ဦးသိန်းစိန်
နိုင်ငံတော် သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
အကြောင်းအရာ ဒေသစရိတ် ခံစားခွင့်မရရှိခြင်းကိစ္စ
ရည်ညွှန်းချက် ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာ
စာအမှတ် ၂၈၆ / ၂၀၁၃
အထက်အကြောင်းအရာပါနှင့်ပတ်သက်၍ မကွေးတိုင်း
ဂန့်ဂေါမြို့နယ်ရှိမြစ်သာရေလှော
ဆောင်နေသော ဆည်မြောင်းဦးစီးဌာန တည်ဆောက်ရေး( ၈) မှ ဝန်ထမ်းများ
သည် ဒေသစားရိတ် ခွင့်ပြုသည့်နေရာတွင် တာဝန်ထမ်းဆောင်နေသော်လည်း
ဒေသစားရိတ်ခံစားခွင့် မရရှိသေးပါ ညွှန်ကြားရေးမှုးအား တင်ပြရာ၌ အခြေစိုက်
ရုံးမှာ မကွေးမြို့တွင်ရှိ၍ မရနိုင်ကြောင်းပြောပါသည် သို့ဖြစ်သော်လည်း ဝန်ထမ်း
များမှာ မကွေးမြို့ ဝန်ထမ်းလိုင်းခန်းများတွင် နေထိုင်ကြသူများမဟုတ်ဘဲ တာဝန်
ကျသည့်စီမံကိန်း၌ (၂၄)နာရီ ပိတ်ရက်မရှိ အမြဲနေထိုင်၍ တာဝန်ထမ်းဆောင်
နေရသည် စီမံကိန်းတည်ရှိရာနေရာမှာလည်း ဒေသစားရိတ်ခံစားရသည့် ဂန့်ဂေါ
မြို့ထက် ကုန်ဈေးနှုန်းကြီးမြင့်ကာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး လူမှုရေး
ခက်ခဲမှုများပါ ကြုံတွေ့နေရပါသည်
သို့ဖြစ်ပါ၍သမ္မတကြီး အနေဖြင့် ဝန်ထမ်းများ၏ " ဒေသ
စားရိတ် ရရှိသည့်နေရာတွင်တာဝန်ထမ်းဆောင်
ရရှိခြင်း " အားစာနာထောက်ထား စဉ်းစားပေးပါရန် အသနားခံတင်ပြအပ်ပါသည်
ဂန့်ဂေါမြို့နယ် မြစ်သာစီမံကိန်းမှဝန်ထမ်းများ
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:
Post a Comment