ဇေကမ္ဘာ ကုမ္ပဏီ နှင့် သင်္ဃန်းကျွန်း ရွာသားများ ပြဿနာ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဇေကမ္ဘာ ကုမ္ပဏီ မှ သိမ်းဆည်း လယ်မြေ များ
နှင့်ပတ်သက် ပြီး ကျေးရွာသား များနှင့် ပဋိပက္ခများ
ရှိခဲ့ ၍မြို့နယ်အုပ်ချုပ်ရေးမူး ရုံးမှ ၄င်းမြေနေရာ
အား ၊ မည်သူ မှကျုးကျော် ဝင်ရောက်၍ ၊မလုပ်
ဆောင်ကြရန် အတွက် အငြင်းပွားဆဲ နေရာသတ်
မှတ်ထားသော် လည်း ၂၈ ရက်နေ့လည်တွင်
ဇေကမ္ဘာ ကုမ္ပဏီ ဝန်ထမ်းများ ဉီးဆောင်၍ အလုပ်
သမားများ မှာ သစ်ပင်များ စိုက်ပျိုး ခဲ့သော
ကြောင့် ဇေကမ္ဘာ ကုမ္ပဏီ၏ ဉပဒေမဲ့
လုပ်ရပ်များ မှာပြည်သူများအဖို့ ဉပဒေအားအထင်
လွဲမှားစေရန်နှင့် ရွာသားများအား အနိုင့်အထက်
ပြုကျင့်မူ့ဖြစ်ပြီး ၄င်းကိစ္စများအား သတ်ဆိုင်ရာမှ
အမြန်ဆုံး ဖြေရှင်းနိုင်ရန် ဓါတ်ပုံပါတင်ပြလိုက်ပါ
သည်။
ပီတာ့ မင်္ဂလာဒုံမြို့နယ်
>>>>>>>>>>>>>>>>>
မြို့တော်သန့်ရှင်းရေး ပြုလုပ်ပေးစေချင် ကျွန်တော်တို့ပြင်ဦးလွင်မြို့က လေးဟာအလွန်သာယာလှပတဲ့မြို့က လေးတစ်ခုဖြစ်ပါသည်ဒီမြို့လေးကိုတစ်ချို့လူများဟာအကျည်းတန်ရုပ်ဆိုးအောင်လုပ်နေကြပါတယ် အဲ့ဒီလူတွေက တော့လမ်းဘေးမှာအမှိုက်ပုံပြီးမီးရှို့နေကြတဲ့လူတွေရယ် ကြက်တွေကိုသတ်ပြီးကြက်မွေုး ကြက်ခေါင်းကြက်အူ တိုကိုလမ်းဘေးမှာလာပြီးပစ်ချထားကြတဲ့လူတွေရယ် ဖြစ်ကြပါတယ် မြို့က လေးကသာယာတယ်ဆိုပြီးဧည့်သည်တွေလာရောက်အပန်းဖြေကြတဲ့အခါစိတ်အ နှောက်ရှက်တော်တော်ဖြစ်ကြပါတယ် စည်ပင်သာယာအဖွဲ့ကလည်းပိုက်ဆံပေးတဲ့ဟိုတယ်တွေအိမ်တွေရဲ့အမှိုက်တွေမှသာလိုက်ကောက် မြို့သူမြို့သားများကလည်းလမ်းဘေးအမှိုက်ပုံမီးရှို့ နဲ့ဆိုတော်မြို့တော်ကိုအမျိုးအမျိုးအဖုံဖုံညစ်နွမ်းအောင်လုပ်နေကြတယ်ကျွန်တော်ပြောချင်တာက တော့အများပြည်သူစိတ်ချမ်းသာအောင် လမ်းဘေးအမှိုကိပုံပြီးမီးမရှို့ဖို့ရယ် ကြက်သတ်ပြီးကြက်မွေုး ကြက်ခေါင်း ကြက်အူတွေကို လမ်းဘေးမှာမပစ်ဖို့ရယ် စည်ပင်သာယာကလည်းအိမ်တိုင်းရှိအမှိုက်များကို လိုက်သိမ်းဖို့ရယ်ကိုတင်ပြအပ်ပါသည်ခင်ဗျား
မြတ်မင်းဇင် ပြင်ဦးလွင်မြို့

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ
ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့
ဆက်သွယ်ပေးပို့နိုင်ပါပြီ။
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:
Post a Comment