Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 13 November 2013

မကွေးတိုင်းဒေသကြီးတွင်တရားမဝင် ဆေးကုသခြင်းများပြုလုပ်နေ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်
နီပဆေးတောကျေးရွာတွင် ရမ်းကု
ဦးတင်ငွေနှင့် ၎င်း၏လက်ထောက်
ကိုဟန်ဆွေတို့သည် တရားမဝင်လိုင်
စင်မဲ့ ဆေးကုသနေကြပါသည်။
  ဦးတင်ငွေ သည်သူ့ကိုယ်သူ
သမားတော်ကြီးကဲ့သို့ ဟိတ်ဟန်တွေ
နှင့်လူနာများအပေါ်ပြုမူပါသည်။
အချို့သောလူနာများကို ကိုယ်တိုင်
လိုက်မကြည့်ပဲ ကိုဟန်ဆွေကိုစေ
ခိုင်းကုသစေပါသည်။ကိုဟန်ဆွေမှာ
လေးတန်းလောက်သာ ပညာသင်
ကြားဖူးပါသည်။၎င်းတို့၏လက်တည့်
စမ်းမှုကို ကျေးရွာလူထုမှာနေ့စဉ်
ခံစားနေရပါသည်။
  ကျွန်တော်တို့ရွာနှင့်အလှမ်းမဝေးသော
မြိုင်မြို့နယ် တောရွာကျေးရွာတွင်လည်း
ရမ်းကု ဦးအောင်ကျော်စိုး အပါအဝင်
၃ ဦးလောက်ရှိသည်ဟုသိရပါသည်။
လုပ်သက်ရင့်ဆရာများဟု ကိုယ်တိုင်
ပြောဆိုလိမ်ညာနေပါသည်။
 
  ၎င်းတို့သည် ဆေးကုသခများကို
တောင်းချင်သလောက်တောင်းနေကြ
ပါသည်။သူတို့ကြောင်းသေဆုံးသွား
သောလူနာများ၏ဆွေမျိုးများမှာလည်
ကံအကျိုးပေးဟုသာရိုးသားစွာမှတ်ယူ
ကြပါသည်။၎င်းတို့ကိုဒေါက်တာ ဟု
ခေါ်ကြသော ခပ်အအ လူများလဲရှိပါ
သည်။မည်သူမှအရေးယူခြင်းမရှိပါ။
၎င်းတို့ကို သက်ဆိုင်ရာမှ တရားဥပဒေနှင့်အညီ အရေးယူ
ဆောင်ရွက်ပေးပါရန် တင်ပြတောင်း
ဆိုအပ်ပါသည်။
 
ရှင်မတောင်သား

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment