Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 10 November 2013

အိမ်မက်များကို အကောင်ထည့်ဖော်သူနှင့် မျက်စိနားများကို ပိတ်ထားသူ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အိမ်မက်များကို အကောင်ထည့်ဖော်သူနှင့် မျက်စိနားများကို ပိတ်ထားသူ
ကျွန်တော်တို့ သည် နိုင်ငံတာဝန်များကို ထမ်းဆောင်နေသာ ၀န်ထမ်းများဖြစ်ပါသည်။ နိုင်ငံတကာတွင် နိုင်ငံတစ်ခု၏ တိုးတက်မှူ ဖြစ်စဉ်တွင် ပညာရေးဝန်ထမ်း များသည် အဓိက ပင်မအဖွဲ့အစည်းဖြစ်သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသာ ပညာရေးပြုပြင်ပြောင်းလဲမှူ ဖြစ်စဉ်တွင် ၀န်ထမ်း များသည် နိုင်ငံရေးပါတီများနှင့် ကင်းရှင်းစွာ နေထိုင်ပါမည်ဟု ဂတိစားတစ်ခွန်းကို လက်ကိုင်ထားပြီး ၀န်ထမ်းများ၏ လွတ်လပ်စွာ လေ့လာသင်ယူခွင့်များဆွေးနွေးမှူ
များ ပြောဆိုခွင့်များကိုရူံးခဲ့ရခြင်းနှင့် ကြုံတွေ့နေရပါသည်။ နိုင်ငံဝန်ထမ်း များ ဟု ဆိုထားသော်လည်း ပညာရေးဖော်ဆောင်နေသာ ကျောင်းဆရာ/မများသည် ပိုပြီး ပြည်သူများနှင့် အထိအတွေ့များဆုံးသော လူများဖြစ်ပါသည်။ ပြောင်းလဲလာသောခေတ်တွင် ပညာရေးဝန်ထမ်းများသည် တာဝန်ချိန်အပြည့်၊အလုပ်မနားရအောင် လုပ်ကိုင်နေရေသာ အလုပ်အရှူုပ်ဆုံးလူသားများဖြစ်ပါသည်။ စနေ၊တနင်္ဂနွေ မနားရ၊အဖိတ်၊ ဥပုဒ် မနားရ အချိန်နှင့်တပြေးညီ အခုလုပ်ပေးပါ၊ဒီနေ့အရောက်ပေးပါ စသည်ဖြင့် မြို့နယ် အဆင့်ရော အောက်ခြေကျောင်းအုပ်များပါ၊ တိုက်နယ်ခေါင်းဆောင်များပါမကျန် အလုပ်လုပ်နေရပါသည်။ ဆိုင်ကယ်မရှိ ဖုန်းမရှီသော ခေတ်က ဆိုလျှင် ဘယ်လိုတွေ ဆောင်ရွက်ကြပါသလဲလို့ တွေးကြည့်စေချင်ပါသည်။ အထက်အကြီးအကဲများ ၏ လက်သုံးစကားအရ မင်းတို့ အလုပ် မလုပ်နိုင်ရင်ထွက် နောက်မှာူလုပ်ချင်တဲ့သူတွေအများကြီးတန်းစီစောင့်နေကြတယ် ၊ လစာနည်းတယ် ၊ နယ်တွေရောက် လို့ အသွားနိုင်ဘူး ၊ဘာဖြစ်တယ်ညာဖြစ်တယ် လာမေပြာနဲ့ မှန်ပါသည် ကျွန်တော်တို့ ပညာရေးဝန်ထမ်းများသည် ပေးတာယူကျွေးတာစား ပြန်မပြောနဲ့ အလုပ်ပြှုပ်သွားမယ် တိုင်လိုက်ရမလား စသည့်ဖြင့် ပြည်သူလူထု၏ ထိုးနှက်သော စကားများသည် ၀န်ထမ်းတစ်ယောက်အဖို့ မတန်သော စကားလုံးများဖြင့်တိုက်ခိုက်ခံနေရပါသည်။ပညာရေး ကိုအဆင့်မြင့် ဖော်ဆောင်နေသာ ခေတ်တွင် နိုင်ငံတော်မှ ကျောင်းများသို့ ထောက်ပံငွေများ ပစ္စည်းများကို ပေးဝေသော်လည်း ပညာရေးဖော်ဆောင်နေသာ ၀န်ထမ်းများသည် မှန်ကန်စွာမသုံးစွဲသောကြောင့် သင်ယူနေသာ ကလေးများ ကျောင်းဖွံဖြိုးရေး လုပ်ငန်းများ တိုးတက်သင့်သေလာက်မတိုးတက်ခြင်းများနှင့် တွေ့ကြုံနေရပါသည်။ နိုင်ငံတော်မှ ချမှတ်ဖော်ဆောင်နေသော အကျင့်ပျက်ခြစား
လတ်ပေးလတ်ယူတိုက်ဖျက်ရေး  အဓိကအချက်ကို
လက်ရှိအချိန်အထိအောင်မြင်စွာ ဖော်ဆောင်နိုင်ခြင်းမရှိသေးပါလားဟုထင်မြင်မိပါသည်။ ပညာရေးဝန်ထမ်းများသည် လစာမလုံလောက်သောကြောင့် အပြင်စီးပွားရေးကို ရာသီပေါ်အလိုက် ရောင်းဝယ်လုပ်ကိုင်နေရပြီး သင်ကြားရေးလုပ်ငန်းများ နောင်နှေးကြံကြာနေရမှူများတွေ့ကြုံနေရပါသည်။ လစာများကို တိုးမြင့်ပေးနေသ်ာလည်း ကုန်ဈေးနူန်း တိုးတက်မှူ ကြောင့် ပေးသောငွေနှင့် သုံးစွဲသောငွေကြေးမလုံလောက်ပါ။ အောက်ခြေပညာရေးဝန်ထမ်းသည် အနည်းဆုံးလစာ ၁ သိန်းရသည်စိုပါစို့ ၊ ကျောင်းနှင့်နီးသော ၀န်ထမ်းသည် တစ်နေ့လျှင် ထမင်းစားစရိပ် ၃ နှပ်စာ အတွက် ၂၀၀၀ ကျပ်ကုန်ကျမည်ဖြစ်သည်။ မီးမရှီသော ဒေသရှိ ၀န်ထမ်းများအဖို့ ဖေယာင်းတိုင် ဖိုး ဘက်ထ္ထရီ အားသွင်းခများ ထွေထွေစရိတ်များ သာရေး နာရေးများကို ထည့်တွက်လျှင် တစ်လအဖိုအလျှင်မ်မီအောင်ဖြစ်နေရပါသည။် မလုံလောက်တော့ ပညာရေးငွေပေဒသာပင် မှ ချေးငွေများ ၊နီးစပ်ရာ ချေးငွေပေးသော လူများထံမှ ငွေတိုးယူရင်း အကြွေးသံသရာလည်နေသာ ကျောင်းဆ၇ာများဖြစ်ကြပါသည်။ ချွင်းချက် ချမ်းသာသော ကျောင်းဆရာ/မ များမှအပ သာမန် ၀န်ထမ်းများအားလုံး ထို့အတူပင်ဖြစ်ပါသည်။ နိုင်ငံတော်မှ အောက်ခြေတွင် ဖြစ်နေသာ အကြောင်းအရာများကို သိရှိပါသနည်း။ လက်ရှိဖြစ်နေသာ ပညာရေးဝန်ထမ်းများ ၏ဖြစ်ရပ်များကို မည်သို့တင်ပြရမည်နည်း။
ဝန်ထမ်းတစ်ဦးအတွက်  လစာငွေသည် လုံလောက်သည်ဟုယူဆရသော်လည်း
မိသားစုနှင့်အတူနေသော ဝန်ထမ်းတစ်ဦးအဖို့
ဘယ်လို့နည်းနဲ့မှ လောက်ဌာမည်မထင်ပါ။
        ထပ်မံပြီး တင်ပြလိုတာကတော့
သက်ဆိုင်ရာ ပညာရေးမှူး များကို နိုင်ငံတော်မှ
ထောက်ပံ့သော အသေးသုံးငွေကြေးများကို
စနစ်တကျ စီမံခန့်ခွဲရေး သင်တန်းများ   လတ်စားမှူ
ပပျောက်ရေး   တိုင်တန်းသူရှိပါက ထိရောက်သော
အရေးယူဆောင်ရွက်မှူများ  ကို အချိန်မဆွဲပဲ
ဘက်မလိုက်ပဲ ထိရောက်စွာ ဆောင်ရွက်ပေးပါရန်
ဆွေးနွေးတင်ပြအပ်ပါသည်။
             ဆွေးနွေး အကြံပြုချက်များကိုလည်း
မေးပို့ပြီးအကြံပြုပေးစေလိုပါသည်။
yarzarko.236@gmail.com
    လေးမျက်နှာ

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment