Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 12 November 2013

မန္တလေးတိုင်းဒေသကြီးတွင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ် ရေးမှူးပူးတွဲ ၍ ကျေးရွာအားမတရားသဖြင့် အုပ်ချုပ်နေသည့်ကိစ္စအားတင်ပြခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မန္တလေးတိုင်းဒေသကြီးကျောက်ဆည်
ခရိုင် တံတားဦးမြို့နယ် မိုးကြိုးတွင်းစံပြရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သော ဦးမျိုးသိန်းသည် ကျေးရွာနေပြည်သူ များအပေါ် အာဏာ ကိုအသုံးပြု၍ အနိုင် ကျင့် အုပ်ချုပ်မှုများ ရှိနေပါသည်။
၁။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီစဉ် ဖြင့် နိုင်ငံတော်မှ ကျေးလက်နေ ပြည်သူများအတွက် ချမှတ်ပေးသောသြဂုတ်လအတွက် တန်ဖိုးနည်းဖုန်း
၁၂ လုံးထဲမှ ၁လုံးကို မည်သူကိုမှ အကြောင်းကြား အသိပေးခြင်း မရှိပဲ
ကျေးရွာ ရပ်ကျေးစာရေး ဦးအောင်ခိုင်လတ် နှင့်ပူးပေါင်း၍ ပြည်သူများအတွက်ချ ပေးသော ဖုန်းကို အလွဲသုံးစားပြု လုပ်ပါသည်။
၂။ ဦးမျိုးသိန်းသည် မိမိ၏ အုပ်ချုပ်မှု လက်ထပ်တွင် ရွာရေး ရပ်ရေး များကို မပြုလုပ်ဘဲ မြေယာပွဲစားအလုပ်ကိုသာ အုပ်ချုပ်ရေးမှူး လုပ်ပိုင်ခွင့်ကို အသုံးပြု လုပ်ကိုင်နေပါသည်။
၃။ ၁၉၉၄ ခုနှစ်မှစတင် ၍ ကျေးရွာလူငယ်များအတွက် ချမှတ်ပေးထားသော ကျေးရွာပိုင် ဘောလုံးကွင်းကိုလည်း မြေစာရင်းဦးဌာန  
နှင့် ပူးပေါင်း၍ ရောင်းချခြင်းများပြုလုပ်ခဲ့ပါသည်။ ရွာအတွင်းမှာလည်း အုပ်စုဖွဲ့၍ ကျေးရွာနေပြည်သူများကို အနိုင်ကျင့် အုပ်ချုပ်နေပါသည်။
၎။ ကျေးရွာအတွင်း ဖြစ်ပျက်တက်သည့် ပြဿနာများကိုလည်း ၄င်းအား
လတ်ပေးလတ်ယူ မပြုလုပ်သည့် အမှုကိစ္စများ ဘက်လိုက်၍ လတ်ပေးသူဘက်မှ ဘက်လိုက် ဆုံးဖြတ်ပေးနေပါသည်။
ယခု ဖြစ်ပျက်သော ကိစ္စ များကို ရပ်မိ ရပ်ဖ များမှ မသင့်တော်ကြောင်း
ဆုံးမခြင်းကို လည်း လက်မခံပါ သို့ ဖြစ်ပါသောကြောင့် တံတားဦးမြိုနယ်
အုပ်ချုပ်ရေးမှူးထံ သို့  စာရေးပြီး ရပ်မိရပ်ဖ များနှင့်ကျေးရွာပြည်သူ များမှ
တိုင်းတန်းပါသော်လည်း ယနေ့ အချိန်ထိ ၂လပြည့်ရန် ၄ရက်သာ လိုတော့သည် ဆောင်ရွက်အရေးယူခြင်း မရှိ ပါ ဦးမျိုးသိန်းမှလည်း မြို့နယ်အဆင့်လောက်ကို ခါးပိုက် ထဲ ထည့်ထားသည်ဟု ပြောဆိုသွားပါသည် မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်အနေ နှင့် ကျေးလတ် နေပြည်သူများ ယခု လို မတရားသဖြင့် အုပ်ချုပ်ခံ နေရသော
ပြည်သူအကျိုးကို မကြည့်  မိမိ ဝန်ထမ်းအကျိုးကိုသာ အဂတိ လိုက်စား၍
ဘက်လိုက် လျစ်လျှူ ရှု နေခြင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကူညီ
အရေးယူ ဆောက်ရွက်ပေးကြပါရန် တင်ပြအပ်ပါသည်။


ဦးခိုင်လင်း  ၀၉၄၀၂၅၃၅၉၀၂- ၀၉၂၅၀၀၃၁၀၇၁
ရပ်မိ ရပ်ဖ

ဦးကျော်ညွန့်
ရပ်မိ ရပ်ဖ

ဦးစိန်မင်း
ရပ်မိ ရပ်ဖ 
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  
 

No comments:

Post a Comment