Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 3 November 2013

ကျေးလက်၏ဒုက္ခများထဲမှအစိမ်းရောင်ကင်ဆာရောဂါ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

 ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့ နယ် အဖျောက်မြို့  ငါးလားချောင်းကျေး
ရွာအုပ်စု အမြင့်ကျောင်းကျေးရွာအခြေခံ
ပညာမူလတန်းကျောင်း၌လုပ်သားအပါ
ဝန်ထမ်း  ၇  ယောက်ရှိရာတွင်တစ်ဦးမှာ
အဝေးသင်စာမေးပွဲသွားရောက်ဖြေဆို

ဖြင့်ကျောင်းတက်ပျက်နေသည်မှာတစ်
ကျော်ကြာမြင့်နေပြီဖြစ်ပါသည်။
   တစ်ဦးမှာကျောင်းရှိကျောင်းသားအား
လုံးကိုအကြောင်းမဲ့ရိုက်ပြီးမိဘများကို
ဆဲရေးတိုင်းထွာသဖြင့်ရွာရှိမိဘများက
မခံမရပ်နိုင်ဖြစ်လာသောအခါ တာဝန်
ရှိသူများကအထက်ကိုတော့မတိုင်ကြပါ
နဲ့ ကျောင်းပြောင်းပေးပါမည်ဆိုပြီး
အခြားကျောင်းသို့ ပြောင်းပေးခဲ့သည်မှာ
လနှင့်ချီ၍ကြာပြီဖြစ်သော်လည်းအစား
ထိုးဝန်ထမ်းမှာယခုအချိန်အထိမရောက်
သေးပါ။
    ထိုနည်းတူကျောင်းအုပ်မှာ ရွှေပြည်သာမြို့ နယ်အတွင်းသို့ ပြောင်း
သွားသည်မှာတစ်လကျော်နေပြီဖြစ်သော်လည်းအစားထိုးဝန်ထမ်းရောက်ရှိလာ
ခြင်းမရှိသေးပါ။
   စည်းပျက်ကမ်းပျက်အရှက်မဲ့သိက္ခာမဲ့
ဝန်ထမ်းများကိုယခုမှကာကွယ်ပေးနေ
ခြင်းမဟုတ်ဘဲဟိုယခင်ကအတိုင်းဆက်လက်ကျင့်သုံးနေကြသည်မှာအဖျောက်
နယ်တနယ်လုံးပင်ထြစ်ပါသည်။
   ဖဲသမားနယ်မြေမှူးအရက်သမားကျောင်
အုပ်များကြောင့်မူပြအဆင့်၌တပည့်မွေး
ဆရာမွေးစနစ်မှာအောင်မြင်နေပြီးအမှန်
အကန်လေးလေးစားစားကြိုးစား၍တာဝန်ထမ်းနေသူများမှာဖဲသမားအရက်သမား
များ၏လက်အောက်၌မခံချိမခံသာနေနေ
ကြရပါသည်။
   ငါးဖယ်အိုင်ကျောင်းဆိုလျှင်ကျောင်းသား
များအတွက်ထောက်ပံ့ပေးသောဗလာစာအုပ်များအား၂၀၁၁  ၂၀၁၂ပညာသင်နှစ်ကမပေးခဲ့ဘဲရောင်း
စားခဲ့ပါသည်။ခေတ်အဆက်ဆက်ဖဲဝိုင်
အရက်ဝိုင်းထောင်ခဲ့သောကန်ဇွန်းချောင်
မူလတန်းကျောင်း၌ မကြာမီရက်ပိုင်း
အတွင်းကကျောင်းပေါ်အရက်ဝိုင်းမှာ
ဓါးခုတ်မှုဖြစ်ခဲ့သော်လည်းသတင်း
အမှောင်ချထားပါသည်။
  ကျောင်းအုပ်များသည်အကျင့်ပျက်
ဝန်ထမ်းများကိုအရေးယူရန်ပျက်ကွက်နေကြပြီးအချို့ မှာကိုယ်တိုင်ကအကျင့်ပျက်
နေသောကြောင့်အရေးမယူခြင်းဖြစ်ပါသည်။တော်တော်များများသည်နောက်ကျလျှင်ဖြစ်စေပျက်လျှင်ဖြစ်စေဒါဏ်ငွေ
၅၀၀ိဆောင်ခိုင်းပါသည်။ထိုငွေများအား
ဝန်ကြီးဌာနသို့ အပ်နှံပါသလား။ဘယ်သူတွေသုံးသလဲ။
နစ်နာသည်မှာမိဘများနှင့်ကျောင်းသား
များပညာရေးဝန်ကြီးဌာနနှင့်အစိုးရသာ
ဖြစ်ပါသည်။
   ထို့ အပြင်ဝါဆိုသင်္ကန် ကထိန်သင်္ကန်း
ပျော်ပွဲစားစသည့်ငွေများကြောင့်မိဘများမှာအရပ်ထဲ၌တစ်ခါကျောင်းမှာတစ်ခါ
မိအေးနှစ်ခါနာဖြစ်နေကြရပါသည်။
  အဆိုးဆုံးမှာမူလတန်းပြဆရာများ၏
လက်ဆုံစားပွဲအတင်းအဖျင်းပြောပွဲဟု
ပြောနိုင်လောက်သည့်ဆုပေးပွဲဖြစ်ပါသည်။ကျောင်းသားများစာကြိုးစားစေရန်
ဆုရသူကိုအားကျပြီးကြိုစားစေရန်ပြု
လုပ်ကြခြင်းမဟုတ်ဘဲဆုရသူကတစ်မတ်
ကျန်သူများကတစ်ကျပ်ဖြစ်နေပါသည်။
   အမြင့်ကျောင်း၌မနှစ်ကဆုပေးပွဲအတွက်
ကျောင်းသားတစ်ယောက်ကို၂၅၀၀ိ
ကောက်ခံပါသည်။၃ယောက်၂ယောက်
ရှိသူများမှာဒုက္ခရောက်ပါတော့သည်။လက်မလှုပ်နိုင်လျှင်ပါးစပ်မလှုပ်ကြရသော
ကျောင်းသားများက၉၀ရာနှုန်းဖြစ်နေသ
ဖြင့်သတ်မှတ်ရက်တွင်ငွေမပါလျှင်မလာရဟူသောအမိန့် ကိုကြောက်သည့်ကျောင်း
သားများနှင့်ငွေမပေးနိုင်သေးသည်
မိဘများ၏နံနက်ပိုင်းတိုက်ပွဲုသံသည်
အော်သံငိုသံကြိမ်သံတို့ ဖြင့်စိတ်မချမ်းမြေ့
ဘွယ်ရာဖြစ်ခဲ့သည်ကိုတွေ့ မြင်ကြားသိနေရပါသည်။
    အမြင့်ကျောင်းကျောင်း၏မြေအချို့ ကို
ဝန်ထမ်းဟောင်းတစ်ဦးမှဝယ်ယူခဲ့သည့်အချိန်မှစတင်၍ဝန်ထမ်းနှင့်ရွာသားများမသင့်မတင့်ဖြစ်ခဲ့ကြသည်မှာယနေ့ ထိဖြစ်
ပြီးစည်းမဲ့ကမ်းမဲ့စည်းပျက်ကမ်းပျက်
ကျောင်ထဲတွင်နေသောဝန်ထမ်းများကြောင့်နှစ်စဉ်တိုင်းညဘက်၌ခဲပစ်မှုအမြဲဖြစ်
လေ့ရှိပါသည်။ယခုအခါမကြာမီရက်မျာ
အတွင်းကမိဘများနှင့်ပြဿနာဖြစ်ပြီး
နောက်ပိုင်းတွင်ပြောင်းရွှေ့ သွားကြပြီ
ဖြစ်သော်လည်းဝန်ထမ်းဟောင်းမှာဆက်
လက်နေထိုင်လျှက်ရှိပါသည်။
   လုပ်သားမှာလည်းကိုယ်တိုင်အလုပ်မဆင်းဘဲဇနီးအားအစားထိုးစေခိုင်းနေပြီး
ကလေးများမှာအိမ်သာရေ သောက်ရေ
သန့် ရှင်းရေး အိမ်သာဆေးတို့ ကိုနေ့ စဉ်
လုပ်ကိုင်နေရပါသည်။
   ၂၀၁၂   ၂၀၁၃ ပညာသင်နှစ်က
ကျောင်းဆောင်သစ်ရသည်ကိုရွာသားများသိရှိဝမ်းသာစေရန်ပြည်သူ့ လွှတ်တော်
ရေးရာကော်မတီအတွင်းရေးမှူးတစ်ဦ
ကိုယ်တိုင်လာရောက်ခဲ့သည်ကို
ကျေင်ထဲသို့ ပညာရေးမှူးအမိန့် ဖြင့်ဝင်ရောက်ခြင်းမပြုခဲ့သောကြောင့်
ကျောင်းထဲ၌ဝန်ထမ်းများစည်းပျက်ကမ်းပျက်နေထိုင်သည့်ကိစ္စကျောင်းမြေအလွဲသုံးစားလုပ်ထားမှုကိစ္စတို့ ကိုမြင်တွေ့ ခွင့်မရသွားသည်ကိုရွာသားများက
စိတ်မကောင်းဖြစ်ကြရသည့်အပြင်
ဥပဒေပြုရေးအာဏာအုပချုပ်ရေးအာဏာ
ရှိသူများကိုပင်မထေမဲ့မြင်လုပ်သောဝန်ထမ်းများကြောင့်ကျေးရွာဖွံဖြိုးမှုမရှိဖြစ်ခဲ့ကြရခြင်းကိုဝမ်းနည်းစွာခံစားနေကြရပါသည်။နိုင်ငံတော်မှဆောက်ပေးသည့်ကျောင်းဆောင်သစ်ဆောက်လုပ်ရာတွင်လုပ်အားပေးဆိုလျှင်မကြားချင်သောလူထုကို
ကျောင်းအုပ်မှလုပ်အားပေးဆင့်ခေါ်ခဲ့ပါသည်။နိုင်ငံတော်မှငွေကြေးချပေးပြီး
ကန်ထရိုက်နှင့်ဆောက်လုပ်သည်ကို
အဘယ့်ကြောင့်လုပ်အားပေးဆင့်ခဲ့သနည်း။
    ဗုဒ္ဓဘာသာကိုကိုးကွယ်ပြီးဗဟုသုတနည်းပါးသောကျေးလက်လူထုအပေါ်ဗိုလ်ကျ
စိုးမိုးနေသောမူလတန်းအဆင့်ဝန်ထမ်း
များ၏အကြောင်းကို  အဖျောက်နယ်မြေ
ကျောင်းများအားလုံး၏အကြောင်းကို
ဆက်၍ဆက်၍ဖော်ပြသွားပါမည်။

           ရွာသားလေး

အမြင့်ကျောင်းကျေးရွာ
ငါးလာချောင်းအုပ်စု
အဖျောက်မြို့ 
တိုက်ကြီးမြို့ နယ်
၁၄/ဇလန( နိုင် ) ၀၄၃၅၈၆
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment