Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Monday 25 November 2013

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ နယ် စည်ဆွဲကျေးရွာအုပ်စုတွင်ဆည်ရေကိုကျေးရွာအုပ်ချုပ်ရေးမှူးဦးထွန်းအောင်မှပိတ်ထားခြင်းကိုသက်ဆိုင်ရာမှဖြေရှင်းပေးပါ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်
တညောင်မြစ်ရေတင်စီမံကိန်းလက်တံ
သုံးမြောင်းလယ်စိုက်တောင်သူများအောင်ရေလိုအပ်နေပါသဖြင့်
ကျေးရွာအုပ်ချုပ်ရေးမှူးဦးထွန်းအောင်ထံတင်ပြသော်လည်းတာဝန်ယူဆောင်ရွက်ပေးခြင်းမရှိပါ။၎င်းလက်တံ
သုံးမြောင်းသည် စည်ဆွဲအုပ်စုညောင်ပင်လှ( ၄၀၁)
ကွင်းတည်ရှိပါသည်။မြောင်းအရှည်မှာတစ်မိုင်ခန့်ရှည်ပြီး
မြောင်းအရင်းတွင်ပေ၂၀ခန့်ကျယ်ပြီးမြောင်းအနက်မှာ၆ပေခန့်နက်ပါသည်။မြောင်းဖျားမှာတော့၁၀ပေခန့်ကျယ်
ပြီးမြောင်းအနက်မှာ၃ပေခန့်နက်ပါသည်။ထိုလက်တံသုံးမြောင်းသည်ရှည်လျှားပြီးအဓိကအားထားရသောမြောင်း
ဖြစ်ပါသည်။ထိုမြောင်းကို
ကျေးရွာအုပ်ချုပ်ရေးမှူးဦးထွန်းအောင်မှမြေသားများဖို
့ပြီးပိတ်ထားခြင်းကြောင့်
ထိုမြောင်းဖျားသောက်လယ်သမားများမှာရေမရ၍အခက်အခဲကြုံတွေ
့နေရပါသည်။ရေပေးဝေရေးမှတာဝန်ယူ
သူဦးအောင်လင်းမှလည်းအုပ်ချူပ်ရေးမှူးဦးထွန်းအောင်၏ခွင့်ပြုချက်မရမချင်းမောင်းမပေးရဲပါ.။အုပ်ချုပ်ရေးမှူး
ဦးထွန်းအောင်ထံသွားရောက်မေးမြန်းသော်လည်းရေမောင်းမပေးနိုင်ကြောင်းခရိုင်
တိုင်းဒေသကြီးသွားပြော
သော်လည်းရေမောင်းခွင့်ရရှိမည်မဟုတ်ကြောင်းပြောပြသောကြောင့်လယ်သမားများရေအခက်အခဲကြုံတွေ.
နေရသည်ကိုကိုယ်တိုင်သွားရောက်မေးမြန်းသူ မခင်သ
မှပြောပြကြောင်းသိရှိရသည်။၂၄.၁၁.၁၃နေ့တွင်
လယ်သမားဒေါ်ခင်သသည် ၄၀၁ ကွင်းတည်ရှိရာမိမိလယ်သို့ သွားရောက်ကြည့်ပြီး ၄၀၁
ကွင်းပိုင်ညောင်ပင်လှရွာရာအိမ်မှူးဦးမောင်ဌေးထံသွားရောက်တင်ပြရာ
ရာအိမ်မှူးဦးမောင်ဌေးမှရွာလယ်ဇရပ်မှ
နေ၍ အသံချဲ့ စက်ဖြင့်ရွာကျော်ရပ်ကျော်အော်၍စပါးအောင်ရေလိုသူများလာရောက်စာရင်းပေးလိုက်ကြဟု
ကြေငြာသောကြောင့် အောင်ရေမရသောတောင်သူများလာရောက်စာရင်းပေးကြပါသည်။အောင်ရေမရသော
တောင်သူစာရင်းများမှာ------------
၁။ဒေါ်ခင်သ(ဘ)ဦးဘိုဝ ၄ ဧက ၂။ဒေါ်ခင်မာသန်း(ဘ)ဦးအောင်ကြည် ၂.၄၀ဧက ၃။ဒေါ်ပု
၁.၀၄ဧက ၄။ဦးကြည်စိုးထွန်း ၁.၂၅ဧက ၅။ဒေါ်စန်းစန်းမော်၁.၀၂ဧက
၆။ဦးကြာခိုင်၁.၂၅ဧက ၇။ဦးတင်ထွေး ၀.၇၅ ဧက ၈။ဦးကျော်အောင် ၁.၅၅ ဧက
၉။ဦးတင်အောင် ၀.၅၇ ဧက  ၁၀။ဦးကံအေး ၂.၁၆ ဧက ၁၁။ဦးတိုင်းအောင် ၀.၈၀ဧက
၁၂။ဦးအောင်ရွှေ ၁ ဧက
၁၃။ဦးမောင်ကံ ၂ဧက
စသည့်သူများဖြစ်ကြပြီးကျန်ရှိသူများလည်းများစွာရှိပါသေးသည်။ထိုလယ်သမားများအားလုံးတို့သည်အမှန်တကယ်အောင်ရေလိုအပ်လျှက်ရှိပါသော်လည်းယခုရေသွင်းရမည့်အရေးအကြီးဆုံးအောင်ရေသွင်းချိန်တွင်အောင်ရေမရရှိပါသဖြင့်ဆည်မြောင်းဝန်ကြီးဌာနနှင့်နိုင်ငံတော်သမ္မတကြီးသိရှိဖြေရှင်းနိုင်ပါရန်တင်ပြပေးပါခင်ဗျာ။
 
ဖုန်း၀၉၃၃၀၈၅၁၇၆  

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment