Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Monday 11 November 2013

ရန်ကုန်တိုင်းဒေသကြီးတွင်မီတာဘောက်မရှိပဲ လျှပ်စစ်ဓါတ်အားများကို ပေါ်ပေါ်ထင်ထင်ခိုးယူနေသူများကို အရေးယူပေးပါရန် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော် အေဘလောက် ၁၂လမ်း တိုက်၁၂ သည် မြန်မာ့လျှပ်စစ်ဓါတ်အားလုပ်ငန်း
မှ တရားဝင် မီတာလျှောက်ထားခြင်းမရှိသည့် ယြုဇနကုမ္မဏီပိုင် တိုက်တစ်လုံးဖြစ်ပါသည် ထိုတိုက်တွင်ဝန်ထမ်းတစ်ချို့အား နေထိုင်ခွင့်ပေးထားပါသည် ထိုဝန်ထမ်းများထဲမှ ကိုငယ်လေးဆိုသူသည် ဒဂုံဆိပ်ကမ်းလျှပ်စစ်ဓါတ်အားပေးရုံးမှ ဝန်ထမ်းတစ်ချို့ နှင့်သိခင်မင်ရင်းနှီးပါသည် ထိုကိုငယ်လေးဆိုသူသည် မြန်မာ့လျှပ်စစ်ဓါတ်အားပေး တိုင်မှနေ၍မိမိနေထိုင်ရာ တိုက်၁၂သို့လျှပ်စစ်ကြိုးဖြင့်သွယ်တန်းခိုးယူထားပါသည် လာရောက်စစ်ဆေးပါကလည်း မိတ်ဆွေများမှကြိုတင်သတင်း ပေးသဖြင့် လျှပ်စစ်တိုင်ပေါ်တက်ကာ ကြိုတင်ဖြုတ်ထားပါသည် ထိုနည်းဖြင့်ခိုးယူနေသည်မှာအလွန်ပင်ကာလကြာရှည်နေပြီဖြစ်ပါသည် မြန်မာနိုင်ငံတော်အနေဖြင့်လျှပ်စစ်ယူနစ်များစွာပျောက်ဆုံးနေရခြင်းများစွာထဲမှ တစ်ခုပင်ဖြစ်ပါသည်

တာဝန်သိပြည်သူတစ်ဦး

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment