Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 26 November 2013

ဓနုဖြူမြို့စားသောက်ဆိုင်အနီးရှိ ပိုးမွှားရွက်ဖျန်းပိုးသတ်ဆေးဆိုင်အား ဖယ်ရှားပေးနိုင်ရန် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဓနုဖြူမြို့(၁၇)ရပ်ကွက်၊ အကျော်တာလမ်းမ ဘေးရှိ ဂျော်ကာ စားသောက်ဆိုင်အနီး ပေ (၃၀)ခန့် ၀န်းကျင်တွင်  မြင့်မြတ်ရတနာ ပိုးမွှားရွက်ဖျန်းဆေးဆိုင်ဖွင့်လှစ်ထားရှိခြင်း သည် ၄င်းဆေးဆိုင် အနေဖြင့်  စိုက်ပျိုးရေးဌာနမှ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားရှိခြင်း ဖြစ် သော်လည်း ဓနုဖြူမြို့နယ်၊ စိုက်ပျိုးရေးဌာနအနေဖြင့် မသိကျိုးကျံပြုကာ အရေးယူမှု မရှိဖြစ်နေပါသည်။ အဆိုပါ ရွက်ဖျန်းပိုးသတ်ဆေးဆိုင်သည် စားသောက်ဆိုင်နှင့် အလွန် နီးကပ်နေသဖြင့် စားသုံးသူများအတွက် အသက်အနရာယ်အလွန်စိုးရိမ်ရပါသဖြင့် မြို့နယ်
ကျန်းမာရေးဦးစီးဌာန အနေဖြင့်လည်း စားသုံးသူများများအတွက် ဥပဒေနှင့်အညီ စစ်ဆေးပြီး ဥပဒေနှင့်ကိုက်ညီမှုမရှိပါက ၄င်းရွက်ဖျန်းပိုးသတ်ဆေးဆိုင်အား စားသောက်
ဆိုင် နှင့် လွတ်ရာသို့ အမြန်ဆုံးဖယ်ရှားပေးနိုင်ရန် အသိပေးတိုင်ကြားအပ်ပါသည်။

                                                                                                   ပေးပို့သူ
                              
                                             ဓနုဖြူမြို့(၁၇) ရပ်ကွက်သားများ

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment