Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 19 November 2013

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ချင်းလယ်ကျေးရွာတွင် တာဝန်ယူသောအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းနှင့်လိုင်စင်ခွင့်ပြု ချက်မရှိပဲ သစ်တော မြေလွတ်မြေရိုင်းများကိုခုတ်ထွင်နေသော ဦးမျိုးဝိုင် အား အရေးယူပေးပါရန် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ချင်းလယ်ကျေးရွာတွင်
တာဝန်ယူသောအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းနှင့်လိုင်စင်ခွ
င့်ပြု
ချက်မရှိပဲ သစ်တော မြေလွတ်မြေရိုင်းများကိုခုတ်ထွင်နေသော
ဦးမျိုးဝိုင်  အား အရေးယူပေးပါရန်။
    အထက်ပါအကြောင်းအရာကိစ္စနှင့်ပါတ်သတ်ပြီး ချင်းလယ်အုပ်ချုပ်ရေး
မှူးသည် ပြည်သူများလုပ်ကိုင်စားသောက်နေသော ကျေးရွာပိုင် မြေလွတ်
မြေရိုင်းများကို လေးမျက်နှာမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ပေါင်း၍  သူဌေးခေါ်
သူ ဦးမျိုးဝိုင် အားလုပ်ကိုင်ခိုင်းနေပါသည်။ ရွာသားများသည်   ပြည်သူများ
လုပ်ကိုင်နေသော မြေများကို  ဆက်လက်မလုပ်ရန်တားသော်လည်း
ဦးမျိုးဝိုင် မှ အုပ်ချုပ်ရေးမှူး  တားစာပါမှ ရပ်ပေးမည်ဖြစ်ကြောင်းပြောကြား
သည်။ တရားမဝင် လုပ်ကိုင်နေသော မြေဧက ၁၇၀၀ ခန့်ရှိနေပါသည်။
ပြည်သူများ လက်မှတ်ရေးထိုးထားသော  လက်မှတ် ၇၀ ကျော် အပါအဝင်
ခရိုင် အုပ်ချုပ်ရေး  တိုင်းဒေသကြီးဝန်ကြီးများ ရုံးသို့ သွားရောက်စာတင်
ထားသော်လည်း  ယနေ့အချိန်ထိ ထူးခြားခြင်းမရှိသေးပါ။ လေးမျက်နှာ
သက်ကြီးပူဇော်ပွဲ နေ့တွင် စည်ပင်ဝန်ကြီး ဦးကျော်နိုင်မှ ချင်းလယ်ရွာသား
များရှေ့တွင် လေးမျက်နှာအုပ်ချုပ်ရေးမှူး အား တရားမဝန်လုပ်ကိုင်နေသော
လုပ်ငန်းကို တားစာပေးရန်  တာဝန်ပေးလိုက်သည်။
       ဝန်ကြီးနှင့်ခရိုင်အုပ်ချုပ်ရေးမှူး အပြန်တွင် ချင်းလယ်ရွာသားများ
အား လေးမျက်နှာအုပ်ချုပ်ရေးမှူးမှ  ဝန်ကြီး၏ တားစာပါမှ  လုပ်ပေးမည်ဟု
ပြောပြီးပြန်လွတ်လိုက်သည်။ ချင်းလယ်ရွာသားများသည်  ပုသိမ် ဝန်ကြီး
များရုံး    လယ်ဆည်ဝန်ကြီး ဦးဆန်းအောင် နှင့်တွေ့ဆုံခဲ့သည်။
ဦးဆန်းအောင် မှ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး အား ဖုန်းဆက်၍ ချင်းလယ်
ပြည်သူ များရှေ့တွင်  တားစာပေးဖို့ ပြောကြားခဲ့သည်။ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး  မှ လေးမျက်နှာအုပ်ချုပ်ရေးမှူးအား
တားစာပေးရန် ပြောထားသည်မှာ  နှစ်ကြိမ်ခန့်ရှိပြီဖြစ်ကြောင်း တင်ပြသည်။ လေးမျက်နှာ အုပ်ချုပ်ရေးမှူးမှ ဆောင်ပေးမှူ မှမရှိပဲ
သူဌေးမျိုးဝိုင်     ချင်းလယ်အုပ်ချုပ်ရေးမှူးဦးခင်မောင်ဝင်း တို့နှင့်
ပူးပေါင်းပြီး   လက်ရှိဖြစ်နေသော ပြသနာကို  လစ်လျူရှုထားသည်။
      ချင်းလယ်အုပ်ချုပ်ရေးမှူးသည်    လေးမျက်နှာအုပ်ချုပ်ရေးမှူးနှင့်
ပေါင်းပြီး ရွာသားများအပေါ်တွင် နိုင်ထက်စီးနင်း စေခိုင်းခြင်း  ပြောဆိုဆက်ဆံခြင်း   များပြုလုပ်နေပါသည်။  ပြည်သူတင်မြောက်ထား
သော အုပ်ချုပ်ရေးမှူးသည် ပြည်သူ၏ မျက်နှာကို ထောက်ထားစာနာမှူမရှန
ကိုယ်ကြိုးအတွက် သာဆောင်ရွက်နေပြီး   ရပ်ရွာပေါ်တွင်  ရပ်ကျိုးအတွက် ဆောင်ရွက်ခြင်းမျိုး မရှိပါ။
      ကိုယ်ကျိုးအတွက် ဆောင်ရွက်နေသာ ချင်းလယ်အုပ်ချုပ်ရေးမှူး
ဦးခင်မောင်ဝင်း  နှင့် တရားမဝင် မြေယာများကို သိမ်းယူနေသော
ဦးမျိုးဝိုင်   တို့ အား အရေးယူဆောင်ရွက်ပေးပါရန်    သက်ဆိုင်ရာ
အဖွဲ့အစည်း များအား တိုင်ကြားအပ်ပါသည်။
          ချင်းလယ်ကျေးရွာနေပြည်သူများ  
          အယောက် ၇၀ ကျော်  လက်မှတ်ထိုးတိုင်ကြားအပ်ပါသည်။

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။   

1 comment:

  1. ပညာရေးဝန်ထမ်းတစ်ဦး20 November 2013 at 14:34

ိ - စစ်ကိုင်းတိုင်းဒေသကြီး| ပုလဲမြို့နယ် အမှတ်စဉ် ၅/၆ မုံရွာပညာရေးကောလိပ် ဒုတိယနှစ်သင် တန်းဆင်းပြီးသော ကျွန်တော်တို့သည် ယခုအချိန်ထိ လယ်ပြ
    ရာထူး မတိုးသေးပါ။ မူပြများသာ ဖြစ်နေ
    ပါသည်။အပတ်စဉ် ၁,၂,၃ တို့သည် မူ လုပ်သက်(၂)နှစ်ပင် မကြာပါ။
    အပတ်စဉ်(၄) သည်လည်း (၃)နှစ်
    ကျော်တွင် လယ်ပြရာထူးများတိုးခဲ့ပါသည်။ ကျွန်တော်တို့ အပတ်စဉ် ၅/၆ တို့သည် မူလုပ်သက် (၉)်နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။ အလယ်တန်းဆင့်ပြီးပြီး မူလုပ်သက် (၉) နှစ်ကျော်သော်လည်း လယ်ပြ
    ရာထူးမတိုးသေးသည်မှာ လူကြီးမင်းများ
    မေ့လျော့နေ၍လား။ သတိမပြုမိ၍လား
    မသိသည့်အတွက် ဥုံ ပေးစာကဏ္ဍမှ ရင်
    ဖွင့်လိုက် ရပါသည်။
    အပတ်စဉ် ၅| ၆
    ပညာရေး ကောလိပ်အလယ်တန်းဆင်း
    မူပြဆရာ/ဆရာမများ

    ReplyDelete