Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 21 November 2013

ပြည်မြို့နယ်ပညာရေးမှူးရုံးကတန်ဖိုးကြီးလျှောက်လွှာနှင့်အာဏာပြ စာရေးတို့အကြောင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

12.2.13နေ့ကမြို့နယ်ရုံးကကျောင်းပြင်ဆင်စရိတ်လျှောက်ရန်ဟုဆိုကာ ကံကျိုး။သဲဖြူ။ဂမ္ဘီလာ။မအူတော။ဇီးဖြူကုန်း အ.မ.က များကိုတစ်ကျောင်းလျှင်တစ်သိန်းကျပ်နှင့်ဓာတ်ပုံဖိုးတစ်သောင်းကျော်စီတောင်းခံခဲ့သဖြင့်ပေးခဲ့သော်လည်းယခုထိပြင်ဆင်စရိတ်မရရှိသေးသောကြောင့်ရုံးသို့မေးမြန်းရာ၎င်းကိစ္စမှာနှစ်လွန်သွား၍မရတော့ကြောင်းရုံးမှအရာရှိတစ်ဦးမှဖြေကြားခဲ့သဖြင့်ရွာသားများကမကျေနပ် ဖြစ်နေကြပါသည်။၎င်းကဲ့သို့တာဝန်မဲ့စွာဖြင့်ငွေလိမ်လည်မှု။ဌာနဆိုင်ရာလိုအပ်ချက်များကိုတာဝန်ယူဆောင်ရွက်သင့်သည်ကိုမတန်တဆဈေးဖြင့်လျှောက်ခိုင်းမှု။နိုင်ငံတော်မှပေးအပ်သောတာဝန်ကိုထမ်းဆောင်ရမည့်ရုံးဝန်ထမ်းများအနေဖြင့်ပြည်သူများအားကိုးမှုကိုအလွဲသုံးစားလုပ်နေပါသည်။ထို့ပြင်စာရေးကိုဝင်းစိန်သည်လည်းမိမိလုပ်ဆောင်ရမည့်တာဝန်ကိုအချိန်မီဆောင်ရွက်ချင်သဖြင့်ကျောငိးအုပ်ကြီးများအား၎င်း၏လက်အောက်ငယ်သားများပမာရိုင်းပျစွာပြောဆိုဆက်ဆံနေပါသည်။ပထမအကြိမ်ကျောင်းဆောင်ဓာတ်ပုံများကိုသုံးဖက်မြင်အနေထားရိုက်ရမည်ဆို၍ဓာတ်ပုံနှင့်တကွCDခုတ်ကာပေးခဲ့ရပါသည်။ယခုတစ်ဖန်တစ်လမပြည့်မီလေးဖက်မြင်ရိုက်ရမည်ဟုဆိုကာအမြန်ပြန်လုပ်ခိုင်းပါသည်။မြို့နှငိ့နီးသောကျောင်းများမှာမထောင်းတာလှသော်လည်းDနှင့်Eကျောင်းများမှာအခက်အခဲများစွာတွေ့ရပြီးစာသင်ပျက်ခြင်း။စရိတ်များပို၍ကုန်ခြင်း။စာရေး၏ဟိန်းဟောက်မှုကိုTEOလောက်ကြောက်ရမည်ကဲ့သို့ဖြစ်နေခြင်းများကိုတွေ့မြင်နေရသည်မှာဒီမိုကရေစီကျင့်စဉ်များနှင့်လွဲချော်နေပါသည်။သို့ဖြစ်ပါ၍ဝန်ထမ်းများနှင့်ပြည်သူများ၏ဒုက္ခကိုသက်ဆိုင်ရာမှတာဝန်ရှိသူများနားလည်သိရှိစေရန်တင်ပြပေးအပ်ပါသည်။


ဦးသိန်းလွင်
စည်း/မှူး
NLD
0931227239

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment