Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 5 November 2013

မြို့ခံပြိုင်ဘက်ဒါဘီပွဲနဲ့၂၀၁၅ချန်ပီယံ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

   ဥရောပခရီးစဉ်များ၌ဒေါ်အောင်ဆန်း
စု
ကြည်ပြောကြားခဲ့သည့်စကားများအားကိုးကားလျက်ဆောင်းပါးရှင်ဆရာဇော
ဇော်အောင်ရဲ့အဝေးကွင်းမှာခြေစွာ
တယ် အိမ်ကွင်းဂိုးတွေလာပါလိမ့်မယ်
ဆိုတဲ့ဆောင်းပါးအားဖြည့်စွက်ဆွေ
နွေးချင်ပါတယ်။
       ဆရာဇော်ဇော်အောင်ပြောခဲ့သလိုပါပဲ
ဥရောပခရီးစဉ်တိုင်းမှာဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရကိုအဝေးကွင်းမှာ
ဂိုးတွေတဒိုင်းဒိုင်းသွင်းပြနေခဲ့ပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့ကပြင်
သစ်နိင်ငံမှာစစ်တပ်ရဲ့အထူးနေရာကို
ရပ်ဆိုင်းဖို့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့လိုကြောင်းနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုမှမပြင်ဆင်ဘူးဆိုရင်
၂၀၁၅ ရွေးကောက်ပွဲဟာလည်းတရား
မျှတမှုမရှိနိင်ဘူး  လို့ပြောခဲ့ပြီးအဝေး
ကွင်းမှာတစ်ဂိုးရအောင်ယူနိင်ခဲ့ပါ
တယ်။ဒီလိုအဝေးကွင်းမှာခြေစွာလွန်း
ထက်မြက်လွန်းလို့လည်း ကမ္ဘာကျော်
ဘောလုံးသမားကြီးရောဘတ်တိုဘက်
ဂီယိုမှ ဒေါ်အောင်ဆန်းစုကြည်ဟာ
ခန္ဓာကိုယ်သေးသွယ်ပေမယ့်စိတ်
ဓာတ်ကအရမ်းခိုင်မာအားကောင်း
တယ် ဘောလုံးဝေါဟာရနဲ့ပြောရရင်
သူ့ကိုဘယ်သူမှလူကပ်ပြီးကစားလို့မရဘူးလို့ထုတ်ဖော်ပြောကြားခဲ့ရပါတယ်။
        အဝေးကွင်းတွေမှာပရိသတ်တွေ
ကျေနပ်ခဲ့ရပေမဲ့အိမ်ကွင်းဂိုးတွေလာပါ
လိမ့်မယ် ဆိုတာတော့ယုံကြည်ဖို့
တော်တော်အားစိုက်ရမယ်ထင်ပါ
တယ်။၁၉၉၀ခုနစ် ဖလားလုပွဲမှာဆိုရင်
ဂိုးသမားမရှိတဲ့ဂိုးပေါက်တောင်ဘေး
ထွက်သွားအောင်ဂိုးကံခေခဲ့ပါတယ်။
အိမ်ကွင်းမှာဘယ်လောက်ဂိုးပေါက်
ပျောက် ဂိုးကံခေသလဲဆို ရခိုင်ကွင်း
မှာနှစ်ဘက်အသင်းသားတွေအချင်း
ချင်းရိုက်ကြပုတ်ကြသတ်ကြဖြစ်နေချိန်
မှာကိုယ့်အသင်းကိုဖိပြီးတစ်ဘက်အသင်းကိုမျက်နှာလိုက်သလိုဖြစ်ခဲ့လို့
အိမ်ကွင်းမှာမျက်နှာပျက်ခဲ့ရပါတယ်။
ရခိုင်ပွဲမှအရှိန်မသေသေးဘူး လက်ပ
တောင်းပွဲမှာကိုယ့်ဂိုးကိုယ်သွင်းမိခဲ့လို့
အားပေးတဲ့ပရိသတ်တော်တော်များများအသင်းပြောင်းအားပေးခဲ့ကြတဲ့အခြေအနေထိအောင်ဖြစ်သွားခဲ့ပါတယ်။
        ဒေါ်အောင်ဆန်းစုကြည်ဟာတစ်
ဦးကောင်းတစ်ယောက်ကောင်းကစား
သူတော့မဟုတ်ပါဘူး။အသင်းလိုက်စု
စည်းကစားတဲ့နေရာမှာလူအိုခြေတက်ကစားသမာျး
တွေနဲ့ပဲကစားနေရပြီးပွဲချိန်ပြည့်ကစားနိင်ဖို့ကစားသ
မားကောင်းတွေလိုအပ်နေတာတော့
အမှန်ပါ။ဒါပေမဲ့တခါတရံမှာ ပေးစရာ
လူမရှိလို့တစ်ကိုယ်တော်ခြေစွမ်းပြခဲ့
ရတဲ့ပွဲစဉ်တွေလဲရှိခဲ့ပါတယ်။နည်းပြ
နဲ့ကစားသမားအဖြစ်တစ်ဦးတည်းလုပ်
နေရတဲ့အပြင်ပြည်ပကို ထွက်ပြီးကျွမ်း
ကျင်မှုနဲ့စွမ်းရည်တွေကိုပြသပြီးနိင်ငံ
တစ်ကာဆုတံဆိပ်များကိုလည်းရယူ
နေရပါသေးတယ်။
        အသင်းလိုက်စုစည်းမှုလေ့ကျင့်
ချိန်နည်းပါးရတဲ့အထဲပွဲထွက်စာရင်းမှာမပါလို့မကြည်လင်တဲ့သူတွေလည်း
အသင်းမှာရှိနေပါတယ်။ဒီလိုပြသနာ
တွေနဲ့၂၀၁၅ အိမ်ကွင်းဒါဘီပွဲကိုဘယ်
လိုကန်ကြမှာလဲ။ပြိုင်ဘက်အသင်းကိုလည်းကြည့်လိုက်ဦး  နစ်ပေါင်းများစွာ
ချန်ပီယံနေရာက မဖယ်ရအောင်နည်း
အမျိုးမျိုးသုံးပြီးဥာဏ်ဖြူဥာဏ်ဝါဥာဏ်
နက်တွေနဲ့ပရိယာယ်ကြွယ်တဲ့စုစည်းမှုကောင်းတဲ့အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါ
တယ်။နည်းပြကလည်းအင်္ဂလန်ကဘု
ရင်မကြီးပေးတဲ့ ဆာ ဘွဲ့လောက်များ
စိတ်မဝင်စားတဲ့စကြာဝဌာဘွဲ့လောက်
ရသင့်နေပြီဖြစ်တဲ့နည်းပြအဖွဲ့ရှိနေတဲ့
အသင်းပါ။သူလည်းမြို့ခံ ကိုယ်
လည်းမြို့ခံဖြစ်တဲ့ဒါဘီပွဲစဉ်မှာဒိုင်
လူကြီးမင်းများရဲ့ဘက်မလိုက်တဲ့စွမ်းဆောင်ရည်ရအောင်လည်းကြိုးစားရဦး
မှာဖြစ်ပါတယ်။မြို့ခံပြိုင်ဘက်နစ်သင်း
ရဲ့ပထမခြေစမ်းပွဲကို၂၀၁၂ခုနစ်မှ
ကျင်းပခဲ့ပြီးတောင်ပြိုကမ်းပြိုအနိင်ရရှိ
ခဲ့တာကိုတွေ့ခဲ့ရပါတယ်။ဒါပေမဲ့ဒီရ
လဒ်ဟာတစ်ဘက်အသင်းရဲ့နည်းဗျူ
ဟာမြောက်စမ်းသပ်ခဲ့တာဆိုရင်တော့
၂၀၁၅အခင်းအကျင်းဟာခုလောက်မ
လွယ်လောက်ဘူးလို့ကြိုတင်မှန်းဆနိင်
မှာဖြစ်ပါတယ်။.
    ဒါကြောင့်တရားမျှတတဲ့ပွဲကောင်း
တစ်ပွဲဖြစ်ဖို့ဆိုရင်စုစည်းမှုကောင်း
အောင်အချိန်ပေးလေ့ကျင့်ရပါတော့
မယ်။အံမဝင်သူများနဲ့ခိုကပ်နေသူများကိုရဲရဲဝင့်ဝင့်ဖယ်ရှားပြီး လူစားဝင်မဲ့ ကစားသမားများရဲ့အရည်အသွေးကို
ပိုမိုကောင်းမွန်အောင်လုပ်ရပါမယ်။
ဒါတွေအားလုံးထက်အရေးကြီးဆုံးက
တော့ ၁၂ ယောက်မြောက်ကစားသ
မားလို့အားလုံးသတ်မှတ်ထားတဲ့ပရိ
သတ်များရဲ့အားပေးမှုပါပဲ။ဒါကြောင့်
အိမ်ကွင်းဂိုးတွေရနိင်ဖို့ဆိုရင်ပရိသတ်
အားလုံးရဲ့လက်ခုပ်သံရဖို့ လိုအပ်
ကြောင်းနဲ့ဒီလိုပြင်ဆင်မှုကောင်းနိင်မှ
သာ ၂၀၁၅ ချန်ပီယံဖလားလုပွဲဟာ
အသက်ဝင်ပြီးလှပမြိုင်ဆိုင်လိမ့်မယ်
လို့ယုံကြည်ကြောင်းတင်ပြလိုက်ရပါ
တယ်။     

ပြည်သူတစ်ဦး

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။    

No comments:

Post a Comment