မန္တလေးစသည့်ယာဉ်လိုင်းအမျိုးမျိုးမှနေပြည်တော်သို့ပြေးဆွဲပေး မည့်
သတင်းသည်အားရဖွယ်ရာဖြစ်သည်။သာမန်အားဖြင့် မြို့မဈေးအဝေး
ပြေးဂိတ်၊သပြေကုန်းအဝေးပြေးဂိတ်၊ဘောဂသိဒ္ဓိအဝေးပြေးဂိတ်တို့
သာဆိုက်ရောက်ပါသည်။ဆီးဂိမ်းအတွက်ပြင်ဆင်ထားမှုများ ၊ လုပ်
သာဆိုက်ရောက်ပါသည်။ဆီးဂိမ်
ဆောင်ထားမှုများသည်အာဆီယံနိုင်ငံများအလယ် နှစ်(၄၀)ကျော်မှ
ကျင်းပခွင့်ရသည့်မြန်မာနိုင်ငံဧ။်ဂုဏ်ကိုပြရမည့်ပွဲဆိုလျှင်မမှားနိုင်ပေ။
အားကစားသမားများကလည်းနိုင်ငံဂုဏ်ဆောင်နိုင်ရေးအပြင်းအထန်
လေ့ကျင့်နေကြပေသည်။
သို့သော်ကျနော်ဧ။်စိတ်ထဲသိရှိ တင်ပြဆောင်ရွက်စေလို၍ဒီစာ
ဖြင့်ရေးသားတင်ပြလိုက်ရပါသည်။နေပြည်တော်သည် မြို့တော်သစ်
ဝန်ထမ်းမြို့တော်သို့ကျနော်ရောက်ခဲ့ပါသည်။ရန်ကုန်အဝေးပြေးဂိတ်မှ
နေပြည်တော်သို့ Express ကားကြီးများဖြင့်သက်တောင့်သက်တာသွား
ခဲ့ပါသည်။မြို့မဈေးအဝေးပြေးဂိတ်သို့ရောက်သည်နှင့် တပြိုင် နက်
ကျနော်ခံစားရသည်မှာဘုရားဖူးရန်ဇောင်းတန်းသို့တက်လာသောအ
ခါပန်းသည်များပန်းရောင်းရန်လုခေါ်သကဲ့သိုဆိုင်ကယ်ကယ်ရီအငှား
သမားများအငှားတက္ကစီသမားများက ကားအဆင်းပေါက်တွင်အလု
အယက်စုပြုံခေါ်ယူမှုများကြောင့်ခရီးသည်များဆင်းရခက်ခဲပြီးစိတ်အ
နှောင့်အယှက်ဖြစ်စေရပါသည်။ကားပေါ်မှတိုးဝှေဆင်းခဲ့ပြီးခရီးဆောင်
အိတ်များယူရန်အောက်တွင်လည်းကူညီယူဆောင်ပေးသလိုဖြင့်ခရီး
သည်ကိုခေါ်ဆောင်မှုများကလည်းစိတ်ပျက်စရာပင်ဖြစ်သည်။
ကျနော်သွားရောက်ခဲ့သောနိုင်ငံများတွင်ထိုကဲ့သို့သော
အပြုအမူမျိုးမတွေ့ရပါ။ကျနော်လည်းတစ်ပါတ်ခန့်မြို့မဈေးအဝေးပြေး
ဂိတ်တွင်လေ့လြာ့ကည့်ရာ တက္ကစီတွင် နှစ်မျိုးရှိကြောင်း(အငှားကား
သမားတစ်ဦးပြောပြချက်အရ )နံပါတ်အနက်များဖြင့်ဆွဲသော Black
Taxi နှင့်နံပါတ်အနီဖြင့်ဆွဲသောTaxiဟုသိခဲ့ရပါသည်။မည်သည့်
အတွက်ကြောင့်Black Taxi ဆွဲကြလဲထပ်မေးမြန်းကြည့်ရာဌာနဆိုင်
ရာရုံးများသို့ဝင်ရထွက်ရလွယ်ကူစေရန်(Taxi အနီများလုံခြုံရေးအရ
ဝင်ခွင့်ခက်ခဲသဖြင့်)ကိုယ်ပိုင်ကားပုံစံဖြင့်ငှားစီးကြရမှBlack Taxiအငှား
များပေါ်ပေါက်လာကြောင်း၊တစ်ချိုကားအနက်များမှာဌာနဆိုင်ရာများဧ။်
ပါတ်သက်မှုဖြင့်အငှားဆွဲကြကြောင်း၊တချိုမှာလိုင်စင်အနက်ဖြင့်အနက်
ဖြင့်အနီဆွဲကြကြောင်း၊တချိုမှာဆိုင်ကယ် ကယ်ရီသမားများကတက်
မောင်းသူများရှိကြောင်း၊ညဘက်ဆိုလျှင်ပိုဆိုးကြောင်းမည်သည့်ရဲများ
မှလဲဖမ်းစီးခြင်းမရှိကြောင်း၊ဆိုင်ကယ်များမှာလဲ ဆိုင်ကယ်ဦးထုတ်
မဆောင်းဘဲသုံးယောက်နှင့်ပစ္စည်းများတင်ဆောင်မောင်းနှင်ကြ
ကြောင်း(ကျနော်မျက်မြင်ကိုယ်တွေ့)ပြောပြချက်များအရသိရပါသည်။
လွှတ်တော်ရုံး၊သမ္မတရုံး၊ဝန်ကြီးဌာနပေါင်းစုံရုံးစိုက်ရာ
နေပြည်တော်ဧ။်အစည်ကားဆုံးနေရာဖြစ်သည့်မြိုမဈေးနေရာလိုမျိုး
တွင်ထိုကဲ့သို့ဖြစ်ပေါ်နေခြင်းသည်ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို
စနစ်တကျဆောင်ရွက်နေသော ရန်ကုန်နှင့်တခြားစီဟုကျနော်တွေး
မိသည်။
သို့ဖြစ်ပါ၍ စနစ်တကျလေးဖြင့်ပြုပြင်ထိမ်းသိမ်းဆောင်ရွက်
လိုက်မည်ဆိုလျှင်ဆီးဂိမ်းအမှီတိုးဝှေ့ဆင်းသက်လုခေါ်မှုဘေးမှလွတ်
မြောက်နိုင်မည်ဟုသက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ခရိုင်/မြိုနယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊နေပြည်တော်စည်ပင်သာယာရေး
ကော်မတီ(အထူး ဈေးများဌာန)၊ပြည်သူ့ရဲတပ်ဖွဲ့(ယာဉ်ထိမ်း)၊တို့ကို
အရေးယူဆောင်ရွက်ပေးပါရန်တင်ပြလိုက်ရပါသည်။
့
မောင်ခရီးသည်
>>>>>>>>>>>>>>>>>>>>>
မောင်ခရီးသည်
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
No comments:
Post a Comment