Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 1 September 2013

"HWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာကဏ္ဍ" တွင် ဖော်ပြလျက်ရှိသည့် သုတ၊ရသ၊ကဗျာများအား ကိုယ်ပိုင်တင်ဆက်နိုင်မည့် ကဏ္ဍသစ်တခုအနေဖြင့် ကလောင်ရှင်များ၊ စာပေ၀ါသနာရှင်များ ဖိတ်ခေါ်ခြင်း။

HWH ဥုံ Android Versionနှင့် Windows Computer Versionများတွင် မြန်မာနိုင်ငံ နေရာဒေသအသီးသီးမှ လူတန်းစား အလွှာပေါင်းစုံမှ Usersများ၏ Gmail/Gtalk/Facebookတို့မှ ပေးပို့လာသော နိုင်ငံရေး၊စီးပွားရေး၊လူမူရေးရာ သတင်းများ၊ သုတ၊ ရသ၊ ကဗျာ နှင့် ဆောင်းပါးတို့အား ပြီးခဲ့သော လများမှ စတင်ဖော်ပြပေးခဲ့ရာ ယခုအခါ ပေးပို့သူ အရေအတွက်များပြားလာခြင်း နှင့် Usersအချို့၏ Feedback များအရ သုတ၊ ရသ၊ ကဗျာ များအား " HWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာကဏ္ဍ" တွင် မဖော်ပြပေးတော့ဘဲ စာပေ၀ါသနာရှင် ကလောင်ရှင်များ ပိုမိုအဆင်ပြေစေရန် ရည်ရွယ်၍ စက်တင်ဘာလမှ စတင်ကာ ကဏ္ဍ၂ရပ်ခွဲ၍ ဆောင်ရွက်ပေးသွားပါမည်။ ပထမဦးစွာ နိုင်ငံရေး၊ လူမူရေး၊ စီးပွားရေး၊ဆိုင်ရာုပြဿနာအခက်အခဲများ ကို ပုံမှန် "HWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာကဏ္ဍ" တွင် ဖော်ပြပေးသွားမည် ဖြစ်ပြီး ဒုတိယအနေဖြင့် သုတ၊ရသ၊ကဗျာများ ရေးသားလိုသော ကလောင်ရှင် စာပေ၀ါသနာအိုးများအား HWH For Android Facebook Page တွင် Authorအဖြစ် ခန့်အပ်ကာ မိမိကိုယ်တိုင်ကိုယ်ကျ အချိန်/အရေအတွက် ကန့်သတ်ချက်မရှိ ရေးသားတင်ဆက်ကာ HWH ဥုံ Userများထံ အရောက်ပို့နိုင်ပါပြီ။ HWH ဥုံတွင် Authorတစ်ယောက်အနေဖြင် ရေသားတင်ဆက်လိုပါက အောက်ပါအချက်များဖြင့် ပြည့်စုံရန်လိုအပ်ပါသည်။

၁။ ကိုယ်ပိုင် Facebook အကောင့်တစ်ခုရှိရပါမည်။

၂။ HWH For Android Facebook Pageအား Likeလုပ်ထားရပါမည်။

၃။ ယခင် အင်တာနက်ပေါ်တွင် ရေးသားဖော်ပြခဲ့သော Facebook,Blog,Website များ ဖော်ပြရမည်။

၎။ မိမိ Post/Statusတွင် မိမိကလောင်အမည် မဖြစ်မနေဖော်ပြရမည်။

၅။HWH ဥုံ တွင် သုတ၊ရသ၊ကဗျာများ ရေးသားလိုသူများသည် စာပေပညာ အတွေ့အကြုံ ရှိရန်၊ ကလောင်စွမ်းရည် ထက်မြက်ရန် မလိုပါ။ ဤကဏ္ဍရှိ စည်းကမ်းသတ်မှတ်ချက်မျာကို လိုက်နာနိုင်လျှင် Authorဖြစ်နိုင်ပါသည်။

၆။ မိမိ၏ သုတရသကဗျာများအား Online /Offline Mediaများမှ လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ရမည်။

>>> အောက်ပါအချက်များနှင့် ငြိစွန်းလျှင် Authorအဖြစ်မှ ထာဝရ ရပ်ဆိုင်းခြင်း (သို့) ခေတ္တခဏ ရပ်ဆိုင်းခြင်း ပြုလုပ်ပါမည်။

၁။ သုတ၊ရသ၊ကဗျာ စသည်တို့နှင့် မသက်ဆိုင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေးဆိုင်ရာ ပြဿနာများ၊ သတင်းများ တင်ခွင့်မပြုပါ။(၎င်းအတွက် "HWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာကဏ္ဍ" မှ ဖော်ပြပေးမည်ဖြစ်သည်။

၂။ ကိုယ်ပိုင်ရေးသားခြင်း မဟုတ်ဘဲ အင်တာနက်ပေါ်မှ အစဉ်အမြဲ ကူးယူဖော်ပြခြင်း။

၃။ အကြိမ်ရေ များစွာ ပြန်တင်ခြင်း

၎။ ရိုင်းစိုင်းသော အသုံးအနှုန်း အရေးအသားများ သုံးခြင်း

၅။ မိမိ ကလောင်အမည် မဖော်ပြခြင်း

၆။ ၂ပတ်ကြာသည်အထိ ကွယ်ပျောက်နေခြင်း အသစ်မတတ်ခြင်း( ခြွင်းချက် Adminအား ကြိုတင် အကြောင်းကြားနိုင်သည်)

၇။ Usersများ Report တင်ခြင်းနှင့် Adminအား ထိခိုက်စေလိုသူ

>>> အထက်ဖော်ပြပါ အချက်အလက်များအား ဖတ်ရှုနားလည်၍ Authorအဖြစ် ရေးသားလိုပါက hwhforandroid@gmail.comသို့
 ၁။အမည်ရင်း နှင့် ရေးသားမည့် ကလောင်အမည်
၂။မှတ်ပုံတင်နံပါတ်
၃။ဖုန်းနံပါတ်
၎။နေရပ်လိပ်စာအပြည့်အစုံ
၅။ရေးသားတင်ဆက်မည့် ပုံစံ (ဥပမာ- ကဗျာများ၊ နေစဉ်လူမူဘ၀ပုံရိပ်များ၊ ဟာသများ၊ နှလုံးသားရေးရာ၊ ဟာသ စသဖြင့်)
ရေးသားပေးပို့ပြီး 09448010089 သို့ ဆက်သွယ် Confirmလုပ်ရပါမည်။ အခက်အခဲတစုံတရာရှိကလည်း အကူအညီတောင်းနိုင်ပါသည်။

ကျွန်ုပ်တို့ HWH ဥုံ အနေဖြင့် Users တို့၏ ဆန္ဒနှင့်ဘဝ တစ်ထပ်တည်း ကျနိုင်မည့် အကျိုးကို ရှေးရူလျက်ရှိပါသည်။

အောက်ပါ Author ၅ ဦးအား  31-8-2013တွင် Authorအဖြစ်ခွင့်ပြုလိုက်သည်။
၁။Eagle Breeze>>> ဧရာဝတီတိုင်းဒေသကြီး
၂။Agga 0o >>> ရန်ကုန်တိုင်းဒေသကြီး
၃။ဝါဆိုဝသန်(ထားဝယ်) >>> တနင်္သာရီတိုင်းဒေသကြီး
၎။ကလေးချစ်သောမောင် >>> ပဲခူးတိုင်းဒေသကြီး   
၅။ဇာဏီထိုက်(ပညာရေး) >>> ဧရာဝတီတိုင်းဒေသကြီး

By
HWH ဥုံ Admin


 

No comments:

Post a Comment