Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 30 November 2013

ကျွန်​​တော်​နှင့်​ ကျွန်​​တော့ ပတ်​ဝန်းကျင်​ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ကျေးလက်​​ဒေသ တစ်​ချို့မှာ ဖြစ်​ပျက်​​နေတဲ့ ပတ်​ဝန်းကျင် အ​ကြောင်းပဲ ဖြစ်​ပါတယ်​။
ကျွန်​​တော်​ ​နေတာကိုက ​ကျေးလက်​မှာ ​နေတာ​ကြောင့်​ ခုလို့ ထင်​သာမြင်​သာနဲ့ လူကြီးမင်းများ အကဲခတ်​ ဆုံးဖြတ်​နိုင်​​အောင်​ တင်​ပြခြင်းဖြစ်​​ကြောင်း ဦးစွာ ပထမ ​ပြောကြားပါရ​စေခင်​ဗျာ။
ကျေးလက်​မှာ အုပ်​ချုပ်​​ရေးမှူးနဲ့ ရဲတပ်​ဖွဲ့ ကြားမှာ ​အောင်​သွယ်​​ပေး​နေတဲ့ အမှု့ ပွဲစား လုပ်​​ပေး ​သူတစ်​​ယောက်​ ဟာ ကြာလာ​တော့ သူကိုယ်​တိုင်​ ​ဖြေးရှင်း​ပေး​နေမှု့များ ပြလုပ်​လာပြီး ပြည်​သူများထံမှ ​ငွေ​ကြေးများ ​တောင်းယူ သုံးစွဲ ကာ ဥပ​ဒေ ကို လက်​တစ်​လုံးကြား လုပ်​​နေသည်​ကို ​တွေ့လာရသည့်​အခါ နစ်​နာသူဘက်​က စိတ်​မ​ကောင်းဖြစ်​ရပါတယ်​။ အမှု့ ကို ​ဖြေရှင်း​ပေး​နေသူမှာ ​ကျောင်းပညာ ၄တန်း​လောက်​သာရှိပြီး ဝန်​ထမ်းမဟုတ်​​ကြောင်း တာဝန်​ယူ ​ပြောရဲပါသည်​။
အုပ်​ချုပ်​​ရေးမှူး ရုံးတွင်​ ဝင်​ထွက်​ သွားလာ​နေရာမှ နားမလည်​​သော ရွာသားများအ​ပေါ် နားသွင်း ​ပြောဆိုပြီး
ဥပ​ဒေ ​ဘောင်​ အပြင်​ဘက်​မှ သာမန်​လူတစ်​ဦး တစ်​​ယောက်​ ရဲတင်းစွာ ​လျှော်​​ကြေး​ပေးခိုင်းပြီး တရားစီရင်​​နေမှုများ ရှိ​နေပါသဖြင့်​ ​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး မှ ၎င်းအား ရှ​ဖွေ တားမြစ်​နိုင်​ရန်​ တင်​ပြပါသည်​။
ရှင်း​ပေးလိုက်​​သော အမှု့
~~~~~~~~~~~~~~~~~~ ဘုရားက​လေး​ကျေးရွာ ​ခြောက်​​ပေလမ်း ​ ကွက်​သစ်​ ဆဲဆိုသူအား ​လေးဂွ နှင့်​ပြစ်​၍ ၅၀၀၀၀ ကျပ်​ ​ပေး​လျှော်​ရန်​ ဆုံးဖြတ်​​ပေး​သော အမှု
အာဏာပိုင်​ များသာ ဆုံးဖြတ်​သင့်​​သော အမှု့ အား အရပ်​သားမှ ဆုံးဖြတ်​​နေခြင်းသည်​ အာဏာအဖွဲ့စည်း၏ အထက်​တွင်​ ရှိ​နေသကဲ့သို့ ဖြစ်​​နေပါသဖြင့်​ ဤသို့ မဖြစ်​သင့်​ပါဟု ထင်​မိပါသည်​။
ပြည်​ပန်းညို
-- jokerboy079@gmail.com

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

1 comment:

  1. ပဲခူးမြို့နယ်​ ဘုရားက​လေး ​ကျေးရွာ မှာ GSM ဖုန်းလိုင်း မ​ကောင်းသလို့ အင်​တာနက်​လိုင်း ဆို လုံးဝ မမိပါ
    Mgmgnawaday

    ReplyDelete