Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 22 November 2013

"မီးဘေးအန္တရာယ်ဆိုးရိမ်ရသော " ဧရာဝတီတိုင်း ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်၏ မြို့လယ်ခေါင်မှ ဓါတ်ဆီ/ဒီဇယ်ရောင်းသည့် ကိုယ်စလှယ်ဆိုင်ကြီးများအား မြို့အပြင်ဘက်သို့ရွှေ့ပြောင်းပေးကြပါရန်...>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ကျွန်တော်တို့ဧရာဝတီတိုင်း ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်သည် မြို့ပေါ်(၆)ရက်ကွက် ကျေးရွာ(၉၃)အုပ်စုနှင့်လူဦးရေ(
၃)သိန်းဝန်း ကျင်ခန့်နေထိုင်သောမြို့ဖြစ်ပါသည်။
ရပ်ကွက်နှင့်ကျေးရွာများအားလုံးသည် မြို့လယ်ကောင်တွင်တစ်ခုတည်းသာရှိသည့် မြို့မဈေးကြီးကိုသာအားကိုး၍နေရပါသည်။ သို့သော်ပွင့်လင်းရာသီသို့ရောက်လျှင် မြို့မဈေးကြီးအနီးရှိ ဓါတ်ဆီ/ဒီဇယ် များသိုလှောင်ကာ တစ်မြို့နယ်လုံးသို့ လက်လီလက်ကားဖြန့်ဝေရောင်းချသည့်ဆီဆိုင်များမှာ မြို့လယ်ခေါင်တွင် (၅)ဆိုင်ရှိသဖြင့် မီးဘေးအန္တရယ်စိုးရိယ်ဖွယ်ပင်ဖြစ်ပါသည်။သက်ဆိုင်ရာ မြို့မိမြို့ဖများနှင့်တကွ မြို့နယ်မီးသတ်ဦးစီးဌာနသည်လည်း မည်သည့်အတွက်ကြောင့် မတားမြစ်သည်ကို ကျွန်တော်တို့ယ္ခုတိုင်အဖြေရှာ၍မရပါ။မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့မြို့ခံများအနေဖြင့် မြို့လယ်ခေါင်တည့်တည့်တွင် ဆီဆိုင်များရှိနေခြင်းသည် ကျွန်တော်တို့အနီး၌ အချိန်မရွေးထပေါက်ကွဲနိုင်သော စနစ်တံဖြုတ်ထားသည့် ဗုံးတစ်လုံးရှိနေသည်ဟုသာထင်ပါသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် မည်သူ့ မည်သူကို ပိုင်စေကာမူ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မြို့ခံများ၏အသတ်အိုးအိမ်များမဆုံးရှုံးမီ သက်ဆိုင်ရာမှ သေချာကွင်းဆင်းစစ်ဆေးကာ ကူညီဖြေရှင်းပေးကြပါရန် ဤဂဏ္ဍမှတဆင့် တင်ပြအကူအညီ တောင်းခံအပ်ပါသည်။                     

မြို့ခံတစ်ဦး

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment