Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 28 November 2013

သံတွဲမြို့မှာဒီလိုပဲရှိကြလား ၁၅၀၀တန်ဆင်းကဒ်အကြောင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

သံတွဲမြို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ
ဝန်
ကြီးဌာန မြန်မာ့သစ်လုပ်ငန်း  ဒုတိယ
အ ထွေထွေမန်နေဂျာ ရုံးမှ simcard
များ မဲနှိုက်မှုမရှိဘဲကြီးစဉ်ငယ်လိုက်
ဝေယူနေကြပါတယ်။
     မ.ဆ.လ ခေတ်က စနစ်ဆိုး စရိုက်
ဆိုး အကျင့်ဆိုးတွေ မ ပျောက်ပျက်ပဲ
ကျန် ရှိနေ သေးကြောင်းသက်သေပြ
နေသလိုပါပဲ။
       2013.July လမှာ ဒုတိယအ ထွေ
ထွေမန်နေဂျာ(ပြည်/ဂျာ)  2013.Aug
လမှာ လက်ထောက်မန်နေဂျာ(အုပ်/စီ) 2013.Sept  လမှာရုံးစာရေးကြီး
2013.Oct လမှာတော့ ကြားကောင်း
ရုံ ဟန်ပြမဲနှိုက်ပြီး ရုံးထဲကဝန်ထမ်း
တွေပဲဝေယူကြတာပါပဲ။
            အဓိက ပြောချင် တာက တော့
Simcard တွေနဲ့ပတ်သက်ပြီး မြန်မာ
ပြည်အနှံ့သတင်းတွေကြားနေရ ပေမဲ့
စစ်ဆေးသူမရှိ ကြီးကြပ်သူမဲ့ သလိုအ
ရေးယူဆောင် ရွက်ခြင်းမျိုးလည်း မ
ကြားမိပါဘူး။ဆိုလိုတာက ၁၅၀၀ ကျပ်
တန်ကိစ္စလေးတောင် ပွင့်လင်းရိုးသား
မှုမရှိရင် ဒီထက်မကတန်ဘိုးကြီးမား
တဲ့တာဝန်ဝတ္တရားတွေ ဆိုရင်.?။           
                                     တာတီး

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment