Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 17 November 2013

ဓနုဖြူမြို့တွင်ဥပဒေကို ဆန့်ကျင်ပြီး ပိုးမွှားရွက်ဖျန်းဆေး ဆိုင် ဖွင့်လှစ်ထားရှိခြင်းအား ဖယ်ရှားပေးနိုင်ရန် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဓနုဖြူမြို့(၁၇)ရပ်ကွက်၊အကျော်တာလမ်းဘေးရှိ ဂျိုကာ စားသောက်ဆိုင်ပိုင်ရှင် မင်းမင်းကျော် မှ စားသောက်ဆိုင်အနီးတွင် ပိုင်ရှင် နှင့် တရုတ်လူမျိုး၊ကုလားလူမျိုး (၃)ဦးပေါင်းပြီး ဥပဒေကို ဆန့်ကျင်ကာ စည်ပင်နယ်နိမိတ်တွင်  မြင့်မြတ်ရတနာ စိုက်ပျိုးရေး ရွက်ဖျန်းပိုးမွှားသတ်ဆေး အရောင်းဆိုင်အား ဖွင့်လှစ်ထားရှိပါသည်။ ၄င်းတို့(၃)ဦး အနေဖြင့် မြို့နယ်စည်ပင်သာယာရေး နှင့် ပူးပေါင်းကာ ဖွင့်လှစ်ထားရှိခြင်းနှင့်ပတ်သက်í စိုက် ပျိုးရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသော ဥပဒေအရ စားသောက်ဆိုင်အနီးတွင် ပိုးမွှား ရွက် ဖျန်းဆေး အရောင်းဆိုင်အား ဖွင့်လှစ်ခွင့်မရှိ ကြောင်းဥပဒေကို ဆန့်ကျင်ပြီး စားသောက်ဆိုင်အနီးတွင် ဖွင့်လှစ်နေခြင်းအား မြို့ပေါ်ရှိပြည်သူများအနေဖြင့် ကျေနပ်မှု မရှိဖြစ်နေပါသဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းအစည်းများ အနေဖြင့် မည်သူ့ကိုမှ ဂရုမစိုက် ထင်ရာစိုင်းကာ အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ မသမာသော စီး ပွားရေးလုပ်ငန်း လုပ်နေခြင်းကြောင့် အနီးဝန်းကျင်ရှိ ပြည်သူများနှင့် စားသောက်ဆိုင်တွင် စားသုံးသူများအား အသက်အနရာယ်စိုးရိမ်ရပါသဖြင့် အဆိုပါ ရွက်ဖျန်းပိုးမွှားသတ်ဆေး အရောင်းဆိုင်အား ဖယ် ရှား ရှင်းလင်း ပေးနိုင်ပါ ရန် တင် ပြ တိုင်ကြား အပ်ပါသည်။

                                              (ပေးပို့သူ)
                            ဓနုဖြူမြို့(၁၇)ရပ်ကွက်သားများ

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment