Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 26 November 2013

ဒေးဒရဲမြို့နယ်​မှ​ စည်းကမ်းမဲ့​ဈေး >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

       ဧရာဝတီတိုင်း​ဒေသကြီး ​ဒေးဒရဲ မြို့နယ်​ရှိ ဗိုလ်​ချုပ်​ လမ်းမှာ အလွန်​အ​ရေးပါ​သောလမ်းတစ်​လမ်
းဖြစ်​သည်​နှင့်​အညီ ထိုလမ်း
ကိုသာအဓိကအသုံးပြုလျက်​ ​ညောင်​တစ်​ပင်​​ကျေးရွာ၊ကုန်းတန်းက
လေး​ကျေးရွာ၊သဲကုန်း​ကျေးရွာ၊တညင်​ကုန်း​ကျေးရွာ၊​တော်​ကမယ်​​ကျေးရွာ​၊တော်​ညွန့်​​ကျေး၊​တော်​မ​လော့​ကျေးရွာ စ​သော​ကျေးရွာများစွာမှ ​ဒေးဒရဲ မြို့သို့​လာကြရပါသည်​။ထိုသို့လာရာလမ်းဖြစ်
သော ဗိုလ်​ချုပ်​ လမ်းနှင့်​ရုံးကြီး(၅)လမ်း
ဆုံရာ တွင်​ရောင်းချလျက်​ရှိ​သော​ဈေ
သည်​ များ​ကြောင့်​​နေ့စဉ်​နှင့်​အမျှ လမ်း
ပိတ်​ဆို့​နေမှုများဖြစ်​​ပေါ်​နေရပါသည်​။
စက်​ဘီး ၊ဆိုက်​ကား၊ဆိုင်​ကယ်​၊​ထော်​လာဂျီနှင့်​ကားများမှာလဲ ​ဈေး​ရောင်း ​ဈေးဝယ်​လုပ်​​နေသူများ ​ကြောင့်​​များ
စွာအ​နှောက်​အယှက်​​ဖြစ်​​နေရပါသည်​။
ကျောင်းသူ /​ကျောင်းသား များအ
တွက်​ပို၍အန္တရာယ်​ဖြစ်​​နေရပါသည်​။
ထို့​ကြောင့်​တာဝန်​ရှိသူများမှ အမြန်​ဆုံး
ရှင်းလင်း​ပေးပါရန်​ တင်​ပြအပ်​ပါသည်​။


ထိုလမ်းအသုံးပြုသူ ပြည်​သူတစ်​ဦး 

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment