Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 9 November 2013

သထုံတွင် မူးယစ်ဆေးဝါး သိန်း(၉)ထောင်ကျော်ဖိုးဖမ်းဆီးရမိ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ကင်းစင်ပပျောက်စေရေးအတွက် စီမံချက်များချမှတ်ကာ ဆောင်ရွက်လျှက်ရှိရာ သထုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်သန်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် သထုံခရိုင်ရဲတပ်ဖွဲ့ အထူးမှုခင်းနှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်အောင်သူနှင့် တပ်ဖွဲ့ဝင်များသည်သက်သေများနှင့်အတူ ကြိုတင်စုဆောင်းရရှိထားသော သတင်းအချက်အလက်များအရ (၆.၁၁.၂၀၁၃)နေ့ ည (၉း၃၀)ချိန် တွင် သထုံမြို့နယ် နောင်ဘိုကျေးရွာ အိမ်အမှတ် (၉၆၅)နေ မှိုင်းဝေ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်နောက်ဖက် မီးဖိုခန်းအတွင်းရှိ ငရုတ်ဆုံအောက်မှ ပလတ်စတစ်အိတ်အဖြူဖြင့် ထုတ်လျှက် WY စာတန်းပါ ပန်းရောင်စိတ်ကြွမူးယစ်ဆေး (၄၀)ပြား နှင့် ငွေစက္ကူရောရာ (၇၀၀၀၀ိ/-)ကျပ်အားတွေ့ရှိပြီး ဆက်လက်ရှာဖွေရာ နေအိမ်အောက်ထပ်စတိုခန်းအတွင်း ဓါတ်မြေသြဇာ ၀ဲအိတ်များအတွင်းမြှပ်ထားသည့် အပြာရောင်ကပ်ခွာအိတ်များဖြင့် ထည့်လျှက်တစ်ထုတ်လျှင် (၂၀၀၀)ပြားပါ အထုတ် (၂)ထုတ်၊ စုစုပေါင်း (၄၀၀၀)ပြား တွေ့ရှိသဖြင့် သက်သေများရှေ့တွင် မူးယစ်ဆေးပြားများနှင့်အတူ ရောင်းဝယ်ရာတွင် အသုံးပြုခဲ့သော ဆက်စပ် ပစ္စည်းများအား သိမ်းဆည်းခဲ့သည်။ ဆက်လက်၍ မှိုင်းဝေ အားစစ်ကြောချက်အရ၊ သထုံမြို့နယ် တံတားဦးကျေးရွာအုပ်စု ထီတမူကျေးရွာတွင် ၀ှက်ထားကြောင်းသိရှိရသဖြင့် မှိုင်းဝေ၏ ယောက်ဖတော်စပ်သူ ကျော်လွန်း (ခ)ဖားငဲ အား ဆက်လက်စစ်ဆေးရာ ရာဘာခြံဝင်းအတွင်းဝှက်ထားကြောင်း ပြောသဖြင့် ရှာဖွေရာ မြေကြီးအတွင်းမြှပ်နှံထားသော ကျောက်ဆူးတံဆိပ်ပါ ကော်ပုံးအပြာရောင်အတွင်းမှ အပြာရောင်ကပ်ခွာအိတ်များဖြင့် ထည့်လျှက် WY ပန်းရောင်စိတ်ကြွရူးသွပ်ဆေး (၂၀၀၀)ပြားပါ အထုတ် (၉)ထုတ်၊ ဆေးပြား (၁၈၀၀၀) ပြား နှင့် နောင်ဘိုကျေးရွာတွင် ဖမ်းဆီးရမိဆေးပြား (၄၀၀၀)ပြား၊ စုစုပေါင်း (၁၈၄၀၀၀)ပြား (၁၈၄၀၀) ဂရမ်၊ ကာလတန်ဘိုး (၉၄၀, ၂၀၀, ၀၀၀ိ/-)ကျပ် အား သက်သေများရှေ့တွင် စနစ်တကျသိမ်းဆည်းပြီး တရားခံ မှိုင်းဝေ (ပါ)၊ (၅)ဦးအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်စီစဉ်လျှက်ရှိကြောင်းနှင့် ဆက်စပ်တရားခံများဆက်လက်ဖေါ်ထုတ်လျှက်ရှိကြောင်း သိရှိရသည်။ ယခုဖမ်းဆီးရမိသော မူးယစ်ဆေးဝါးအမှုသည် မွန်ပြည်နယ်အတွင်း ကာလတန်ကြေးအများဆုံးနှင့် စိတ်ကြွမူးယစ်ဆေးအများဆုံးဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး
သိမ်ဆိပ်နယ်မြေရဲစခန်းမှ(ပ)၄/၂ဝ၁၃ ပုဒ်မ၁၅/၁၉(က)/၂ဝ/၂၁ဖြင်တရားခံ မှိုင်ဝေ ပါ ၅ ဦးတို့အားအရေးယူထားကြောင်သတင်းရရှိသည်။

ပြည်သူတစ်ဦး

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။   

No comments:

Post a Comment