Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 17 November 2013

မကွေးတိုင်းဒေသကြီးသရက်ခရိုင်တွင်မူလတန်းပြ ကျောင်းအုပ်ဆရာ ဦးဘန်းဇံနှင့်ကျောင်းအထွေထွေလုပ်သား ဦးစန်းရွှေ ပုဂ္ဂိုလ်နှစ်ဦးတို့အား သက်ဆိုင်ရာများမှ ထိရောက်စွာအရေးယူဆောင်ရွက်ပေးပါရန်တင်ပြခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အထက်ပါကျောင်းအုပ်ဆရာကြီးသည်မိမိတာဝန်ကျသည့် ချိုးစမ်းကျေးရွာနှင့် (၅)မိုင်ခန့်ကွာဝေးသော လက်ပံတံခါးကျေးရွာ၌နေထိုင်သူတယောက်ဖြစ်ပါသည်။ အဆိုပါကျောင်းအုပ်ဆရာကြီးသည် မိမိတာဝန်ကိုမလေးစား ပညာရေးကိုအလေးထားခြင်းမရှိဘဲ (၁)အရက်သေစာသောက်စားပြီးကလေးသူငယ်များကိုကျေးရွာတွင်းအိမ်၌ခေါ်၍ စာသင်ကြားခြင်း စာသင်ကျောင်း၌မသင်ကြားခြင်း (၂)နှစ်စဉ်ဇွန်လ ကျောင်းဖွင့်ရက်မှာ လာရောက်ကျောင်းဖွင့်မပေးခြင်း (၃)စာသင်ကြားရက်နည်းခြင်း နှစ်ချုပ်အားဖြင့်သင်ကြားရက်မှာ ရက် ၃၀ လောက်သာသင်ကြားသည်။ (၄)နိုင်ငံတော်ကချပေးသော အသေးစားကျောင်းပြင်ဆင်စရိတ်မူလတန်းကျောင်းအတွက် ကျပ်ငွေ ၂၅၀၀၀၀ နှစ်သိန်းငါးသောင်းကျပ်ကိုလဲ ကျောင်း၏လိုအပ်ရာမှာမသုံးစွဲဘဲ မိမိကိုယ်ကျိုးအတွက်သုံးစားထားခြင်း အထွေထွေကျောင်းလုပ်သားရှိသော်လဲ စာပေမသင်ကြားနိုင်ခြင်းမရှိ ကျောင်း၏သန့်ရှင်းရေးလုံခြူံရေးတာဝန်ကိုထမ်းဆောင်ခြင်းမရှိဘဲ။ ဖေါ်ပြပါပုဂ္ဂိုလ်
နှစ်ဦးတို့သည် အကျင့်ပျက်ဝန်ထမ်းများသာဖြစ်ေ
နပါသည်။ ထိုကျောင်းအုပ်ဆရာကြီးဦးဘန်းဇံနှင့်ကျောင်းအထွေထွေလုပ်သားဦးစန်းရွှေနှစ်ဦး တို့အား သက်ဆိုင်ရာမှ ထိရောက်စွာအရေးယူဆောင်ရွက်ပေးပါရန်တင်ပြအပ်ပါသည်။ 
 
တိုင်ကြားသူ တာဝန်သိပြည်သူတစ်ဦး
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment