Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Monday 25 November 2013

လာပြန်​ပြီ ​နောက်​ထပ်​ပင့်​​ထောင်​​ပေးလာ​သော​ဘော်​လုံးတစ်​လုံး >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

၂၁.၈.၂၀၁၃  ​နေ့က  ၁၀၅  မိုင်​ကုန်​စစ်​ကွင်းမ၀င်​ခင်​ လုပ်​ပိုင်​ခွင့်​ ကိုအသုံးပြု၍မတရား ဖမ်းဆီးထား​သော ကား  ၁၁  စီးကိစ္စ ​နောက်​ဆက်​တွဲဖြစ်​ပါတယ်​။    ၁၉.၁၁.၂၀၁၃  ရက်​​နေ့က ကားများကိုစစ်​​ဆေး၍ ဒါဏ်​​ကြေးရိုက်​ရန်​ဟုဆိုကာ ကား  ၁၁  စီး၏အုံနာဘုတ်​များကို မူဆယ်​ကာစတန်​မှ​တောင်း၍  ကားအုံနာများဖက်​မှ အားတီနှင့်​ ကာစတန်​မှ  တင်​​အောင်​မိုး  ဆိုသူတို့  မူဆယ်​  က ည န  ကိုယူသွားကြပါတယ်​။
             ဘာပြစ်​မှုနဲ့အ​ရေးယူ​ကြောင်း မသိရပါ အပြစ်​ရှိမရှိ မစစ်​​ဆေး မဆုံးဖြတ်​ရ​သေးဘဲ  တဖက်​သတ်​ ကြားနာချက်​နဲ့ ဆုံးဖြတ်​မယ်​ဆိုယင်​ မျှတတဲ့တရားဥပ​ဒေမဖြစ်​နိုင်​ပါ
ဘူး  ​ကြေးနန်းစာမှာပါရှိတဲ့ ဥပ​ဒေအကြံပြုချက်​ တင်​ပြလာခြင်းအ​ပေါ်  ညွှန်​ကြား​ရေးမှူးချုပ်​မှ  ​အောက်​ပါအတိုင်း အမိန်ု့ချ
 မှတ်​ချက်​ပြုခဲ့  လို့ဆိုပါတယ်
                  ဘယ်​သူ​တွေက ဥပ​ဒေအကြံပြုချက်​​ ​ပေးကြပါသလဲ
                   အဲဒီဥပ​ဒေအကြံပြုချက်​  ပြုသူ​တွေက​ကော ​အောက်​​ခြေမှာ အမှန်​ဖြစ်​ပျက်​​နေတာ​တွေ သိကြပါသလား နှစ်​ဖက်​ကြားနာပြီးမှ အကြံပြုချက်​​ပေးတယ်​ ဆိုရ​အောင်​ကလဲ ကားပိုင်​ရှင်​များနဲ့ ​တွေ့ဆုံ​မေးမြန်းခြင်းမရှိဘဲ တဖက်​သတ်​စကားနဲ့ ဆုံးဖြတ်​တယ်​ဆိုယင်​  မှန်​ကန်​မျှတတဲ့  ဥပ​ဒေ ပညာရှင်​​တွေ မဖြစ်​နိုင်​ပါဘူး ။
                     ဒီ​ကြေးနန်းစာကိုထုတ်​​ပေးတဲ့
ဝင်းလှိုင်​ ညွန်​ကြား​ရေးမှူး( နယ်​) ဆိုသူက​ကော အထက်​ညွှန်​ကြားမှုနဲ့ထုတ်​တာလား မိမိသ​ဘောနဲ့ထုတ်​တာလား ဘယ်​လိုဘဲဖြစ်​ဖြစ်​ ​အောက်​အ​ခြေအ​နေမှန်​ကိုသိရ​အောင်
  ၂၁  ၁၁  ၂၀၁၃  ​နေ့ကမူဆယ်​မြို့နယ်​ ကာစတန်​ရုံး ၀င်းအတွင်းမှာရှိတဲ့ ပြည်​နယ်​မှူး ဦး​ဇော်​မင်းသိန်း  ဆိုတဲ့ဆိုင်းဘုတ်​တပ်​ထားတဲ့  အခန်းထဲမှာ  ဦး​ဇော်​မင်းသိန်း ဆိုသူနဲ့   ကျွန်​​တော်​  ဦးစိုင်းသိန်းလွင်​  တို့​ပြောခဲ့တဲ့စကား​တွေကိုပြန်​​ရေးပြလိုက်​ပါတယ်
                 ၂၁  ၁၁  ၂၀၁၃  ​နေ့  ၁၄း  နာရီခန့်​အချိန်

စိုင်းသိန်းလွင်​။   ။  ကျွန်​​တော်​ ကား  ၁၁  စီးထဲက အင်​တာနက်​​ပေါ်စာ​ရေး​နေတဲ့ သိန်းလွင်​ပါ ကွယ်​ရာက​နေ ဘာမှမသိဘဲ စာ​ရေး​နေတယ်​ လာမ​တွေ့ရဲဘူး ထင်​​နေမှာစိုးလို့ ကိုယ်​တိုင်​လာရှင်းတာပါ။
ဇော်​မင်းသိန်း ။  ။  ခင်​ဗျား ဘာမှ​သေချာမသိဘဲ ​ရှောက်​​ရေး​နေတယ်​  ခင်​ဗျားဘာသိလို့လဲ  ဒီကိစ္စက  ကျွန်​​တော်​တို့တဖွဲ့ထဲ လုပ်​တဲ့ဖမ်းတဲ့ကိစ္စမဟုတ်​ဘူး  အဲဒီ​နေ့က  စစ်​ဖက်​​ရေးရာလုံခြုံ​ရေးဆိုတဲ့  {စ ရ ဖ}ကဖုံးဆက်​လာတယ်​ ​မြေဆီကား​တွေဖမ်းလို့ရသလားလို့​မေးလာတယ်​  ဒီ​တော့ဖမ်းလို့ရတယ်​လို့​ပြောပြီး အဖွဲ့စုံနဲ့ဖမ်းတာဘဲ။
စိုင်းသိန်းလွင်​။  ။  ဖမ်းတာက​တော့ထားပါ​တော့ ဖမ်းပြီးကုန်​ပစ္စည်း သိမ်​ဆည်းပြီး  တာဝန်​ခံ  ကို​ကျော်​စိုးဝင်း ကိုလဲ ဖမ်းမိရထားပြီး   ကို​ကျော်​စိုးဝင်းမှလဲ  ကားသမားများအပြစ်​မရှိ​ကြောင်း  တာဝန်​ခံပါ​ကြောင်း ​ပြော​နေပါလျှက်​နဲ့  ဘာ​ကြောင့်​ကာစတန်​ဥပ​ဒေပုဒ်​မ  ၈  အခွန်​​ရှောင်​တိမ်းမှုနဲ့ တရားစွဲရတာလဲ
ဇော်​မင်းသိန်း။  ။  ဖမ်းပြီးမှကား​တွေကိုလွှတ်​လိုက်​ယင်​ ကားသမား​တွေဆီက ​ငွေယူပြီးလွှတ်​လိုက်​တယ်​လို့{ စ ရ ဖ }  ကစွပ်​စွဲမှာ​ကြောက်​လို့ တရားစွဲရတာ
စိုင်းသိန်းလွင်​။  ။  ဒါဆိုယင်​ စရဖ နဲ့ကာစတန်​​ပေါင်းပြီး ကားသမား ​တွေကိုညစ်​ပတ်​လိုက်​တာလား
ဇော်​မင်းသိန်း။  ။  ပြန်​မ​ဖြေပါ
စိုင်းသိန်းလွင်​။  ။  ကျွန်​​တော်​က သား​ရော ကား​ရော မတရားခံရလို့ ကိုယ်​တိုင်​ခံစားရလို့ ​ရေးတာ  မသိဘဲနဲ့ရမ်း​ရေး​နေတာမဟုတ်​ဘူး  အမှန်​တရား​ပေါ်​အောင်​​ရေးရတာပါ  တရားရုံးစွဲချက်​တင်​တဲ့အထဲမှာ တရားလို အ​ကောက်​ခွန်​မှူး ဦးချိုထွန်းလို့ဘဲပါတယ်​  စ ရ ဖ  လို့မပါဘူး  တကယ်​ဆို ပစ္စည်းသိမ်းပြီး ကားနဲ့ကားဆရာကိုပြန်​လွှတ်​​ပေးရမှာ  မလွှတ်​ဘဲ ညှစ်​ပတ်​တာ တရားစွဲတဲ့ကာစတန်​ဘဲဖြစ်​ရမှာ​ပေါ့
                     စ ရ ဖ  ပါမပါ  ခင်​ဗျားတို့ကာစတန်​​တွေဘဲသိတယ်​ ကျွန်​​တော်​တို့မသိလို့ စ ရ ဖ  ကိုမစွပ်​စွဲဘူး
                     ခင်​ဗျား​ပြောတဲ့စကား​တွေကို ခင်​ဗျားနာမယ်​  (​ဇော်​မင်းသိန်း)  နဲ့အင်​တာနက်​​ပေါ်ကျွန်​​တော်​တင်​မှာပါ။  ကွယ်​ရာမှာမ​ပြောပါဘူး
                       ခင်​ဗျားတို့က ခိုင်​မာတဲ့​ကျောက်​နံယံကြီးဖြစ် ​​နေပါ​စေ ကျွန်​​တော်​တို့စကား​တွေက ကြက်​ဥ နဲ့​ပေါက်​သလိုဘဲ ဖြစ်​​နေပါ​စေ  ကျွန်​​တော်​ဆက်​လုပ်​မယ်​  ​ကျောက်​နံယံ  မပြိုလဲယင်​​တောင်​မှ  ကြက်​ဥအညှီနံ့စွဲ​စေရမယ်​ အမှန်​တရားဆိုတာ မြန်​မာနိုင်​ငံမှာ ရှိ​နေဦးမှာပါ  အထက်​အဆင့်​​တွေ ​ရောက်​လာလို့ စုံစမ်းစစ်​​ဆေးယင်​ အမှန်​အတိုင်း ဖြစ်​ရမယ်​လို့ယုံကြည်​ထားတယ်​။
                        ပြီး​တော့ကျွန်​​တော်​​ပြောမယ်​ ဒီကားဆုံးရှုံးသွားလို့လဲ ကျွန်​​တော်​ဘာမှမဖြစ်​ဘူး  ဘာ​ကြောင့်​လဲဆို​တော့ ကျွန်​​တော်​က  ကားပိုင်​ရှင်​အစစ်​မဟုတ်​ဘူး  ​ရောဂါသည်​လူပျို အုံနာကြီးကိုလုပ်​​ပေး​နေတဲ့သူ သူ့ကိုသနားလို့ ကျန်​တဲ့ကားအုံနာ​တွေကို  ကိုယ်​ခြင်းစာလို့  ​နောင်​လာမဲ့ကာလမှာ  မျိုးဆက်​သစ်​ကားသမား​လေး​တွေ အနိုင်​ကျင့်​မခံရ​စေဖို့  အ​ကြောက်​တရားကြီးစိုးပြီး အမှန်​တရားကို မ​ဖော်​ထုတ်​ရဲကြမှာစိုးလို့  မခံခြင်​လို့လုပ်​ရတာဘဲ  နားလည်​​ပေးပါ။
                      ဒီ​တော့ ဒီ​ထောင်​လာတဲ့ ​ဘော်​လုံးကို အမှန်​တရားကွင်းထဲ​ရောက်​​အောင်​  ဘယ်​သူရိုက်​ချ​ပေးမှာလဲ။
           ကာစတန်​​တွေထဲက တရားမျှတမှု စိတ်​ဓာတ်​ ရှိကြတဲ့သူ​တွေလား
           ကာစတန်​ပြည်​နယ်​မှူး ဦး​ဇော်​မင်းသိန်း ကလမ်းလွှဲ​ပေး​နေတဲ့ စ ရ ဖ  အဖွဲ့ကလား
            တရားလိုဆိုတဲ့  အ​ကောက်​ခွန်​မှူး ဦးချိုထွန်းကလား
                ဘယ်​သူ  ဘယ်​အဖွဲ့  ပဲဖြစ်​ပါ​စေ  အမှန်​တရားကိုမြတ်​နိုးသူများ မြန်​မာပြည်​တွင်းမှာ ရှိ​နေပါ​သေးယင်​  ​ဆောင်​ရွက်​​ပေး​စေလိုပါတယ်​။  ။
                               ဦးစိုင်းသိန်းလွင်
                         ၁၃/ကမန(နိုင်​)၀၅၈၂၁၇
                           ၀၉ ၄၀၂၆၁၂၅၈၇
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment