Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 5 November 2013

ဧရာဝတီ တိုင်းဒေသကြီးဒါးကရွာရဲမုန်.ဟင်းခါးဖိုမှ အပုပ်နံ.ကို ကျန်းမာရေး အရညီညွတ်အောင် ပြုပြင်ပေးစေလို >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  ဧရာဝတီ တိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို.နယ်၊ ဒါးကကျေးရွာသည် 2011-ခုနှစ် နောက်ပိုင်းမှစကာ အရှိန်အဟုန်ဖြင့်စီကားတိုးတက်လာ
ပါသည်။
             မီးရထားဘူတာရုံကြီးဟာ လမ်းအလယ်ခေါင်ရောက်နေသဖြင့် အဘ၀န်ကြီးချုပ် အကူအညီဖြင့် ရွေ့ပြောင်းပေးခဲ့ပါသည်။ ယခုအခါမှာတော့ ဘူတာရုံဟောင်းနေရာမှာ ကွန်ကရိလမ်း ဖြင့်  သပ်သပ်ရပ်ရပ် ရှိနေသလို ရောင်းသူဝယ်သူ များဖြင့် ဈေးမှာလည်း အလွန်စည်ကားလှပါသည်။
             ယင်သို. တိုးတက်သာယာမှုအားလုံးကို ဖျက်ဆီးနေသည်မှာ ဈေးရပ်ကွက်က ချီးပုပ်နံ.ပင်ဖြစ်ပါသည်။ ဈေးရပ်ကွက်မှာ မုန်.ဟင်းခါးဖို တစ်ခုရှိပါသည်။ ထိုမုန်.ဟင်းခါးဖိုမှထွက်သော  အနံ့ သည် လေစုန်လျှင် ကျုံရာကနံနေသည်မှာ ချီးပုပ်နံ.အတိုင်းပင်ဖြစ်နေပါ
သည်။လူစည်ကားပြီး အိမ်ခြေသိပ်သည်းသော ဈေးရပ်ကွက်အတွင်းမှာ မုန်.ဟင်းခါးဖိုကလောင်စာထင်းအဖြစ် သုံးရန် ဖွဲခွန်များကို သိုလှောင်ခြင်းကလည်း မီးဘေးအတွက်စိုးရိမ်စရာ ဖြစ်ပါသည်။
              ကျေးရွာအုပ်ချုပ်ရေးမှုးအဆင်.နှ
င့် ပြုပြင်လို. မရနိုင်တာကြောင့် တာဝန်ရှိသူများသိလျှင် ဒါးကရွာရဲ. ကြက်သရေမဲ့စေသော မုန်.ဟင်းခါးဖိုမှ အပုပ်နံ.ကို ကျန်းမာရေး အရညီညွတ်အောင် ပြုပြင်ပေးလိမ့်မည်ဟု ယုံကြည်ကာ တင်ပြလိုက်ပါသည်။
 
ဒါးကကျေးရွာမှ ပြည်သူတစ်ဦး
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment