ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံေ
နေပြည်တော်
ကျွန်မသည် ပဲခူးမြစ်ကမ်းဘေးရွာတစ်ရွာတွင် တာဝန်ကျနေသော ကျောင်းဆရာမတစ်ဦးဖြစ်ပါသည်။
ရွာမှမိန်းကလေးတစ်ဦး မီးဖွားရခတ်နေ၍ ပဲခူးဆေးရုံကြီးသို့ ညတွင်းချင်းရေလမ်းအတိုင်းတတ်လာ
စောင်ပုခတ်ဖြင့် ရွာမှလူငယ်များဆေးရုံသို့ တလှည့်စီ ၀ိုင်းထမ်းလာကြပါသည်။ ထိုရက် သင်္ကြန်ရက်ဖြစ်ပါသည်။
ဆေးရုံအ၀တွင် မဏ္ဍာပ်များအပြည့် ပိတ်ဆောက်ထားပါသည်။ ပန်းခြံနာရီစင်ဘက်မှ စည်ပင်ရုံးလမ်းအတိုင်ဝင်ပြီး
ဆေးရုံကြီးသို့တစ်ပတ် ပတ်၍အရေးပေါ်အခန်းသို့သွားရပါသည်
မိခင်လဲအချိန်လွန်နေ၍ အထဲမှကလေးလဲသေဆုံးသွားပါသည်။ ကျွန်မ ထိုလူနာ၏ လူနာစောင့်အဖြစ် တစ်ပါတ်
တိတိ ပဲခူးဆေးရုံတွင်ရှိခဲ့စဉ်က လေ့လာကြုံတွေ့ရသည်များကို သက်ဆိုင်ရာများသို့အကြံပြုလိုပါ
၁။ ပဲခူးဆေးရုံသို့လာတတ်ကြသူအများ
အထမ်းအပိုးနှင့်လာသူများဖြစ်သြ
ရှိစေလိုပါသည်။
၂။ ဆေးရုံအတွင်းတွင် အကျဉ်းထောင်များသကဲ့သို့ သံတံခါးများအထပ်ထပ်အလုံပိတ် သော့ခတ်ထားသဖြင့် ဆေး
ထွက်ဝယ်ခြင်း ထမင်းဟင်းထွက်ဝယ်ခြင်း တခြားလိုအပ်သောအရာများ ထွက်ဝယ်ခြင်းအတွက် ငွေပေးမှဖွင့်ပေးခြင်း
များကို သက်ဆိုင်ရာမှ သိစေလိုပါသည်။
၃။ ဆေးရုံအကျိုးဆောင်မှဖွင့်ထားသည်
စသဖြင့် အဆများစွာဈေးတင်၍ ရောင်းနေသည်ကို သက်ဆိုင်ရာမှ လေ့လာစစ်ဆေးလိုပါသည်။ ကျွန်မအမြင်ပြော
ရလျှင် တစ်ဆိုင်တည်းရှိသဖြင့် ရောင်းချင်သလိုရောင်းနေသည်ဟု ထင်မိပါသည်။
၎။ ယခင်ထက်စာလျှင် ဆရာဝန်များ သူနာပြုများ သားဖွားများ ဆက်ဆံရေးကောင်းမွန်လာပါသည်။ နိုင်ငံတော်မှချ
ပေးသည်ဆိုသော ဆေးအချို့ကိုလဲ ဆင်းရဲနွမ်းပါးသူများကို ထုတ်သုံးပေးသည်ကိုတွေ့ရပါသည်။ သို့သော် ၀ယ်ရ
သည့်ဆေးအတွက် အဆမတန်ဈေးပေးရသည့်အတွက် မထူးခြားလှပါ။ နိုင်ငံတော်သမ္မတကြီးနှင့် ကျမ်းမာရေးဝန်ကြီး
ဌာနတို့၏ စေတနာများသည် အရာမရောက်ပါ။ ဒီမိုကရေစီခေတ် ဖြစ်သည့်အတွက် ဆိုင်သုံးဆိုင် အပြိုင်ဖွင့်စေပြီး ဈေး
ပြိုင်စနစ်ဖြင့် ရောင်းစေပါက လူနာများအကျိုးဖြစ်မည်ဖြစ်ကြော
၅။ ဆေးရုံတွင် အိမ်သာသုံးရေပင် လုံလုံလောက်လောက်မရှိပါ။ လူနာနှင့် လူနာစောင့်များ မျက်နှာသစ်ရန် လက်ဆေး
ရန် နှင့်သောက်ရန် ရေသန့်ဘူးကြီးများကို တစ်နေ့ (၂၀၀၀)ခန့်ဖိုးဖြင့် ဈေးဈေးကြီးဝယ်သုံးနေရပါသည်။ နိုင်ငံတော်ငွေ
ဖြင့်လည်းကောင်း၊ နိုင်ငံခြားမှ အကူအညီဖြင့်လည်းကောင်း၊ ပြည်တွင်းအလှူငွေဖြင့်လည်းကောင်
ရေသန့်ထုတ်ပေးသော ရေစင်ကြီးတစ်ခုလောက် လုပ်ပေးသင့်သည်ဟု အကြုံပြုပါသည်။
၆။ သွေးသွင်းရမှုသည်အလွန်များပါသည်။ သွေးသွင်းရန်လိုသောအချိန်ကျမှ သွေးလှူရှင်လိုက်ရှာရပြီး ညအချိန်တွင်
အလွန်ပင် ဒုက္ခရောက်ပါသည်။ မတန်တဆ ငွေကြေးကုန်ကျမှုများကြုံရပါသည်။ သွေးလှူရှင်များ ကြိုတင်လာရောက်
လှူဒါန်းပြီး ကြာကြာထား၍ရသော သွေးသိုလှောင်မှုစနစ်မရှိကြောင်း
သိုလှောင်စနစ်မျိုး စီမံပေးပါရန် အကြံပြုအပ်ပါသည်။ ပဲခူးမြို့တွင် သွေးလှူရှင်အသင်းများရှိပြီး ရဟန်းရှင်ပြည်သူများ
သန်ဓါ ထက်သန်စွာဇီဝိဒ ဒါနပြုသည်ကိုသိရှိရပါသည်။
သို့ပါ၍ အထက်ဖော်ပြပါအကြောင်းအရာများကို ဆောင်ရွက်ပေးပါရန် လေးစားစွာ အကြံပြုတောင်းဆိုတင်
ပြအပ်ပါသည်။
ဒေါ်ခင်စန်းနွယ်
ပဲခူးမြို့
မိတ္တူကို -
- ဒေါ်အောင်စန်ကည်၊ တရားဥပဒေစိုးမိုရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်။
- ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်
- လူမှုရေးဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးမြို့
>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက
>>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို
ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊
ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန်
ရည်ရွယ်သည်)
No comments:
Post a Comment