Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 20 November 2013

လားရှိုးမြို့ လားရှိုးတက္ကသိုလ်အနီးမှကျောင်းသားများအား ဆေးကြောင်နေသောတရုတ်လူငယ်များမှ ဂိုဏ်းစတားဆန်ဆန်လိုက်လံ၍ရန်ပြုခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

လားရှိုးမြို့ ၊လားရှိုးတက္ကသိုလ်အနောက်ဖက်တွင် မနေ့ည (၁၈.၁၁.၂၀၁၃) ည ၁၁း၃၀ အချိန်ခန့်တွင် ကျောင်းသားလူငယ်များသဘာဝ လမ်းဘေးတွင်သီချင်းဆိုနေစဉ် တရုတ်လူငယ်များ(၁၀)ဦးထက်မနည်းရောက်လာပြီး သီချင်းဆိုနေသောလူငယ်(၃)ဦးအား လိုက်လံရိုက်နှက်၍ ထွက်ပြေးသွားကြသည်။(တရုတ်လူငယ်များဟုသုံးနှုံးခြင်းမှာ ရန်ဖြစ်စဉ်တွင် တရုတ်စကားကိုပီပီသသပြောဆိုခြင်း၊ရန်ငြိုးမရှိပဲ လိုက်လံရိုက်နှက်ခြင်းမှာ လားရှိုးမြို့တွင် တရုတ်လူငယ်များမှလွှဲ၍ မရှိခြင်း) ၄င်းတို့သည် ဂိုဏ်းစတားများဆန်ဆန် အပြစ်မဲ့လူငယ်များအား လမ်းမပေါ်တွင်လည်းကောင်း၊၄င်းတို့အုပ်စုမှ လူများပါက လူနည်းသောအဖွဲ့များအား လိုက်လံ၍ ရန်ရှာရိုက်နှက်မှုများပြုလုပ်လေ့ရှိပါသည်။အနီးအနားပတ်ဝန်းကျင်မှ ပြောပြချက်အရ ရဲစခန်းသို့ဖုန်းဆက်တိုင်ကြားသော်လည်း ရဲတပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မှ ရောက်ရှိလာခြင်းမရှိပါ။
အရိုက်နှက်ခံရသောကျောင်းသားများမှာ ၄င်းတို့နှင့်ရန်ငြိုးရန်စမရှိသည့် အပြင် လာရောက်ရိုက်နှက်သူများကိုလဲ မသိရှိကြောင်းပြောပြသည်။၎င်းဖြစ်ပွားသောနေရာမှာ '' ၀ '' အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ အိမ်ရှေ့တည့်တည့်ပင်ဖြစ်သည်ဟုသိရှိရပါသည်။ဤကဲ့သို့ဖြစ်ပွားခြင်းအပေါ် နစ်နာသူများမှ အမှုဖွင့်တိုင်တန်းခြင်းရှိမရှိ မသိသေးသော်လည်း အမှုဖွင့်တိုင်တန်းပါကလည်း တရားခံမိနိုင်မည်မထင်ကြောင်း ရပ်ကွက်အတွင်းမှကြားသိရပါသည်။ ရဲတပ်ဖွဲ့များအနေဖြင့် ဤကဲ့သို့ တရုတ်လူငယ်များ လားရှိုးမြို့တွင် ဂိုဏ်းစတားဆန်ဆန် အပြစ်မဲ့သူများအားလိုက်လံရန်ပြုသည့်အတွက် သက်ဆိုင်ရာမှလည်း လူစည်ကားရာလမ်းမပေါ်တွင်သာ စစ်ဆေးမှုများပြုလုပ်နေပြီး လှည့်ကင်းများအားနည်းနေကြောင်းတွေ့ရသည်။သို့ရာတွင် မည်သို့ဆိုစေကာမူ ရဲစခန်းသို့ ဖုန်းဆက်၍သတင်းပေးသော်လည်း မလာမရောက်ခြင်းသည် တာဝန်ကျရဲများ တာဝန်ချိန်တွင်မရှိ၍လား၊ ပြည်သူလူထုကို လုံခြုံမှုမပေးနိုင်၍လားတော့ သက်ဆိုင်သူများပင်သိမည်ဟုယူထင်ပါသည်။တရုတ်လူငယ်များသာမကပဲ လူငယ်လူရွယ်များအား သက်ဆိုင်ရာ ၄င်းတို့နယ်မြေမှူး၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ၄င်းတို့တစ်ဦးချင်း၏ဓါတ်ပုံနှင့် ကိုယ်ရေးအချက်အလက်များအား စာရင်းပြုစုပြီး ပြဿနာဖြစ်ပေါ်လာပါက အလွယ်တကူ တရားခံအားရှာဖွေနိုင်ရန် ပြုလုပ်ထားသင့်ကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။

လားရှိုးတက္ကသိုလ်ကျောင်းသား

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment