Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 29 November 2013

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် မှ ရွာလေးတရွာရဲ့အကြောင်းလေးပါ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ဒေသ မိဿလင်ကျေးရွာအုပ်စုဇီးခုံကျေး
ရွာတွင် ကိုယ်ထူကိုယ်ထ ကျေးရွာစာသင်ကျောင်းကို ၂၀၁၂ ခုနှစ်မှာ စတင်တည်ဆောက်ဖွင့် လှစ်ခဲ့ပါတယ် ၂၀၁၃ နှစ်ဝက်တွင် မူလတန်းကျောင်းအဖြစ် အသိမှတ်ပြုခြင်းခံရပါသည် ကျောင်းဆောက်ရာတွင် ရွာသူ ရွာသားများညီညွတ်စွာ လုပ်းအားကော ငွေကြေးပါ ပါဝင်ခဲ့ကြသည် ငွေပါဝင်ရာတွင်လယ်သမား တစ်သိန်းကျပ် အလတ်စား ရှစ်သောင်းကျပ် ပျံကျ ခုနှစ်သောင်းကျပ်နှုန်းဖြင့် ပါဝင်ခဲ့သည် ဇီးခုံရွာသည် အိမ်ခြေ ၁၀၀ ရှိသည် လယ်သမား ၃၅ ဦး အလတ်စား ၁၂ ဦး နှင့် ကျန်သူများမှာ လက်လုပ်လက်စား နေ့စားများဖြစ်သည် ကျောင်းလုပ်ပြီးစီးသောအခါ ကျေးရွာလူကြီး ဦးမောင်အေးနှင့်ကျောင်းကော်မတီ အဖွဲ့မှ စာရင်းရှင်းတန်းပြုလုပ်ပေးခြင်း မရှိဘဲ ကျောင်းဖွင့်ပွဲအတွက်ဟုအမည်တပ်ပြီး ၁၅၀၀၀ နှုန်း ကောက်ခံခဲ့ပါတယ် အဲနောက်ဆရာ ဆရာမ ရရှိရန် ၁၅၀၀၀နှုန်းထပ်မံကောက်ယူပါတယ် ရွာသားများမှထည့်ပေးခဲ့ပါတယ်
25-11-2013ရက်နေ့တွင် ကျေးရွာရံပုံငွေလုပ်ရန် ၁၅၀၀၀နှုန်းထပ်မံကောက်ယူရာတွင် ရွာသားများမှထည့်ပေးမယ် ကျောင်းရဲ့ကုန်ကြစရိတ်ကို စာရင်းရှင်းပြပါလို့တောင်းဆိုတာကို ရွာသားများအား ဆဲဆိုကြိမ်းမောင်းခြင်း ပြုလုပ်သည်ကို အုပ်ချုပ်ရေးမှူးကလည်း လစ်လူရှုထားပါတယ် ကျွန်တော်တို့ ရွာလေးရဲ့အနာဂတ်ကို ပြန်လည်ပုံဖော်ပေးကြပါအုံးဗျာ
                လေးစားစွာဖြင့်         ရွာသားတစ်ဦး

ကိုငယ်လေး
ဇီးကုန် ရွာ
၀၉ ၄၂၈၁၅၄၆၁၅ 
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment