တေါင်
အာရှအားကစားပြိုင်ပွဲအကြိုအဖြစ်
လက်ဝှေ့ပွဲ-ပီတန်း-ဘိလိယက်/စနူကာ
ဘောလုံး(ဖူဆယ်)ပြိုင်ပွဲများကျင်းပနိုင်
ရေးအတွက်ဌာနဆိုင်ရာပေါင်းစပ်ညှိ
နှိုင်းအစည်းအဝေးပွဲကျင်းပကြောင်းသိ
ရှိရပါသည်။
     အခမ်းအနားတွင်(၂၇)ကြိမ်မြောက်
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
ကျင်းပရေး ဦးစီးကော်မတီအတွင်းရေး
မှူး အားကစားဝန်ကြီးဌာန ဒုတိယဝန်
ကြီး ဦးသောင်းထိုက် - ဦးဇော်ဝင်း နှင့်
လက်ဝှေ့-ပီတန်း-ဘိလိယက်/စနူကာ
ဘောလုံး(ဖူဆယ်) အဖွဲ့ချုပ်မှတာဝန်ရှိ
သူများ - ဌာနဆိုင်ရာတာဝန်ရှိသူများ
တက်ရောက်ပြီး ဆုချီးမြှင့်ခြင်း -သယ်
ယူပို့ဆောင်ရေး-ပြည်ဝင်ခွင့်ဗီဇာရရှိ
ရေး-နေထိုင်စားသောက်စရိတ်-ပြိုင်ပွဲ
ဝင်စည်းမျဉ်းစည်းကမ်းပြိုင်ပွဲအစီအစဉ်
များနှင့်ကော်မတီ/ဆပ်ကော်မတီများဖွဲ့
စည်းဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး
ခဲ့ပါသည်။
           ကျင်းပပြုလုပ်
         ------------------
   လက်ဝှေ့ပြိုင်ပွဲကို စက်တင်ဘာ(၁၄)
ရက်မှ(၁၇)ရက်ထိအမျိုးသားအလွတ်
တန်း - သက်ငယ်တန်း အမျိုးသမီး အ
လွတ်တန်းပြိုင်ပွဲများ(ပြည်တွင်း)ကျင်းပ
သွားမည်ဖြစ်ပါသည်။
      ပီတန်းပြိုင်ပွဲကိုအမျိုးသားတစ်ဦး
ချင်းပြိုင်ပွဲ-အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ
အမျိုးသားနှစ်ယောက်တွဲ - အမျိုးသမီး
နှစ်ယောက်တွဲ -အမျိုးသား/အမျိုးသမီး
နှစ်ယောကတွဲပြိုင်ပွဲများကိုစက်တင်ဘါ
(၁၅)မှ(၁၆)ရက်ထိကျင်းပမည်ဖြစ် ပါ
သည်။
       ဘိလိယက်/စနူကာပြိုင်ပွဲကို စက်
တင်ဘာ(၂၄)ရက်မှ(၃၀)ရက်ထိကျင်းပ
မည်ဖြစ်ပြီးပြိုင်ပွဲအမျိုးအစားမှာ......
   (၁)ဘိလိယက်(တစ်ဦးချင်း)
    (၂)ဘိလိယက်(နှစ်ယောက်တွဲ)
(၃)ဘိလိယက်scotch(နှစ်ယောက်တွဲ)
  (၄)ဘိလိယက်(အသင်းလိုက်)
  (၅)စနူကာ(တစ်ဦးချင်း)(၁၅)လုံး
  (၆)စနူကာ(နှစ်ယောက်တွဲ)(၁၅)လုံး
  (၇) 6 red စနူကာ(အမျိုသားတစ်ဦး
                                ချင်း)
  (၈) 9 Ball Pool (အမျိုးသားတစ်ဦး
                                ချင်း)
  (၉) 9 Ball Pool (အမျိုးသမီး တစ်
                                 ဦး ချင်း)
  (၁၀) 1Custion Carom(အမျိုးသါး)
ပြိုင်ပွဲတို့ကျင်းပသွားမည်ဖြစ်ပါသည်။
       ဘောလုံး(ဖူဆယ်)ပြိုင်ပွဲအတွက်
ထိုင်း -မလေးရှား -အင်ဒိုနီးရှား -နှင့်
ဗီယက်နမ် (၄)နိုင်ငံတိုကိုဖိတ်ခေါ်ပြီး
အမျိုးသား/အမျိုးသမီး ပြိုငိပွဲများကို
စက်တင်ဘာ(၂၉)ရက်မှအောက်တိုဘာ
(၃)ရက်ထိကျင်းပသွားမည်ဖြစ်ကြောင်း
သိရှိရပါသည်။

                 ကျော်သူရ(နေပြည်တော်)




 >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment