Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 3 November 2013

မကွေးတိုင်းဒေသကြီးမြိုင်မြို့နယ်တွင်လိုင်စင်မဲ့ရမ်းကုများပေါများနေခြင်း...။ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အိုင်သပြု အထကတွင် ဆရာ ဦးရေနှင့်ကျောင်းသားအချိုး မညီမျပြီး သင်ကြားရေးလုပ်ငန်း ကျောင်းဖွံ ဖြိုးရေးလုပ်ငန်းများ နောက်ကျမှုများဖြစ်ပေါ်နေ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

 မကွေးတိုင်းဒေသကြီးမြိုင်မြို့နယ်တွင်လိုင်စင်မဲ့ရမ်းကုများပေါများနေခြင်း

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 မကွေးတိုင်းဒေသကြီးမြိုင်မြို့နယ်
တောရွာကျေးရွာတွင် ရမ်းကု ၃ဦး
ရေစကြိုမြ်ု့ နယ်တွင် ရမ်းကု ၁ဦးတို့
သည် ဆေးကုသခွင့် လိုင်စင်မရှိဘဲ
လုပ်ကိုင်နေကြပါသည။်
  ၎င်းတို့၏ မကျွမ်းကျင်မှုကြောင့် ဒေသခံပြည်သူတို့မှာ ဘေးထွက်ဆိုး
ကျိုးများ  တခါတရံတွင် အသက်အန္တ
ရာယ်ထိခိုက်ခဲ့ရသော လူနာများပင်
ရှိခဲ့ပါသည်။
  ထို့ကြောင့် ၎င်းရမ်းကုများကို သကိဆိုင်ရာမှတဆင့်ဥပဒေနှင့်အညီ
ဆောငိရွက်နိုင်ရန်တငိပြလိုက်ရပါသည်။

  မြိုင်နယ်သား

>>>>>>>>>>>>>>>>>>>>>>>>>>>.>>>

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အိုင်သပြု အထကတွင်
ဆရာ ဦးရေနှင့်ကျောင်းသားအချိုး မညီမျပြီး သင်ကြားရေးလုပ်ငန်း ကျောင်းဖွံ
ဖြိုးရေးလုပ်ငန်းများ နောက်ကျမှုများဖြစ်ပေါ်နေ

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်   အိုင်သပြုကျေးရွာ
တွင်   အခြေခံပညာအထက်တန်းကျောင်း အိုင်သပြု အထကတွင်
ဆရာ ဦးရေနှင့်ကျောင်းသားအချိုး မညီမျပြီး သင်ကြားရေးလုပ်ငန်း ကျောင်းဖွံ
ဖြိုးရေးလုပ်ငန်းများ နောက်ကျမှုများဖြစ်ပေါ်နေပါသည်။ အထက်တန်း ပိုင်းတွင်
ခွဲတန်း အချိုးအရ ဆရာ ၁၅ ဦး  သင်ကြားရာတွင် သင်ကြားရေး ဆရာ ၃ ဦး
ပြောင်းရွှေ့သွားရာတစ်နှစ်ခန့် ရှိနေပြီး အစားပြန်လည်ပေးမှု မရှိသေးပါ။
ကာယဆရာ တစ်ဦးမှာ လည်း ပြောင်းရွှေ့သွား သော်လည်း ယခုအချိန်ထိ
ခန့်အပ်ထားခြင်း မရှိသေးပါ။
          အလယ်တန်း ပိုင်းတွင်လည်း  ဆရာတစ်ဦး ဆရာမတစ်ဦး ပြောင်းရွှေ့
သွားရာ  ဆရာတစ်ဦး ဆိုလျှင် ၃ နှစ်ခန့်ရှိပြီး ယခုအချိန်ထိ ပညာရေးဝန်ကြီး
ီဌာနမှ အသစ်ပြန်လည်ခန့်အပ်ခြင်းမရှိပါ။
        အိုင်သပြု အထကတွင် ကျောင်းသား ၁၃၀၀ ခန့် ပညာသင်ကြားနေပြီး
ဆရာ ဦးရေ ၄၀ ခန့် ရှိပါသည်။  သို့သော် ပြောင်းရွှေ့ သွားသော ဝန်ထမ်းများ
နေရာတွင် လစ်ဟာခြင်းများရှိနေပြီး  အောက်ခြေသင်ကြားရေးဝန်ထမ်းမဟုတ်
သော  သူများမှာ လည်း အလယ်တန်း
အထက်တန်း တန်းခွဲ များတွင် ဘာသာရပ်တစ်ခုကို ဝန်ရောက်သင်ပေးနေရပါသည်။
              သို့ပါသောကြောင့်  လစ်လပ်နေသော ဝန်ထမ်းများ နေရာတွင် အမြန်
ဆုံး ပြန်လည်ခန့်အပ် ပေးပါရန် သက်ဆိုင်ရာ ပညာရေးဌာနနှင့် အခြားသက်ဆိုင်
ရာ ဌာနများသို့ တင်ပြပါသည်။

အိုင်သပြု သား

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment