Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 8 November 2013

''အချိုရည်လား ....ပင်လယ်ရေလား...၀ိုးတ၀ါး အမြှပ်လည်းထ ပုပ်လည်းပွ ဒေါပုံ မှာ ရတဲ့ ရေလား >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

'' ရန်ကုန်တိုင်းဒေသကြီး၊ဒေါပုံမြိ
ု့ နယ်အတွင်းသို့ စည်ပင်သာယာရေးကော်မတီ မှ ရေပိုက်လိုင်းများမှ သောက်သုံးရေများ ပေးပို့လျက်ရှိသော ရေများမှာ ယခုနိုဝင်ဘာလအတွင်း တွင် မြို့နယ်နေပြည်သူများ ရေများ ရယူနေစဉ် ထွက်လာသောရေများမှာ အမြှပ်တွေ ကထ ပုပ်စော်ကနံ ရေနံဆီအလား မည်းညစ်ညစ် တွေသာဖြစ်သောကြောင့် ပြည်သူတွေမှာ စက်ရေတွင်းပိုင်ဆိုင်သော လူများမှ ၀ယ်ယူသုံးစွဲနေရပါသည်။ထိုရေများကို ပေးပို့သော စည်ပင်သာယာရေးကော်မတီမှာ ရေနံတူးတဲ့လုပ်ငန်းလုပ်ဆောင်နေသည်အလား ရေပိုက်အတွင်းသို့ သောက်သုံးရေများမလွှင့်ပဲ ရေနံဆီများ လွှတ်ပေးသည် ထင်ရ၊ တကယ် ရေနံဆီ ဆို တော်သေးသည်။ယခုအခါ သောက်လည်းမရ ၊သုံးလည်း မကောင်း၊ အလွန်းဆိုးရွားနေပါသည်။ထို့ကြောင့် ဒီအကြောင်းအရာကို စည်ပင်သာယာမှ တာဝန်ရှိသူများ လာရောက်ပြီး ရေများကို အရသာစမ်းဖို့ ဖိတ်ခေါ်ချင်ပါသည်။ရေသည် လူသားတွေအတွက် အလွန်အရေးကြီးပါသည်။ထို့ကြောင့် သောက်သုံးရေနှင့်အညီ အမြန်ဆုံး သောက်လို့လည်းရ ၊သုံးလို့လည်းကောင်းမဲ့ ရေများသာ ပေးပို့ပေးစေချင်ပါသည်ဟု တင်ပြလိုက်ရပါသည်။
 
 မြို့နယ်နေ တာဝန်သိသူတစ်ဦး
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment