Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 27 November 2013

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် စာရေးကွင်းအုပ်စု ကျုံမိကျေးရွာ ကျောင်းသားမိဘများ ခံစားချက် နောက်ဆက်တွဲ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အထက်ပါကိစ္စ ပက်သက်၍ ဧရာဝတီတိုင်း ဒေသကြီး လေးမျက်နှာမြို့နယ် စာရေးကွင်းအုပ်စု ကျုံမိကျေးရွာ
အ.မ.က မှ ကျောင်းအုပ်ဆရာကြီး ဦးဝင်း ဦး ၏ ဝန်ထမ်းစည်းကမ်း ချိုးဖောက်မှုများ အား ကျောင်းသားမိဘများ ရပ်ရွာအုပ်ချုပ် ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများမှ မြို့နယ် ပညာရေးမှုးရုံးသို့  ၈.၈.၂၀၀၉ တွင် တစ်ကြိမ် ၁၄.၆.၂၀၁၁ တွင်တစ်ကြိမ် ၁၁.၉.၂၀၁၃ တွင် တစ်ကြိမ် ။ယခု မကြာသေးခင်က တစ်ကြိမ်တိုင်ကြားခဲ့ပါ သေးသည်။ထိုအခါ ပညာရေးမှုးရုံးမှ တာဝန်ရှိသူက အရေးယူပေးမည်ဟု ထုံးစံအတိုင်းပြောပါသည်။
ထို့နောက် ကျုံမိကျေးရွာသို့ ဦးခင်မောင်ချို ရောက်ရှိလာပြီး ကျောင်းအုပ်ဆရာကြီးက မဖြေရှင်းတော့ပါဟု ပြော၏။ဆန်ခိုးမှုကို မတိုင်ပါနှင့်။ဆေးပင်စင်တော့စားပါစေ ။
ရပ်ရွာလူကြီးများလည်း ကျေနပ်ပါ။ အကယ်၍ ပြောင်းလဲပါက ပြောင်းသူဘက် က အရှုံးဟုပြောပါသည်။ထိုနေ့ရက်မှာ ၁၃.၁၁.၂၀၁၃ ဖြစ်သည်။
နောက်တစ်ခါ ၁၈.၁၁.၂၀၁၃ နေ့တွင် လာရောက်မေးမြန်းစစ်ဆေးသည့်အခါ ကျောင်းအုပ်ကြီး ဦးဝင်းဦးဘက်မှ ရပ်တည်ပြောဆိုကာကွယ် စကားပြော ကြ၏။
ရွာသားများအား ချက်ခြင်း ကျောင်ုးအုပ်မရ နိုင်ကြောင်း ယခင်စကား မှာကျောင်းအုပ်အား ချောက်တာဖြစ်ကြောင်း  တိုင်းကိုစာတင်ဦး မည်။နှစ်လ သုံးလကြာနိုင်ကြောင်း အထက်ကအမိန့်အတိုင်း လုပ်ရမှာဖြစ် ကြောင်း အမျိုးမျိုးပြောသွားကြပါသည်။
ပညာရှင်နယ်မှာနေပြီး လူကြီးလူကောင်း ဆန်သော စကားကို ဘာကြောင့်မပြော သလဲ ဘာဖြစ်လို့စကား တစ်မျိုးပြောင်း တာလဲ ။ကျောင်းသားမိဘများ နားမလည် ကြဖြစ်နေရပါသည်။
ထိုအကျင့်ပျက်ကျောင်းအုပ်ဆရာကြီးကို ကာကွယ်ခြင်းသည်  ကျုံမိကျေးရွာမှ ကလေးများ၏ ပညာရေးကို ဖျက်ဆီးရာ ရောက်နေပါသည်။
ဦးဝင်းဦးကို ကာကွယ်၍့် ကျေးရွာ မြို့နယ် တိုင်းပြည် အတွက်အကျုးမရှိနိုင်ပါ။ကျုံမိရွာ၌ တာဝန် နှစ်ခါကျ၍ မိအေး အခါများစွာနာရသော ရွာပါ။နောက်ကြောင်း ကိုယ်ရေးအကျဉ်း ကို ကြည့်ပါ။တိုင်းအစည်းအဝေးသွားရာ လမ်းပေါ်မူးလနေ၍ ကိုးသိန်းစခန်းမှာ အိပ်ခဲ့ရသူဖြစ်၏။
တိုင်ချင်ရာတိုင် ဂရုမစိုက်ဘူး။ တိုင်းပညာ ရေးကလည်း ဖြုတ်လို့မရဘူးဟု ကျောင်းအုပ်ကြီး ဦးဝင်းဦးက ရွာသားမိဘမျာအား မချေမငံ ပြောပါသည်။
သည့်အတွက် တိုင်းပညာရေးကို တိုင်ထားပြီး အရေးယူမှုကို စောင့်ကြည့် နေပါသည်။
ဦးလှတင် ၁၄/လမန နိုင် ၀၄၆၀၂၅
ဥင်္းသန်ထွန်း ၁၄/လမန နိုင် ၀၅၃၀၇၇

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment