Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Friday 29 November 2013
အသက်၁၃နှစ်အရွယ်မိန်းကလေးအဓမ္မစော်ကားခံရသော်လည်းအမှုမပေါ်လွင်ရုတ်သိမ်းခံရ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
ပဲခူးတိုင်းဒေသကြီး သာယာဝ တီခ ရိုင်  မင်းလှမြို့တွင်၁၃နှစ် အ ရွယ်      မိန်း က လေး  တစ်ဦးအားအနိုင် ကျင့်ခြိမ်း ခြောက်ပြီးသားမယားအဖြစ်ပြု ကျင့်ခဲ့မှုမှာဆေးစာနှင့်တိုင်
ကြားထွက်ဆိုမှုများခိုင်လုံသော်လည်းတရာခံအားအမှုရုတ်သိမ်းခွင့်ပြုခဲ့ကြောင်းကလေးမိခင်ဒေါ်အေးအေးမော်ကဆိုသည်
             "သမီးနာမည်ကပြုံးပြုံးဝင်းပါအမျိုးသားဆုံးသွားပြီးစီးပွားရေးမပြေလည်တော့စားဝတ်နေရေးအခက်အခဲကြောင့်သမီးကိုတစ်လ၁၅၀၀၀နဲ့ထောက်ကြန့်ကွင်းရွာကသားသတ်လုပ်ငန်းလုပ်တဲ့ဆိတ်ငမိုး(ခ)ဇော်ဇော်မိုးအိမ်မှာအလုပ်ခိုင်းခဲ့ပါတယ်အဲဒီမှာအလုပ်ရှင်ငမိုးဟာကလေးကိုဓါးနဲ့ခြောက်ပြီးသားမယားအဖြစ်ပြုကျင့်ခဲ့ပါတယ်သမီးကကြောက်တော့သုံးလေးကြိမ်လောက်ကျမှကျွန်မကိုပြန်ပြောပြခဲ့ပါတယ်
ရဲစခန်းမှာအမှုဖွင့်ပြီးမင်းလှတရားရုံးမှာအမှုရင်ဆိုင်ခဲ့ပါတယ်ဆေးစာမှာလည်းပေါ်လွင်ပါတယ်ဒါပေမဲ့ငမိုး(တရားခံ)ဘက်ကရှေ့နေဖြစ်တဲ့မင်းလှမြို့ကရှေ့နေဦးဝင်းမြင့်နဲ့ရှေ့နေဒေါ်မာလာရီတို့ကတစ်ယောက်ငါးသိန်းစီနဲ့နှစ်ယောက်ပေါင်းဆယ်သိန်းခေါ်ပေးပြီးစာမတတ်တဲ့ကျွန်မတို့သားအမိကိုလက်မှတ်ထိုးခိုင်းပါတယ်ရုတ်သိမ်းလွှာမှန်းမသိခဲ့ပါဘူးအပြစ်ကျူးလွန်သူဟာအပြစ်လျော့ကျရုံလောက်ပဲရှိမယ်ထောင်တော့ကျမှာပဲလို့ရှေ့နေတွေကယုံလောက်အောင်ပြောလို့လက်မှတ်ထိုးပေးခဲ့ရပါတယ်နောက်ဆုံးတော့အမှုကပြီးသွားသလိုတရားခံကအောင်မြင်စွာအမှုရုတ်သိမ်းသွားခဲ့ပါတယ်"ရှင်ဟုပြောသည်
ကျူးလွန်ခံရသူမပြုံးပြုံးဝင်းကလည်း"သမီးကိုစော်ကားတဲ့လူသမီးမကျေနပ်ဘူးတိုင်တော့လည်းဘာမှဖြစ်မလာဘူးမကျေနပ်တာကလွဲပြီးသမီးမပြောတတ်ဘူး" ဟုဆိုသည်
ကိုယ်ချင်းမစာနာပဲစာမတတ်သူများကိုလိမ်လည်လည့်ဖျားကာလက်တစ်လုံးခြားလုပ်နေသောရှေ့နေများရှိနေသည့်အတွက်တရားဥပဒေအညီပြန်လည်ဆောင်ရွက်ပေးနိုင်ပါရန်နိုင်ငံတော်သမ္မတနှင့်ပြည်ထောင်စုတရားလွှတ်တော်ရှေ့နေချုပ်သက်ဆိုင်ရာလူကြီးမင်းများထံကျွန်မအေးအေးမော်မှတိုင်ကြားမေတ္တာရပ်ခံအပ်ပါသည်
                      အေးအေးမော်
                          မင်းလှမြို့
                     တောင်ဘက်မြို့သစ်
kokhant9394@gmail.com
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 
No comments:
Post a Comment