Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 15 November 2013

မွန်ပြည်နယ် တွင်ဆောင်းသီးနှံချေးငွေ အမြန်ချေးပေးနိုင်ရေး အတွက် အထက်လူကြီးမင်းများ ကူညီပေးနိုင် ပါရန် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မွန်ပြည်နယ်  ဘီးလင်းမြို့နယ် မုသင်ကျေးရွာ

 အတွင်း ဆောင်းသီးနှံချေးငွေ ယခုထိတိုင်

် ရရှိခြင်းမရှိသေးပါသဖြင့် အထက်လူကြီး

မင်းများ သိရှိ ကူညီပေးနိုင် ပါရန် တင်ပြ ရ

ခြင်းဖြစ်ပါတယ်။
          မိုးတွင်းကာလ စိုက်ပျိုးစရိတ်ချေးငွေ

ချေးပေးစဉ်ကလည်း  ကျွန်တော်တို့ရွာမှာ

စပါးစိုက်ပျိုးပြီးချိန်မှ ခက်ခက်ခဲခဲ ရရှိခဲ့ပါတယ်

နိုင် ငံတော်မှ ချေးငွေမရခင် အပြင် မှအတိုး

များစွာပေး၍ ကျွန်တော်တို့ရဲ့အခက်အခဲတွေ

ကိုဖြေရှင်းခဲ့ရပါတယ် ။မိုးစပါးချေးငွေကြံ့ကြာ

မှု့က ကျေးရွာအတွင်းရွာဆူမတက်ဖြစ်ခဲ
့ရပါ

ိတယ်။ဘာကြောင့်ကြံ့ကြာခဲ့လဲဆိုတော့

ကျေးရွာမှာတာဝန်ကျတဲ့  စာရေးမက လက်

မှတ်မထိုးပေလို့တဲ့ဗျာ။ ကျွန်တော်တို့ရွာဟာ

နှစ်စဉ် အ ကြွေးကို ပုံမှန်ကျေအောင် ဆပ်ခဲ့
ဲ့
တာ စိုက်ဘဏ်မန်နေဂျာလဲ အသိပါ။

စာရေးမရဲ့  တာဝန်ယူတာဝန်ခံမှု့မရှိခဲ့လို့

ကျွန်တော်တို့ရွာသားတွေဟာ များစွာနစ်နာ

ခဲ့ရပြီးပါပြီ။ဒါဟာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့

အားနည်းချက်လို့ပဲ ထင် ပါတယ်။

        ယခုလဲ ဆောင်းသီးနှံ ချေးငွေ ကြံ့ကြာ

ပြန်ပြီး။ ကျေးရွာရဲ့တာဝန်ကို ယူထားတဲ့

 အုပ်ချုပ်ရေးမှူးကို ကျွန်တော်တို့ ဘယ်လို

ယုံကြည် အားကိုမလဲ ။ယခုအချိန်ဟာ

ဆောင်းသီးနှံ စိုက် ရမဲ့ အချိန်ရောက်နေပြီ။

အရင်းအနှီးမရှိလို့ ချေးငွေမျှော်နေတဲ့ လယ်

သမားတွေ အများအပြာပါ။ ယခု ကြံ့ ကြာ ရ

တာက ကျေးရွာ အ ထောက်အကူပြု ဥက္ကဌ

လက်မှတ် မထိုးပေးသေးလို့တဲ့။ အ ထောက်

အကူဆိုတဲ့ နေရာကို ယူထားပြီးတော့

ကျေးရွာကို မကူညီတဲ့အပြင် ရွာသားတွေကို

နစ်နာအောင် လုပ်နေတယ်။ ကျွန်တော်တို့

ရွာသားတွေဟာ  မိအေးနှစ်ခါ နာရမဲ့  ကိန်း

ဆိုက်နေပါပြီး။အ ထောက်ကူပြု ရွေးခဲ့စဉ်

ကလည်း ရွာသားတွေ မသိရဘဲ အုပ်ချုပ်

ရေးမှူးကပဲ ရွေးခဲ့တာပါ။ယခုလို ကျေးရွာ

ရဲ့အကျိုးကို ဆောင် ရွက်ခြင်းမရှိတဲ့ အုပ်ချုပ်

ရေးမှူးနှင့် အ ထောက်အကူပြု ဥက္ကဌတို့အား

အထက်လူကြီးမင်းများအ နေနဲ့ လိုအပ်သလို

ဆောင် ရွက်ပေးရန်နှင့်  ဆောင်းသီးနှံ ချေးငွေ

အမြန် ရရှိရေးအတွက် ကူညီဆောင် ရွက်ပေး

နိုင် ပါရန် ရိုသေးစွာဖြင့် တင်ပြလိုက် ရပါ
သည်။


ညီလေး(ခ)ခင်မောင် ရီ

မှတ်ပုံတင် အမှတ် =၁၀/ဘလန(နိုင်)၀၉၆၇၄
                                                      ၇

နေရပ်=မုသင်ကျေးရွာ |ဘီးလင်းမြို့နယ်

် မွန်ပြည်နယ်။

Ph.0931409808

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment