Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 26 September 2013

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးစံ ပြကျေးရွာမှ အလုပ်လက်မဲ့တိုးပွားမူ့နှင့် ဆင်းရဲမွဲတေမူ့ပြယုဂ်တစ်ခု>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

 ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးစံပြကျေးရွာတွင် လူဉီးရေ လေးပုံ သုံးပုံခန့်သည်    သာမန်ကျပန်းအလုပ်များဖြင့် အသက်မွေးနေထိုင်ကြသူများဖြစ်ပြီး၊ ယင်းတို့မှာဆင်းရဲသော သူများဖြစ်၍  ဆောက်လုပ်ရေးလုပ်သားးခေါင်းရွက်ဗျက်ထိုး ဈေးးးသည်  ၊ပညာသင်ကျောင်းနေအရွယ်လေးများဆိလျှင် စက်ရုံအလုပ်ရုံတို့တွင် ဝင်ရောက်လုပ်ကိုင်နေရသော ဘဝ
စသည်ဖြင့် ဝမ်းရေးအတွက် ကာယလုပ်အားဖြင့်  လုပ်ကိုင်နေရပေသည်။
   သို့ဖြစ်၍လည်း ပြည်ထောင်စု အစိုးရအနေဖြင့် အလုပ်လက်မဲ့နှင့် ဆင်းရဲမွဲတေမူ့ပပျောက်ရေး    လူမူ့အခွင့်အလမ်းများဖေါ်ဆောင်နိုင်ရေး လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပေါ်လာရေး တို့
ကို အရှိန်အဟုန်ဖြင့်လုပ်ငန်းစဉ်  များချမှတ်အကောင်အထည်ဖေါ်ဆောင်ရွတ်နေမူ့များကိုတွေ့ ရှိနေရပါသည်။သို့သော် ၊ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးတာဝန်ရယူထားသူများအနေဖြင့်  ချဲထီ၊ ဖဲဝိုင်း၊ စသောလောင်းကစားဝိုင်းများတွင်သာမ  ပြည့်တန်ဆာလုပ်ငန်းများတွင်ပင်နောက်ကွယ်မှ ကြိုးကိုင်
စီးပွားရှာနေသလို၊ အခွန်အခယူ   ချစားမူ့များနှင့် မျက်ကွယ်ပြုပေးရသည့်အတွက် ကျေးရွာနေ လူငယ်အချို့ကို ဉပဒေမဲ့ လုပ်ရပ်များနှင့်  ယဉ်ပါးစေရန် မကောင်းမူ့ကို လက်ရဲဇတ်ရဲပြုတက်
စေရန် လမ်းပြ၍ သင်ကြားသကဲ့သို့ဖြစ်နေပါသည်။ နိုင်ငံတော်မှဖေါ်ဆောင်နေဆဲဖြစ်သော လူသားများဂုဏ်
သိက္ခာနှင့် ကိုယ်ကျင့်တရားကောင်းမွန်စေရေး၊ တရားဉပဒေစိုးမိုးရေး  အလုပ်လက်မဲ့နှင့်အိုးမဲ့အိမ်မဲ့ပပျောက်ရေး မဟာဗျုဟာစီမံကိန်းကြီးများကိုလည်းများစွာအနှောက်အယှက်အဟန့်အတား
ဖြစ်စေခဲ့ပါသည်။ကျေးရွာအုပ်ချုပ်ရေးယန္တယားအပေါ်၊ အထက်အဖွဲ့အစည်းအဆင့်ဆင့်သို့တိုင်ကြားခဲ့သော်လည်း၊ မည်သို့မျှရှင်းလင်းသုတ်သင်မူ့မရှိခဲ့သည့်အတွက်ပြည်သူကိုဗဟိုပြုသောစနစ်နှင့်
ပွင့်လင်းမြင်သာသော၊ ဒီမိုကရေစီခေတ်ဆိုသည်ကိုပြည်သူများမှယုံကြည်လက်ခံရန်ခတ်ခဲနေပါသည်။ သို့ပါ၍အပေါ်ကလက်ဖြင့်ရေးသောစာအား၊ အောက်ကခြေနှင့်ဖျတ်နေသော သင်္ဃန်းကျွန်းကြီးကျေးရွာ အုပ်ချုပ်ရေးယန္တယားနှင့် အလားတူအောက်ခြေအုပ်ချုပ်ရေးတာဝန်ရှိသူများအားအထက်လူကြီးမင်းများအ
နေနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်ခိုင်မြဲစေရန်အတွက်မျက်ခြေမပျက်တည့်မက်ပြုပြင် ပေးစေလိုပါသည်။


ပေးပို့သူ့ 
                 မင်းခန့်
                  မင်္ဂလာဒုံ 
 
>>>>>>>>>>>>>>>>>>>>
 
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) 

No comments:

Post a Comment