Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 19 September 2013

စလင်းမြို့ နယ်မှ လူခင်လျှင်မူပြင်ပြီုး လူမုန်းတော့မူသုံးတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် သည် ၁၇.၉.၁၃ ရက်နေ့တွင် လွတ်တော်မှ အဂတိလိုက်စားမှု ပပျောက်ရေးဥပဒေကို အတည်ပြုလက်မှတ်ရေးထိုးနေချိန်တွင်အောက်ခြေ၀န်ထမ်းများ အဂတိလိုက်စားနေပါသည်။ ထိုသို့ပြုမူနေကြခြင်းမှာ သမ္မတကြီးမှလက်နှင့် ရေးသည်ကိုခြေနှင် ဖျက်ရာရောက်ပါသည်။ထိ့အပြင်နိုင်ငံတော်မှလူမျိုးရေးဘာသာရေးကိုအလေးထားဆောင်ရွက်ပေးနေချိန်တွင်
စလင်းမြို့ နယ်ရဲတပ်ဖွဲ့ မှူးအပါအ၀င်ယာဉ်ထိမ်းရဲများကဘာသာခြားပိုင်ဆိုင်သော သုံးဘီးမော်တော်ယာဉ် ကိုရွေံးပြီးအရေးယူခဲ့ ပါသည်။
ဖြစ်စဉ်မှာ-------------------------------------------------------------------------------------------------
၁၆.၉.၁၃ ညနေ ၃း၀၀ နာရီခန့်အချိန်တွင်ယာဉ်မောင်းကျော်မောင်မောင်ထွန်းမောင်းနှင်လာသော ၄ဟ/၇၃၁၁သုံးဘီးမော်တော်ယာဉ်သည် စလင်းမြို့ နယ်ရဲတပ်ဖွဲ့ မှူးရုံး၏ရှေ့ဖြူနီကြားတားထားသော လူသွားလမ်းဘေးတွင်စက်၏ချို့ ယွင်းမှူကြောင့်ဂီယာဘောက် ပျက်စီးသွားခဲ့ ပါသည်။ ထို့ ကြောင့် ရုတ်တရက်ဆိုသလိုရပ်သွားသောကြောင့် ယာဉ်မောင်းမှပြုပြင်နေစဉ်ဖြူနီကြားတွင်ရပ်နားသောကြောင့်ဟုဆိုကာမြို့ နယ်ရဲတပ်ဖွဲ့ မှူး(စလင်း)၏အမိန့် ဖြင့်ဖမ်းသည်ဟုဆိုကာ စလင်းမြို့ နယ်ယာဉ်ထိန်းမှဖမ်းခဲ့ ပါသည်။ထိုသိုဖမ်းချိန်တွင်အခြားသောသုံးဘီးနှင်
့မြန်မာ့သြဘာစိုက်ပျိုးရေ့းဆေးကုမ္ပဏီမှ ကားလည်းဖြူနီကြားတွင်ရပ်နားနေပါသည်။ ထို့ ကြောင့် ကျနော်တို့ သုံးဘီးတစ်စိးတည်းကိုသာယာဉ်မဆင်မချင်ရပ်မှူနှင့် ဖမ်းပါသည်။ တခြားဗုဒ္ဒဘာသာဝင်များပိုင်ဆိုင်သည့် ဓာတ်ပုံပါယာဉ်များကိုဖမ်းဆီးအရေးယူခြင်းမရှိပဲ
ကျနော်ဘာသာခြားပိုင်ဆိုင်သည့် ၄ဟ/၇၃၁၁သုံးဘီးယာဉ်တစ်စီးကိုသာဖမ်းဆီးအရေးယူခဲ့ ပါသည်။ ကျနော်တို့သုံးဘီးသမားများသည် စလင်းမြို့ နယ်ရဲတပ်ဖွဲ့ မှူးနှင့် ယာဉ်ထိန်းကို လစဉ်ကြေးအဖြစ်သုံးဘီးတစ်စီးလျှင် ၂၀၀၀ကျပ်နှုန်းလည်းလစဉ်ပေးရပါသည်။ကျနော့်ကို ဖမ်းသည့် အချိန်တွင်ကျနော်ကဂီယာဘောက်ပျက်သွားသဖြငိ့ ပြုပြင်နေကြောင်းနှင့် ယခုတွန်းရွေ
့ရန်အဆင်သင့် ဖြစ်သွားပြီဖြစ်ကြောင်းပြောသော်လည်း စလင်းမြို့ နယ်ရဲတပ်ဖွဲ
့မှူးမှ အမှုဖွင့် ရန်သာပြင်ဆင်၍ ယာဉ်မဆင်မချင်ရပ်မှူဖြင့် အမှူဖွင့် ခဲ့ပါသည်။ကျနော်မှတခြားယာဉ်များလည်း၎င်းဖြူနီကြားတွင်ရပ်နားနေကြောင်းပြောရာ အရေးယူုခြင်းမ၇ှိပါ။ထို့ ကြောင်
့စလင်းမျြို့ နယ်ရဲတပ်ဖွဲ့ မှူးနှင့် ယာဉ်ထိန်းများသည်ဘာသာခြားဖြစ်သောကျနော်၏သုံးဘီးကိုသာဖမ်းဆီးအရေးယူခဲသည်မှာပေါ်လွင်လှပါသည်။နိုင်ငံတော်သမ္မတကြီးအနေနှင့် လူမျိုးရေး
ဘာသာရေးတည်ငြိမ်စေရန်ဆောင်ရွက်နေချိန်တွင် ၄င်းတို့မှတည်ငြိမ်မှူ ပျက်ပြားစေရန် ပြုမူနေပါသည်။တရားဥပဒေကိုလည်းအလွဲသုံးစားပြုနေပါသည်။ စလင်းမြိ့ နယ်ယာဉ်ထိန်းများနှင့် မြို့နယ်ရဲတပ်ဖွဲ့ မှူးတို့အတွက် လစဉ်ယာဉ်လိုင်းကြေးများလည်းပေးရပါသည်။ သမ္မတကြီး၏အဂတိပပျောက်ရေးဥပဒေကိုလက်မှတ်ထိုးအတည်ပြုနေချိန်တွင်
အောက်ခြေ၀န်ထမ်းများ၏အကျင့် စာရိတ္တသည် ခြစားနေပါသည်။ထိုသို့သောအကျင့်ပျက်ဝန်ထမ်းများကို အေ၇းယူပေးပါရန်သမ္မတကြီးထံတင်ပြပေးပါခင်ဗျာ။အကတိလိုက်စားမှူပေါ်ပေါက်စေရန်နှင်
့ဥပဒေကလူမျိုးဘာသာခွဲခြားတတ်သလားဆိုတာတင်ပြပေးပါခင်ဗျာ။ဆက်သွယ်ရန်ဖုန်း09256094974
 
>>>>>>>>>>>>>>>>>>>>>>>
 
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)   

1 comment:

  1. ဖုံး၀၉၂၅၆၀၉၄၉၇၄ ကိုင်ဆောင်သူယာဉ်မောင်းကျော်မောင်မောင်ထွန်းမှတိုင်ကြားခြင်းမရှိကြောင်းမေးမြန်းရာမှ သိရှိရပြီး အေးချမ်းနေသည့်မိမိတို့စလင်းမြို့နယ်အားဆူပူမှုဖြစ်အောင်ဖန်တီးလိုသူ၊ တောကြောင်တစ်ကောင်မှ မမှန်သတင်းများတင်ဆက်နေပါ သဖြင့် မြို့သူမြို့သားများမှစိတ်ညိုညင်မှုများ ခံစားနေရပါသည်။ ယာဉ်မောင်းလိုင်စင်မရှိဘဲမောင်းနှင်သဖြင့်စီးသည့် ခရီးသည်များ၏အသက်အတွက်တရားရုံးမှဒဏ်ငွေချမှတ်ခြင်း ဖြစ်ကြောင်းသိရပါသည်။
    ဘာသာရေးပတ်သက်မှုမရှိသော်လည်းတည်ငြိမ်မှုကိုပျက်ပြားအောင်ဘာသာခြားဟုဖေါ်ပြလှုံ့ဆော်နေခြင်းဖြစ်ပါသည်။ဘာသာပေါင်းစုံအတူလက်တွဲပေါင်းစည်းနေထိုင်ရေးနိုင်ငံတော်မှချမှတ်ဆောင်ရွက်နေသည့်အချိန်ကာလတွင်အဆိုပါအရေးအသားမျိုးမလုပ်သင့်ကြောင်းပြည်သူအများမှဝေဖန်ပြောဆိုနေကြပါကြောင်း။
    ဆင်ဖြူကျွန်းမြို့သူမြို့သားများ

    ReplyDelete