Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Monday 25 November 2013

မော်လိုက်မြို့အရှေ့ဖက် ကိုးတန်ချောင်းနှင့် ဖုန်းသုန်းချောင်းတစ်လျှောက်ရွှေမျောများ တရားမဝင်လုပ်ကိုင်နေ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မော်လိုက်မြို့အရှေ့ဖက် ကိုးတန်ချောင်းနှင့်  ဖုန်းသုန်းချောင်းတစ်လျှောက်ရွှေမျောများ  တရားမဝင်လုပ်ကိုင်နေပါတယ် ။လယ်တွေတောင်ယာတွေ သစ်တောတွေကျက်ဆီး တောင်တွေပြိုကျ နိုင်ငံရေမြေသယံဇာတတွေဟာပျက်ဆီးနေပါပြီ။ ဆင်းရဲလို့လုပ်စားကြသော်လည်း အများအတွက်နိုင်ငံအတွက်ကြည့်သင့်ပါတယိ။ ဒေသအာဏာပိုင် ခယက။မယက။ရဲ။ သစ်တော။မြေစာရင်းတို့ တားဆီးခြင်းမရှိဘဲ လစဉ်ကြေးရယူကာခွင့်ပြုနေသည်မှာနှစ်ချီကြာမြင့်နေပါပြီ။စက်မျောပေါင်း(200)ကျော်ရဲ့ဆောင်ရွက်မှု ဘယ်လောက် ပျက်စီး  နေပြီလဲ? စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများမှလည်း မသိသလို။ မကြား သလိုနေကြပါသည်။ တိုင်းပြည်အတွက်အခွန်။ရေမြေသယံဇာတ နစ်နာသလို။ အကျင့်ပျက်ဝန်ထမ်းများအတွက် အခွင့်အရေးပေးသလိုဖြစ်၍တိုင်းကြည်အတွက် ကြီးစွာသော ဆုံးရှုံးမှုပါ။ အထက်က အရေးယူပိုင်ခွင့်/အရေးယူဆောင်ရွက်မည့် တိုင်းပြည်ချစ်သူများထံ သိရှိအောင်ဖော်ပြပေးပါ။

aungthu.at20@gmail.com

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။   

No comments:

Post a Comment