Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 14 November 2013

ဘီးလင်းမြို့နယ်မှသမအသင်းချေးငွေပေး ဝေ ခြင်းအား လူတန်းစား(၃)ရပ်ခွဲပြီး ချေး ပေးမည်ဆိုသည့်အ ပေါ် ပြန်လည်စီစစ်ပေး နိုင် ပါရန် တင်ပြခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

သို့                         
      ရက်စွဲ။၆-၁၁-၂၀၁၃

     မြို့နယ်ဦးစီးအရာရှိ
     မြို့နယ်သမဝါယမဦးစီးဌာန
     ဘီးလင်းမြို့နယ်

အ ကြောင်းအရာ။    ။သမအသင်းချေးငွေပေး
ဝေ ခြင်းအား လူတန်းစား(၃)ရပ်ခွဲပြီး ချေး
ပေးမည်ဆိုသည့်အ ပေါ် ပြန်လည်စီစစ်ပေး
နိုင် ပါရန် တင်ပြခြင်း။ 
          
              အထက်အ ကြောင်းအရာပါကိစ္စနှင့်
ပတ်သတ်၍ (5-11-2013)ရက်နေ့ မြို့နယ်
သမဝါယမဦးစီးဌာနရုံးတွင် ပြု့လုပ်သော
သမအသင်းလုပ်ငန်းရှင်းလင်းပွဲအရ  မြို့နယ်
သမအသင်းဥက္ကဋ္ဌ၏ ရှင်းလင်းချက်မှာ
သမအသင်းသားများကို သုံးမျိုးသုံးစား ခွဲ၍
ချေးပေးမည်ဟု သိရှိရပါသည်။ လယ်လုပ်
ကိုင် သူက(1)သိန်း| မွေးမြူရေးလုပ်ကိုင် သူ
က(5)သောင်း |လက်လုပ်လက်စားက (3)
သောင်းဟူ၍သိရပါသည်။  ထိုသို့ လူတန်းစား
ခွဲပြီးငွေချေးပေးခြင်းသည် ကျွန်တော်တို့ အ
သင်းသားများအ နေဖြင့်  `` တန်းတူအခွင့်အ
ရေး ´´ဆုံးရှုံးသည်ဟု  ခံစား ရပါသည်။

       ကျွန်တော်တို့ ပြည်သူတွေဟာ ဆင်းရဲ
လို့ငွေချေးတာပါ|  လက်လုပ်လက်စား ဆင်း
ရဲသားက ချေးငွေအရနည်းမည်ဆိုပါက ချေး
မ ပေးတာက  အ ကောင်းဆုံးပါဟု  ဆန္ဒပြု့
ပါသည်။  နိုင် ငံတော် သမ္မတကြီး၏  ဆင်းရဲ
သားလျှော့ချရေး လုပ်ငန်းစဉ်ဟာလည်း
ဒီအတိုင်းဆိုအောင်မြင်နိုင် မှာမဟုတ်ဘူးဟု
ယူဆပါသည်။ ကျွန်တော်တို့  အသင်းသား
များဟာ သမဝါယမ ဝန်ကြီးဌာနအ ပေါ်
အားကိုးယုံကြည်လို့  အသင်းဝင် ခဲ့ကြတာပါ။
အပြန်အလှန် ယုံကြည်လေးစားမှု့ မရှိရင်
တော့  လုပ်ငန်းတစ်ခုဟာ  အောင်မြင်နိုင် မှာ
မဟုတ်ပါ ။

         ယခုလိုလူတန်းစားခွဲပြီး  ငွေချေးပေး
မည်ဆိုပါက  ကျွန်တော်တို့ `` မေတ္တရှင်´´
အသင်းအ နေဖြင့်  နှုတ်ထွက် ရုံမှ တပါး
အခြားမရှိနိုင် ပါ ။ ထို့ကြောင့် ``မေတ္တာရှင် ´´
အသင်းအ နေဖြင့်  လူတန်းစားခွဲပြီး ငွေချေး
ပေးခြင်းအ ပေါ်  အထက်လူကြီးမင်းများအ နေ
ဖြင့်  ပြန်လည်စီစစ်ပေးနိုင် ပါရန်
ရိုသေ လေးစားစွာ ဖြင့်   တင်ပြအပ်ပါသည်။


                                    ဦးခင်မောင် ရီ
                                    (ဥက္ကဋ္ဌ ကိုယ်စား)ီ
                                    အတွင်းရေးမှူး
                                   မေတ္တာရှင် အသင်း
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment