Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 14 November 2013

မြန်မာနိုင်ငံရဲတပ်ဖွဲ့အကြောင်း တစ်စေ့တစ်ဇောင်း ( ရင်ဖွင့်စာ ) >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ကျွန်တော်တို့က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အကြောင်း အမျိုးမျိုးကြောင့် နှုတ်ထွက်ခွင့် တင်ထား ကြသူများဖြစ်ကြပါတယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ လုပ်သက် (10) နှစ် (10) နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ ကျွန်တော် ပြောခြင်တာကတော့ ကျွန်တော်တို့ရဲ့ နှုတ်ထွက်ခွင့်တွေကို နရခ ကနေ ထွက်တဲ့ ရက်နှင့် တိုင်း ၊ ခရိုင် ၊ မြို့နယ် မှ တဆင့် ကျွန်တော်တို့ လက်ထဲသို့ (၁) လ (၁) လကျော်လောက်မှ ရောက်လာရတာ။ ရောက်မလာခင် ကျွန်တော်တို့ဟာ တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေကြရတာပါ။ ကျွန်တော်တို့ လက်ထဲသို့ ထွက်စာ(အမိန့်) ရောက်တဲ့ အချိန်ဟာ ကြာမြင့်ပြီ ဖြစ်တဲ့အတွက် ထမ်းဆောင်နေချိန်အတွင်း လစာ ထုတ်ပေးထားသော်လည်း အဲသည်လစာဟာ ကျွန်တော်တို့အတွက် မဟုတ်တော့ပါဘူး။ နရခက ထွက်တဲ့ အမိန့်က အတည်ပါလို့ ပြောတယ် ။ နရခ မှ နှုတ်ထွက်ကြလာတဲ့ အချိန်ကစပြီး ကျွန်တော်တို့ လက်ထဲ ရောက်တဲ့ အချိန်အထိ ကာလအတွင်း ကျွန်တော်တို့ ထမ်းဆောင်ခဲ့တာ ဘာလစာမှ မရရှိဘဲ နရခ နှုတ်ထွက်အမိန့်နှင့် တိုင်း ၊ ခရိုင် ၊ မြို့နယများသို့ ဖြတ်သန်းချိန်အတွင်း လစာ မရပေးမည့် ပြဿနာတစ်စုံတစ်ရာ ဖြစ်ခဲ့ရင်တော့ ကျွန်တော်တို့ ရဲစည်းကမ်းဖြင့် အရေးယူခံရမှာ သေခြာပါတယ်။နောက်ဆုံး ကျွန်တော်ပြောခြင်တာက ကျွန်တော်တို့ လက်ထဲေ၇ာက်တဲ့ အချိန်ထိ လစာကို ပေးစေလိုခြင်ပါတယ်။ အဲဒါမှလည်း ကျွန်တော်တို့ အချိန်တွေ အလဟသ မဖြစ်မှာပါ။ လူကြီးတွေ အနေဖြင့် ဒါတွေကို ဆင်းစားပေးစေလိုခြင်ပါတယ်။ တပ်ဖွဲ့ဝင်တစ်ယောက်အပေါ် နှုတ်ထွက်သွားတယ် ဆိုပြီး မျက်နှာလွှဲ ခဲပစ်တော့ မဖြစ်စေခြင်ဘူးဟု  ရင်ဖွင့်လိုက်ပါရစေဗျာ ....
 
ပေးပို့သူ ......ပြည်သူတစ်ဦး
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment