Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 9 November 2013

ညောင်လေးပင်မြို့နယ်တွင်မိဘနှင့်အတူ အသုဘအိမ် လိုက်သွားမိတဲ့ မူလတန်းကျောင်းသား(၂၀)ကျော်ကို ရိုက်ခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီးအတိုင်ခံရ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မုက္ခမူကျေးရွာမှာ အသုဘတစ်ခုရှိပါတယ်။ ကျေးရွာဖြစ်တာနဲ့အညီ (၃. ၁၁. ၂၀၁၃)တနင်္ဂနွေနေ့ညခင်းမှာ အသုဘအိမ်သို့ ဆွေစု၊ မျိုးစုနဲ့ ရပ်သူ ရပ်သားတွေသွားကြပါတယ်။အဲ့ဒီလို
သွားတဲ့သူတွေနဲ့ အတူ ကလေးတွေ (ကျောင်းသားတွေ)လည်း ပါသွားကြပါတယ်။အသုဘအိမ်ထုံးစဉ်ဖဲဝိုင်းလည်းရှိပါတယ်။
           (၄-၁၁-၂၀၁၃) တနင်္လာနေ့ ကျောင်းဖွင့်တော့ မူလတန်းကျောင်းအုပ်ဆရာမကြီးဒေါ်ဌေးဌေးက ' ညက အသုဘအိမ် ဖဲဝိုင်းသွားတယ်ဆိုတဲ့အမှုနဲ့" သူငယ်တန်း၊ ပထမတန်း၊ဒုတိယတန်း ကျောင်းသားလေး (၂၂)ယောက်ကို ရိုက်ပါတော့တယ်။ ဒီကလေး(၂၂)ယောက်ဟာ ဖဲမရိုက်တတ်၊၀င်မရိုက်သလို ရှိတဲ့ဖဲဝိုင်းကိုသွားမကြည့်တဲ့ကလေးတွေလဲ ပါပါတယ်။အဲ့ဒီအပြင် သေဆုံးသူရဲ့ အမျိုးအရင်းခေါက်ခေါက်(မြေး)တွေလဲ အရိုက်ခံရတဲ့ထဲမှာ ပါနေပါတယ်။တစ်ရွာလုံးက အံသြတကြီးနှင့်စိတ်မကောင်းဖြစ်ကုန်ကြပါတယ်။
           အရိုက်ခံရတဲ့ ကျောင်းသားတွေထဲက ပထမတန်းကျောင်းသား မောင်စိုးလင်းထက် (၇)နှစ်ရဲ့ ဖခင် ကိုကျော်ကျော်စိုးက ဒီဖြစ်စဉ်နှင့်ပက်သက်ပြီး(၅-၁၁-၂၀၁၃)နေ့မှာ ပညာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးအပါအ၀င် ပညာရေးဌာနအဆင့်ဆင့်ကိုတိုင်စာတွေပေးပို့ပြီး တိုင်ကြားခဲ့ပါတယ်။တိုင်ကြားပြီးနောက်နေ့မှာ ကိုကျော်ကျော်စိုးမပါဘဲ ကျန်အရိုက်ခံရတဲ့ ကျောင်းသား(၂၁) ယောက်ရဲ့ မိဘတွေကိုခေါ်ပြီး ဒီလိုဆုံးမတာကို လက်ခံနိုင်ကြောင်း လက်မှတ်ထိုးခိုင်းပါတယ်။အချို့ကတော့ လက်မှတ်မထိုးခဲ့ကြပါဘူး။
           အသုဘအိမ် ဆွေမျိုးမိဘနဲ့ သွားမိတာအပြစ်လား? ဆိုတဲ့စိတ်တွေနဲ့ နုနယ်သေးတဲ့ မူလတန်းကျောင်းသားလေးတွေကို စိတ်ဒဏ်ရာရအောင် ရိုက်ခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးကို တစ်ရွာလုံးနီးပါးက မကျေမနပ်ဖြစ်နေကြပါသည်။ ပညာရေးလောကက ဒီလို အနိဌာရုံဖြစ်ရပ်တွေကို ပြတ်ပြတ်သားသားအရေးယူနိုင်ဖို့သမာသမတ်ကျတဲ့ စစ်ဆေးအရေးယူမှုမျိုးဆောင်ရွက်ပေးစေလိုကြောင်း တင်ပြလိုက်ရပါတယ်။

ကိုကျော်ကျော်စိုးနှင့်ကျောင်းသားမိဘများ
မုက္ခမူကျေးရွာ၊Ph(09-428041665)
 ပေးပို့သူ                       အောင်သွင်ဦး
                  အမှတ်(၈၉)၊၀ါဏိဇ္ဇလမ်း၊ညောင်လေးပင်မြို့။   

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။          
                                                                                                                    

No comments:

Post a Comment